အချို့တွေက အိမ်မွေးတိရစ္ဆာန်တွေကို မွေးနေ့လက်ဆောင်အဖြစ် ပေးကြလေ့ရှိပါတယ်။ အချို့တွေက ခွေးလေး၊ ကြောင်လေးတွေကို မိသားစုဝင်အဖြစ် ယူဆထားကြပါတယ်။ မိသားစုဝင်တွေ ဖြစ်လာတဲ့အခါ သူတို့ကို အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုလာပါပြီ။
တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကို ပုံမှန်သွားရောက်ခြင်း၊ ဘေးကင်းတဲ့ ပြင်ပကစားကွင်းတစ်ခုမှာ ကစားပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ လက်ဆောင်တွေပေးခြင်းစတဲ့ နည်းတွေကိုလည်း လုပ်ပေးဖို့လိုပါတယ်။
၁။ တက်ကြွအောင်ထားပါ
ထိုက်တန်တဲ့ အရေးပါမှုကို ပြသပါ။ သင့်အိမ်မွေးတိရိစ္ဆာန်တွေကို တက်ကြွရွှင်လန်းစေခြင်းက ခန္ဓာကိုယ်၊ စိတ်နှင့် ဉာဏ်ရည်ဉာဏ်သွေး ပွင့်လန်းလာစေပါတယ်။ ထပ်လောင်းအပိုဆု တစ်ခုအနေဖြင့် သင့်ခွေးလေးလမ်းလျှောက်ခြင်းကြောင့် ပုံမှန်လေ့ကျင့်ခန်း လုပ်ဖြစ်သွားပြီး ပိုမိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
၂။ အိမ်ထောင်ဖက်ရှာပေးပါ။
တစ်ခါတစ်ရံမှာ အိမ်မွေးတိရိစ္ဆာန်တွေကို အမေနှင့် ဖေဖေဖြစ်လာတာကို မြင်ချင်ကြပါတယ်။ သူတို့သာ အဖေ၊ အမေဖြစ်လာရင် သင်ကိုယ်တိုင်ကလည်း အဘိုးအဘွားဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့လိုချင်တဲ့ဆန္ဒရှိလာပြီဆိုရင် ဖြည့်ဆည်းပေးလိုက်ပါ။
ဒါပေမယ့် သင့်အိမ်မွေးတိရိစ္ဆာန်တွေရဲ့ ကျန်းမာရေးအတွက် သူတို့ငယ်ငယ်ရွယ်ရွယ် ဖြစ်နေချိန်မှာပဲ ရှာပေးပါ။ ဒါက အချို့သောရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး အဖော်ရှာဖို့ အိမ်ကနေ ထွက်ပြေးတာကို တားဆီးပြီးသားလည်း ဖြစ်စေပါတယ်။
၃။ နှိပ်ပေးပါ။
လူတွေမှာသာမကပဲ ခွေးလေး၊ ကြောင်လေးတွေလည်း အနှိပ်ခံသင့်ပါတယ်။ တစ်နေ့တာ ခုန်ခြင်း၊ ကစားခြင်းနှင့် ပိုးကောင်ငယ်တွေနောက်က ပြေးလိုက်ခြင်းကြောင့် ကြွက်သားတွေ တောင့်တင်းနိုင်ပါတယ်။ ဒါကြောင့် နှိပ်ပေးတာက သင့်ကြောင်ရဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။
၄။ အိမ်မွေးတိရိစ္ဆာန် အကာအကွယ်တွေ လုပ်ထားပါ။
ကြောင်တွေနှင့် ခွေးတွေက စပ်စုတတ်ကြပါတယ်။ သူတို့တွေ တွေ့တဲ့ဟာတွေကို ဝါးစားတတ်ကြပြီး ခြစ်မိတာတွေလည်းရှိပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းအားလုံးနဲ့လည်း ကစားတတ်ကြပါတယ်။ သင့်အိမ်မွေးတိရစ္ဆာန်ရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို ဖယ်ရှားသင့်ရင် ဖယ်ရှားသင့်သလို ပြောင်းလဲသင့်ရင်လည်း ပြောင်းလဲပစ်ရပါမယ်။
၅။ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ပုံမှန်သွားပါ။
