ကလေးတွေမှာလည်း အရိုးပြဿနာတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးမှ ဖြစ်တာမျိုး မဟုတ်ပဲ ကလေးအရွယ်မှာလည်း ဖြစ်တတ်ကြပါတယ်။ အစောပိုင်း အရွယ်မှာ ဒါမျိုးဖြစ်တာ သဘာဝပါပဲ။ ဒီလိုဖြစ်လာရင် မိဘတွေဘက်က အရမ်းကြီးကြောက်စရာ မလိုပါဘူး။
၁။ ခြေခွင်ခြင်း
ဒီလိုဖြစ်တာမျိုးမြင်ရင် မိဘအများစုက ထိတ်လန့်တတ်ကြပါတယ်။ တစ်သက်လုံး ဒီလိုပုံစံပဲ လျှောက်သွားမှာလားဆိုပြီး တွေးပူတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ သဘာဝပါပဲ။
ခြေထောက်တွေက ဘေးကို ကားထွက်နေတာကလွဲပြီး အန္တရာယ် မရှိပါဘူး။ ပြီးတော့ သင့်ကလေးရဲ့ လမ်းလျှောက်ခြင်း ဒါမှမဟုတ် တွားသွားခြင်းစွမ်းရည်ကို မထိခိုက်စေပါဘူး။
၂။ ခြေဖဝါးပြားခြင်း
ကလေးအရွယ်မှာ အရိုးအဆစ်တွေက စတင်ဖွံ့ဖြိုးလာတာကြောင့် ခန္ဓာကိုယ်က ပုံစံမကျသေးပါဘူး။ ကလေးရဲ့ အရိုးတွေနှင့် ကြွက်သားတွေ ဖွံ့ဖြိုးလာပြီး ပိုမိုပျော့ပျောင်းသွားတဲ့အခါမှာ ဒီအခြေအနေက နာကျင်ခြင်း ဒါမှမဟုတ် အန္တရာယ်မဖြစ်ဘဲ အလိုအလျောက် ပျောက်သွားပါတယ်။
၃။ ဒူးနှစ်ဖက်က ကပ်နေခြင်း
ကလေးတွေမှာ အဖြစ်များတဲ့ ခြေထောက် ပြဿနာကတော့ ဒူးကပ်နေခြင်းပဲ ဖြစ်ပါတယ်။ ကလေးရဲ့ ခြေထောက်တွေက အတွင်းဘက်ကို ကွေးသွားပြီး ဒူးနှစ်ဖက်က ထိနေပါတယ်။ ပြီးတော့ ခြေချင်းဝတ်တွေကြားမှာလည်း ကွာဟချက်တွေ ဖြစ်သွားပါတယ်။
များသောအားဖြင့် ကလေးအသက် 7-8 နှစ်ရောက်တဲ့အခါမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အဲ့အချိန်ထိ မပျောက်သေးရင်တော့ ဒါဟာ ရောဂါတစ်ခုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
၄။ ခိုခြေထောက်ပုံစံ ဖြစ်ခြင်း
ခိုခြေထောက်ပုံစံ ဖြစ်တယ်ဆိုတာက ကလေးရဲ့ခြေဖဝါးက အတွင်းပိုင်းကို လိမ်နေတဲ့ အခြေအနေကို ဆိုလိုတာပါ။ အချိန်ကြာလာတာနဲ့အမျှ ပျောက်သွားတတ်ပြီး ကလေးက ပုံမှန်အတိုင်း လမ်းလျှောက်တတ်သွားပါတယ်။
ဒါပေမယ့် ကလေးက ဒီအကျင့်ကို ဖောက်ဖျက်ဖို့ အချိန်ယူရနိုင်တာကြောင့် ပြောင်းလဲမှုက နှေးကွေးပါတယ်။ ပြဿနာက သူ့အလိုလို အဆင်မပြေသွားဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
၅။ ခြေထောက်တွေ ကားထွက်နေခြင်း
ဒီပြဿနာကတော့ အပေါ်မှာ ပြောခဲ့တာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကလေးရဲ့ခြေထောက်တွေက အပြင်ကိုကွေးသွားပြီး လမ်းလျှောက်တဲ့အခါမှာ ကားကားကြီး ဖြစ်နေတတ်ပါတယ်။
ဒီအခြေအနေဟာလည်း သူ့အလိုလို ပြုပြင်သွားပြီး အသက်ကြီးလာတာနှင့်အမျှ ပျောက်သွားပါတယ်။ မနာကျင်ပေမယ့်လည်း အချို့သောကလေးတွေမှာ ဒူး ဒါမှမဟုတ် တင်ပါးတွေမှာ မသက်မသာ ခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ
ဒီလိုမျိုးတွေ ဖြစ်လာရင် သူ့သာသူ ပျောက်ကင်းသွားတာက များပါတယ်။ စိတ်သိပ်ပူစရာမလိုပဲ အခြေအနေကို စောင့်ကြည့်ပါ။ စောင့်ကြည့်ရင်းနဲ့ ဘာမှထူးခြားမလာပဲ ပိုဆိုးလာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါပဲ။
Zombie (lovemedia)
0 Comments