သစ်ခွပန်းလေးတွေဟာ အမျိုးသမီးတွေ သဘောကျတဲ့ ပန်းတွေထဲက တစ်မျိုးအပါအဝင်ပါပဲ။ သင့်အိမ်က သစ်ခွပန်းလေး မရှင်နိုင်တော့တဲ့အခါ လွှင့်မပစ်လိုက်ပါနဲ့။ သစ်ခွပန်းလေးတွေ ပြန်လည်ရှင်သန်လာနိုင်အောင် စိုက်ပျိုးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
အဆင့် ၁
သစ်ခွပန်းကို အိုးထဲကနေ ထုတ်လိုက်ပြီး အမြစ်တွေကို ကြည့်ပါ။ အမြစ်အဖြူရောင်နဲ့ အမြစ်အစိမ်းရောင်ကိုလည်း ရှာကြည့်ပါ။ အပင်မှာ အရွက်တွေမရှိတော့ရင်တောင် အမြစ်တွေက အစာချက်နိုင်ပါတယ်။ အမြစ်တွေက ရေနဲ့လေထံကနေ အာဟာရတွေစုပ်ယူပြီး အပင်ကို ရှင်သန်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
အဆင့် ၂
သစ်ခွပန်းကို ရေညှိုနဲ့စိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ အမြစ်မှာ မှိုစွဲတာကို ရေညှိက ကာကွယ်ပေးပါတယ်။ တစ်ချိန်တည်းမှာပဲ ရေညှိက အပင်ကို အစိုဓာတ်လည်း ထိန်းသိမ်းပေးထားပါတယ်။
- သစ်ခွအိုးနဲ့ အမြင့်ချင်းတူ သို့မဟုတ် သစ်ခွအိုးထက် အနည်းငယ်မြင့်တဲ့ ဖန်ကရားလေးတစ်ခုကိုယူပါ။
- ဖန်ကရားထဲကို RO ရေအနည်းငယ်ထည့်ပါ။
- အဲဒီနောက် ရေညှိကို ၃ လက်မမြင့်အောင် ထည့်ပါ။
- သစ်ခွရဲ့ အမြစ်အခြောက်တွေကို ကတ်ကြေးနဲ့ညှပ်ပြီး ရေညှိတွေပေါ်မှာ တင်လိုက်ပါ။ ရေညှိထဲကို သစ်ခွအမြစ်တွေ မမြှုပ်လိုက်ပါနဲ့။ မြှုပ်လိုက်ရင် အမြစ်တွေ ပုပ်သွားတတ်ပါတယ်။ ကတ်ကြေးက ညစ်ပတ်နေလို့လည်း မဖြစ်ပါဘူး။
- ဖန်ကရားလေးကို နေရောင်ခြည်ရတဲ့ ပြူတင်းပေါက်တစ်ခုမှာ တင်ထားပါ။ နှစ်ပတ်လောက်ကြာရင် သစ်ခွဖူးအသစ်လေးတွေ စတင်ထွက်လာတာကို တွေ့ရမှာပါ။
အဆင့် ၃
နှစ်ပတ်လောက်ကြာပြီးနောက်မှာတော့ သစ်ခွအသစ်လေးတွေက ထွက်လာပါပြီ။ သစ်ခွအသစ်လေးတွေကနေ အရွက်လေးတွေ၊ အမြစ်လေးတွေ ထွက်လာပြီဆိုရင် အပင်ဟောင်းကနေ ခွဲလိုက်ပါ။
- အိုးတစ်ခုထဲမှာ RO ရေအနည်းငယ်ထည့်ပါ။
- အဲဒီထဲမှာ ရေညှိအနည်းငယ်ထပ်ထည့်ပါ။
- သစ်ခွပင်ပေါက်လေးကို အိုးထဲ ထည့်လိုက်လို့ရပါပြီ။ အချိန်အနည်းငယ်စောင့်ပြီးရင် သစ်ခွပင်ပေါက်လေးက အရွက်တွေ၊ အမြစ်တွေ ပေါက်လာပါတယ်။
အဆင့် ၄
အချိန်တွေ ကြာပြီးနောက် သစ်ခွပင်ပေါက်လေးတွေကနေ အမြစ်ကြီးတွေ ထွက်လာပါပြီ။ အမြစ်က အဖြူရောင်လည်း ထွက်သလို အစိမ်းရောင်လည်း ထွက်ပါတယ်။ အပင်ကနေ အစိမ်းရောင်အရွက်လေးတွေလည်း ထွက်လာပါပြီ။
အဲဒီအချိန်ဆိုရင် သစ်ခွကို အိုးအကြီးထဲမှာ ထပ်မံပြောင်းရွှေ့ပြီး စိုက်လို့ရပါပြီ။ သစ်ခွပင်ကို စိုက်ပြီးရင် ရေကို အပတ်တိုင်းလောင်းပေးဖို့ လိုပါတယ်။ ရေပိုက်ခေါင်းက ရေတွေမှာ ကလိုရင်းတွေ ပါတာကြောင့် သစ်ခွပန်းကို မလောင်းသင့်ပါဘူး။
အဆင့် ၅
ဒီအချိန်မှာတော့ သစ်ခွပင်ကို နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာမှာ ထားပါ။ အရှေ့ဘက်လှည့်ထားတဲ့ ပြူတင်းပေါက်မှာ ထားတာတော့ အကောင်းဆုံးပါ။ မြောက်ဘက်ကျတဲ့ ပြူတင်းပေါက်မှာထားရင်တော့ သစ်ခွပန်းပင်အတွက် နေရောင်ခြည်ကောင်းကောင်း မရနိုင်ပါဘူး။
အဆင့် ၆
သစ်ခွပင်အတွက် နေ့ဘက်မှာဆိုရင် ၇၅ ဒီဂရီဖာရင်ဟိုက်နဲ့ ညဘက်မှာဆိုရင်တော့ ၆၅ ဒီဂရီဖာရင်ဟိုက် လိုအပ်ပါတယ်။ အမြင့်ဆုံးအပူချိန်ကတော့ ၉၀ ဒီဂရီဖာရင်ဟိုက်ထက် မပိုသင့်ပါဘူး။ ဒါ့အပြင် ၃၀ ဒီဂရီဖာရင်ဟိုက်အောက်လည်း မထားသင့်ပါဘူး။
Zombie (lovemedia)
0 Comments