လိုအပ်ရင် တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ အချိန်မရွေး သွားရောက်ကြည့်ရှုပြီး ပုံမှန်စစ်ဆေးမှုတွေကို လုပ်ပါ။ တစ်ခါတစ်ရံမှာ အိမ်မွေးတိရစ္ဆာန်လေးတွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့်လည်း လူသားတွေ မသိနိုင်တဲ့ နောက်ခံအခြေအနေတွေ ရှိနိုင်ပါတယ်။
စောစီးစွာသွားရောက်ပြသခြင်းက သာမန်မဟုတ်တဲ့ အရာတစ်ခုကို တွေ့ရှိနိုင်တာကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေ ကျန်းမာအောင် ဂရုစိုက်လို့ရပါတယ်။
၆။ သွားတိုက်ပေးပါ။
လူတွေလိုပဲ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့သွားတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သူတို့ကို သွားတိုက်ပေးရမှာတော့ ထင်သလောက် မလွယ်ကူပါဘူး။ သင် ၇ ရက်လောက် သွားတိုက်ပေးဖို့ ကြိုးစားကြည့်ပါ။
ဒါက ရှည်လျားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်နိုင်ပြီး စိတ်ရှည်သည်းခံမှုများစွာ လိုအပ်ပါတယ် ကြောင်တွေ၊ ခွေးတွေကလည်း အငြိမ်မနေပဲ ရုန်းနိုင်ပါတယ်။ တကယ်လို့ သင်မအောင်မြင်ရင်လည်း သွားကိုသန့်ရှင်းစေတဲ့ ဝါးစရာတွေကျွေးပြီး လုပ်ပေးနိုင်ပါတယ်။
၇။ ပြုစုပေးပါ။
သင့်ခွေးကို ရေချိုးပေးခြင်း ဒါမှမဟုတ် ဆံပင်ညှပ်ဖို့ ဆိုင်ခေါ်သွားပေးခြင်း၊ သင့်ကြောင်ရဲ့ အမွေးတွေကို ပွတ်တိုက်ပေးခြင်းနှင့် သူတို့ရဲ့ လက်သည်းတွေကို ညှပ်ပေးခြင်းက သင့်အိမ်မွေးတိရစ္ဆာန်ကို ဂရုစိုက်မှုဖြစ်စေပါတယ်။
ဆံပင်ညှပ်ဆိုင်ကနေ ထွက်လာတဲ့အခါ လူသစ်တစ်ယောက်လို ခံစားရတာကို သင်သတိထားမိပါသလား။ အရေပြားယားယံခြင်းနှင့် ရောဂါပိုးမွှားတွေကိုလည်း တားဆီးကာကွယ်ပေးသလို ဖြစ်စေပါတယ်။ သင့်အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ဒီလိုတူညီတဲ့ ခံစားချက်ရှိစေဖို့ ကူညီပေးပါ။
၈။ အိမ်ထဲမှာပဲ ထားပါ။
သင့်ကြောင်ရဲ့အသက်ကို ရှည်စေမယ့် အလွယ်ဆုံးနည်းလမ်းတစ်ခုကတော့ သူ့ကို အိမ်ထဲမှာ ထားခြင်းပဲဖြစ်ပါတယ်။ အပြင်ထွက်ရင် အမြန်မောင်းတဲ့သူတွေ၊ ခွေးတွေဆီကနေ ဒဏ်ရာဒဏ်ချက်တွေရနိုင်ပြီး ရောဂါတွေသယ်ဆောင်တဲ့ ပိုးမွှားတွေလည်း ပါလာနိုင်ပါတယ်။
အပြင်မှာ လတ်ဆတ်တဲ့လေကို တကယ်ရှူချင်တယ် ဆိုရင်တော့ သင်ကိုယ်တိုင် လိုက်ပို့ပေးတာပဲဖြစ်ဖြစ်၊ အိမ်ခပ်ကြီးကြီးတစ်ခုဆောက်ပေးတာပဲဖြစ်ဖြစ် လုပ်ပါ။
၉။ ဘာကြိုက်တတ်လဲဆိုတာကို ကြည့်ပါ။
ခွေးအကောင်ရေ ၅၀၀၀၀ ကို လေ့လာမှုလုပ်ပြီးတဲ့အခါ ပိန်တဲ့ခွေးတွေက ဝတဲ့ခွေးတွေထက် ပျမ်းမျှအားဖြင့် ၁၈-၂၄ လအထိ ပိုနေနိုင်ကြပါတယ်။ ကြောင်တွေမှာလည်း အတူတူပါပဲ။
သင့်ကြောင်က မိမိကိုယ်ကို ထိန်းချုပ်နိုင်ရင် အများကြီး ချကျွေးတာ အဆင်ပြေပေမယ့်လည်း အများကြီးစားပြီးတိုင်း အိပ်နေရင်တော့ ဂရုစိုက်ပါ။ ကိုယ်အလေးချိန် ပြောင်းလဲမှုတိုင်းကို အမြဲစောင့်ကြည့်နေပါ။
Zombie (lovemedia)
0 Comments