ဘဝမှာ အမြဲတမ်းပျော်ရွှင်နေဖို့ အဓိကသော့ချက် (၈) ချက်

စိတ်ချမ်းသာသူက အောင်မြင်တယ်လို့ ပြောလေ့ရှိကြပါတယ်။ ပျော်ရွှင်မှုက တစ်စုံတစ်ယောက်ပေါ်မှာ မှီတည်ပြီးမှ ရတယ်ဆိုရင် အဲဒီပျော်ရွှင်မှုက ကြာရှည်မခံပါဘူး။ ပျော်ရွှင်မှုကို သင်ကိုယ်တိုင်ပဲ ဖန်တီးယူနိုင်တာပါ။

အဲဒါကြောင့် စိတ်ပညာ နည်းလမ်းတွေအရ ဘဝတစ်လျှောက်လုံး စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကျေးဇူးတင်တယ်ဆိုတဲ့ စကားပြောဖို့ ဝန်မလေးသင့်ပါဘူး။

တစ်စုံတစ်ယောက်ကို စိတ်ပါလက်ပါ ကျေးဇူးတင်စကား ပြောလိုက်တဲ့အခါ serotonin ဟော်မုန်းက ထွက်လာပါတယ်။ အဲဒီဟော်မုန်းက စိတ်ဓာတ်ကျတာတွေကို ကုစားပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်စကားပြောတာက သိပ္ပံနည်းအရလည်း ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။

၂။ ပြဿနာတွေအားလုံးကို စုပြုံပြီး စဉ်းစားတာကို ရှောင်ကြဉ်ပါ။

ဦးနှောက်က ပြဿနာအတွက် အဖြေကို ရှာတွေတဲ့အခါ မရပ်မနား ရှာဖွေတာကြောင့် ပင်ပန်းလာပါတယ်။ ဦးနှောက်က စုပြုံပြီးစဉ်းစားရတဲ့အခါ မှန်ကန်တဲ့အဖြေကိုလည်း ရှာမတွေ့နိုင်ပါဘူး။ ပြဿနာတစ်ခုချင်းစီကိုသာ အာရုံစိုက်ပြီး အဖြေရှာတာက ပိုပြီးအဆင်ပြေစေပါတယ်။

၃။ ခံစားချက်တွေကို ဖွင့်ချလိုက်ပါ။

အချို့တွေက စိတ်ခံစားချက်တွေကို တစ်ယောက်တည်းမျိုသိပ်ပြီး ခံစားတတ်ကြပါတယ်။ အဲဒီအခါ မကောင်းတဲ့အမြင်တွေသာ ပိုပိုများလာပြီး ထွက်ပေါက်က ရှာမရဖြစ်လာတတ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို ယုံကြည်ရသူကို ရင်ဖွင့်တာ သို့မဟုတ် စာအုပ်တစ်အုပ်ထဲမှာ ရေးချထားတာတွေက စိတ်ထဲ ပေါ့ပါးသလို ခံစားသွားရစေမှာပါ။

၄။ ချစ်ခင်ရသူတွေကို ပွေ့ဖက်ပါ။

ပွေ့ဖက်ခြင်းက ဝမ်းနည်းစိတ်ဓာတ်ကျနေတဲ့စိတ်ကို ကုစားပေးနိုင်ပါတယ်။ ပွေ့ဖက်တဲ့အခါ ပျော်ရွှင်မှုဟော်မုန်းလို့ခေါ်တဲ့ အောက်ဆီတိုစင် ဟော်မုန်းထွက်လာပါတယ်။ ချစ်ခင်ရသူတွေနဲ့ ခဏခဏပွေ့ဖက်လေ စိတ်ထဲမှာ ပျော်ရွှင်မှုတွေ ပိုတိုးလာလေပါပဲ။ ပျော်ရွှင်မှုဟော်မုန်းကြောင့် စိတ်ဖိစီးမှုတွေက လျော့ပါးသွားပါတယ်။

၅။ အဆက်မပြတ် လေ့လာပါ။

ဦးနှောက်အတွက် အသစ်အသစ်သော လေ့လာမှုတွေက လိုအပ်ပါတယ်။ ဦးနှောက်က အမြဲအလုပ် လုပ်နေရတဲ့အခါ တိုးတက်လာပြီး အတွေးကောင်းတွေ ပိုပြီးထွက်လာပါတယ်။ ဒါ့အပြင် တွေးခေါ်စဉ်းစားမှုတွေကို ထပ်ခါထပ်ခါလုပ်တဲ့အခါ dopamine ဟော်မုန်းထွက်လာပါတယ်။

အဲဒီဟော်မုန်းက စိတ်ကိုပျော်ရွှင်စေပါတယ်။ အဲဒါကြောင့် ပျော်ရွှင်ချင်တဲ့အခါ မသိသေးတဲ့အရာတွေ၊ ပတ်ဝန်းကျင်အသစ်တွေ၊ ဘာသာစကားအသစ်တွေ စတဲ့အသစ်အဆန်းတွေကို လေ့လာလိုက်ပါ။

၆။ အားကစားလုပ်ပါ။

ကိုယ်လက်လှုပ်ရှားမှုရှိတဲ့အခါ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါတယ်။ မာရသွန်လိုမျိုး ပြေးနေမှ အားကစားမဟုတ်ပါဘူး။ သာမန်လမ်းလျှောက်တာမျိုးကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။ လေကောင်းလေသန့်ရတဲ့ နေရာမျိုးမှာ လမ်းလျှောက်ပြီးပြန်လာတဲ့အခါ စိတ်ပေါ့ပါးသွားပြီး အတွေးအသစ်တွေလည်း ထွက်ပေါ်လာမှာပါ။

၇။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးမဝတဲ့အခါ စိတ်မကြည်လင်ဘဲ အမြဲလိုလို ဒေါသတွေ ထွက်နေမှာပါ။ ဒါ့အပြင် အိပ်ချိန်နည်းတာက ကျန်းမာရေးကိုလည်း များစွာ ထိခိုက်စေပါသေးတယ်။ အဲဒါကြောင့် စိတ်ကြည်လင်နေဖို့ တစ်နေ့ကို အိပ်စက်ချိန် ၆ နာရီကနေ ၈ နာရီအထိ ရှိသင့်ပါတယ်။

၈။ ပျော်ရွှင်ရမယ့်အရာတွေကိုပဲ စဉ်းစားပါ။

အကျိုးမရှိဘဲ စိတ်ညစ်ရမယ့်အရာတွေကို ခဏခဏစဉ်းစားတာက စိတ်ပင်ပန်းရုံ၊ အာရုံနောက်ရုံပဲ ရှိမှာပါ။ စိတ်ထဲမှာ အကြည်ဓာတ်ရှိဖို့အတွက် စိတ်ကို ကြည်လင်အောင် ထားပါ။ မကြာခင်သွားရမယ့် ခရီးအကြောင်း၊ သူငယ်ချင်းနဲ့တွေ့ရမယ့်အကြောင်း၊ လက်ဆောင်ရမယ့်အကြောင်း စတဲ့ပျော်ရွှင်ရမယ့် အကြောင်းအရာတွေကိုသာ စဉ်းစားပါ။

Zombie (lovemedia)

Post a Comment

0 Comments