သင့်ရဲ့ကိုယ်နေဟန်ထားကို မလှမပဖြစ်​စေတဲ့ နေ့စဉ်အမူအကျင့် ၈ ခု

သင့်ကိုယ်ဟန်အနေအထားက သင့်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ ကိုယ်ဟန်အနေအထား ကောင်းမွန်ခြင်းက ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေတဲ့အပြင် စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျနေသူတွေကိုတောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း လုပ်နေတဲ့ အချို့အရာလေးတွေက ကိုယ်နေဟန်ထားပုံစံကို ထိခိုက်စေနိုင်ပါတယ်။

၁။ crossbody bagတွေ လွယ်ခြင်း

သင့်ခန္ဓာကိုယ်အပေါ် ဟန်ချက်မညီတဲ့အိတ်ကို ၀တ်ဆင်ခြင်းက သင့်ကိုယ်ဟန်အနေအထားအတွက် အဆိုးရွားဆုံး ထိခိုက်စေပါတယ်။ အကြီးမားဆုံးအိတ်ကို ရွေးချယ်တာက ဆွဲဆောင်မှုရှိနိုင်ပေမယ့် သယ်သွားတဲ့ အိတ်က ပိုလေးလေ သင့်ကျောရိုးအတွက် ပြဿနာတွေက ပိုကြီးလေပါပဲ။

သင့်ရဲ့အိတ်ကို ပခုံးတစ်ဖက်တည်းမှာ ထမ်းပြီး အလေးချိန်ကို ညီညီညာညာ မဖြန့်မိတဲ့အခါ လည်ပင်းနဲ့ ပခုံးတွေမှာ ထိခိုက်ဒဏ်ရာရတာ၊ ကိုယ်ဟန်အနေအထား ညံ့ဖျင်းတာနဲ့ ခေါင်းကိုက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ သင်အကြိုက်ဆုံး crossbody အိတ်ကို ချက်ချင်းမသုံးတော့ဖို့ အဆင်သင့် မဖြစ်သေးရင်တော့ သတိရတိုင်း အိတ်ကိုပြောင်းသုံးပါ။

၂။ ဖုန်းကို နားနှင့်လည်ပင်းကြားမှာ ညှပ်ပြော‌ခြင်း

ရုံးမှာ အလုပ်တစ်ဖက်နဲ့မို့ လက်ကမအားတာကြောင့် ဖုန်းကို လည်ပင်းနဲ့နားကြားညှပ်ပြီး ပြောဖူးမှာပါ။ တကယ်တော့ ဒီလိုပြောတာက သင့်နောက်ကျောကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုလုပ်တာက သင့်အပေါ်ပိုင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းမာစေပြီး သင့်ကိုယ်ဟန်အနေအထားကို ထိခိုက်စေနိုင်ပါတယ်။

၃။ Laptopနဲ့ အလုပ်လုပ်ခြင်း

Laptopဆိုတာက ဘယ်နေရာကိုမဆို သယ်သွားလို့ရပြီး သင်လုပ်ချင်တဲ့ အလုပ်မှန်သမျှကို မြန်မြန်ပြီးမြောက်စေပါတယ်။ ဒါပေမယ့် မျက်နှာပြင်ကို ငုံ့ငုံ့ကြည့်ခြင်းက သင့်ကြွက်သားတွေကို ပင်ပန်းနွမ်းနယ်စေပြီး နောက်ဆုံးမှာ ကိုယ်ဟန်အနေအထားကို ထိခိုက်စေပါတယ်။

အမှန်တကယ်တော့ မျက်နှာပြင်ကို အမြဲငုံ့ကြည့်ခြင်းက သင့်လည်ပင်းမှာ ပေါင် 60 အလေးချိန်ကို တင်ထားသလိုမျိုး သင့်ကြွက်သားတွေကို တင်းမာစေနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

၄။ ကော်ဖီထဲကို နို့ထည့်သောက်ခြင်း

နို့နှင့် အခြားနို့ထွက်ပစ္စည်းတွေကို ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားပေမယ့်လည်း အဲ့အစားအစာတွေက ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ရှိရင်းစွဲ ခါးနာခြင်းကိုတောင် ပိုမိုဆိုးရွားစေတဲ့အပြင် သင့်ကိုယ်ဟန်အနေအထားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က ခါးနာခြင်းကို အားပေးပြီး နာတာရှည် ခါးနာခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။

၅။ မီးပူတိုက်ခြင်း

မီးပူတိုက်ခြင်းက သင့်ကိုယ်ဟန်အနေအထားကို ပိုဆိုးသွားစေနိုင်ပါတယ်။ မကြာခဏ မီးပူတိုက်တတ်ရင်တော့ ကျောကုန်းမြင့်တဲ့ ကုလားထိုင်ကို သုံးပြီး ခါးနောက်မှာ မျက်နှာသုတ်ပုဝါကို လိပ်ထားပြီး သုံးသင့်ပါတယ်။

၆။ စောင်အထူကြီးတွေနဲ့ အိပ်ခြင်း

စောင်အထူကြီးတွေနဲ့ အိပ်တဲ့အခါ စောင်ရဲ့ ဝိတ်က လူကိုဖိထားတာကြောင့် ကြွက်သားတွေကို ပိုသုံးရပါတယ်။ ဒါကြောင့် ခါးနာခြင်းကို ရှောင်ရှားဖို့ ပိုမိုပေါ့ပါးတဲ့ စောင်တွေကိုသာ ရွေးချယ်ပါ။

၇။ တင်းနစ် ကစားခြင်း

တင်းနစ်ပုံမှန်ကစားခြင်းက ကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ လက်ကို အဆက်မပြတ် ရွေ့လျားနေတဲ့အခါ ကျောရိုးမှာရှိတဲ့ အဆစ်တွေကို ဖိစီးစေပြီး ခါးနာစေနိုင်ပါတယ်။ တင်းနစ်ကစားရင်းရတဲ့ဒဏ်ကို ကာကွယ်ဖို့ စုပ်ယူမှုရှိတဲ့ ဖိနပ်ကို ဝတ်ဆင်ပါ။ ပွဲမစမီနှင့် ပွဲအပြီးမှာ အကြောသေချာလျှော့ပါ။

၈။ မျက်မှန်တပ်ခြင်း

ပုံစံမကျတဲ့ မျက်မှန်ကိုတပ်ခြင်းက သင့်လည်ပင်းကို ထိခိုက်လာစေပြီး သင့်ကိုယ်ဟန်အနေအထားကို ထိခိုက်စေနိုင်ပါတယ်။ မှန်ဘီလူးရဲ့ အောက်ပိုင်းကိုကြည့်ဖို့ ခေါင်းကို အောက်ငုံ့လိုက်တဲ့အခါ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းကျပ်မှုဖြစ်စေပါတယ်။ နာကျင်မှုကို ကာကွယ်ဖို့ သင့်ဦးခေါင်းကို သိပ်မငုံ့ပဲ လမ်းလျှောက်ပုံမှန်အနားယူပါ။

Zombie (lovemedia)

Post a Comment

0 Comments