ကြွက်နို့တွေကို သဘာဝအတိုင်း ဖယ်ရှားဖို့ နည်းလမ်း (၈) ခု

ဘဝတစ်လျှောက်လုံး အရေပြားပြဿနာများစွာကို ကြုံတွေ့နိုင်ရပေမယ့် ကြွက်နို့ပေါက်တာကတော့ အဆိုးဆုံးပါ။ အန္တရာယ်တော့ မရှိပေမယ့် လက်တွေ၊ လက်ချောင်းတွေကြားမှာ ပေါက်တာက စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် ကြွက်နို့ပေါက်လာရင် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို love media ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

၁။ ပျားရည်

ပျားရည်မှာက ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ viscosity မြင့်မားတာကြောင့် ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ အတားအဆီးတစ်ခုအဖြစ်လည်း သက်သေပြခဲ့ပါတယ်။ ကြွက်နို့ကို ပျားရည်နဲ့ အုပ်လိုက်တဲ့အခါ အောက်ဆီဂျင်တွေ ဆုံးရှုံးသွားပြီး ရလဒ်အနေနဲ့ ကြွက်နို့ ပျောက်သွားပါလိမ့်မယ်။

- ဆေးဘက်ဆိုင်ရာမှာ အသုံးပြုတဲ့ ပျားရည်ကို ရွေးချယ်သင့်ပါတယ်။

- ကြွက်နို့ပေါ် မူတည်ပြီးတော့ ပျားရည်အထူအပါးကို လိမ်းပေးပါ။ အနီးတစ်ဝိုက်မှာ ပိုလျှံနေတဲ့ ပျားရည်တွေကို သုတ်ပါ။

- ကြွက်နို့ကို ဖုံးအုပ်ဖို့နှင့် ပျားရည် ယိုစိမ့်ခြင်းမှ ကာကွယ်ဖို့ ပတ်တီးကို အသုံးပြုပါ။

- တစ်ညလုံးထားလိုက်ပါ။

- လိုအပ်သလို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ လုပ်လို့ ရပါတယ်။ ပြန်အသုံးမပြုခင် ပတ်တီးကို အရင်ဆေးကြောပါ။

၂။ ရေနွေးနွေးနဲ့ ပင်လယ်ဆား

မမြင်နိုင်တဲ့ ကြွက်နို့တွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ အလွန်ထိရောက်တဲ့ ကုသနည်း ဖြစ်ပေမယ့်လည်း လိုချင်တဲ့ရလဒ် ဖြစ်လာတဲ့အထိ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါလုပ်ရတာကြောင့် ဇွဲလုံ့လတော့ လိုအပ်ပါတယ်။

- ရေနွေးကို ဇလုံတစ်ခုထဲကို လောင်းထည့်ပါ။ ရေက 113°F နှင့် 120°F အကြားရှိဖို့တော့ လိုပါတယ်။

- ရောဂါပိုးရှိတဲ့နေရာကို မစိမ်ခင် ရေထဲကို ပင်လယ်ဆားကို အရင်ထည့်ပါ။

- ကြွက်နို့ပေါက်တဲ့အရေပြား ပျော့သွားတဲ့အထိ ၁၀-၁၅ မိနစ်ခန့် စိမ်ထားပါ။

- မကောင်းတဲ့ အရေပြားအလွှာတွေကို ခြစ်ထုတ်ပစ်ပါ။

- ကြွက်နို့ ထွက်လာဖို့ 2-3 လအထိ ကြာနိုင်တာကြောင့် စိတ်ရှည်ပါ။

၃။ နာနတ်သီး

နာနတ်သီးဖျော်ရည်မှာ အက်စစ်ဓာတ်မြင့်မားပြီး ကြွက်နို့ကို ချေဖျက်ပေးတဲ့ ပရိုတင်း-ချေဖျက်အင်ဇိုင်းဖြစ်တဲ့ ဘရိုမီလိန် ပါဝင်တာကြောင့် ကြွက်နို့တွေကို ဖယ်ရှားရာမှာ ကောင်းကောင်းကြီး အထောက်အကူဖြစ်ပါတယ်။

- နာနတ်သီးဖျော်ရည်ထဲမှာ ဂွမ်းတစ်ပိုင်းစိမ်ပြီး ပိုနေတဲ့အရည်တွေကို ညှစ်ထုတ်လိုက်ပါ။

- အားအရမ်းမသုံးပဲ ကြွက်နို့ပေါ်ကို ဂရုတစိုက်လိမ်းပေးပါ။

- ဂွမ်းစကို ပတ်တီးနဲ့ ပတ်ထားပါ။

- ၃-၅ မိနစ်လောက်ထားလိုက်ပါ။

- ရလဒ်ပိုမြန်စေဖို့ တစ်နေ့ကို 2-3 ကြိမ် ပြန်လုပ်ပါ။

၄။ ဒေလီယာ

ဒေလီယာက နွေဦးပေါက်ရာသီမှာ ပေါက်လေ့ရှိတဲ့ ပပင်ဖြစ်ပြီး တရုတ်နှင့် အရှေ့အလယ်ပိုင်းတိုင်းရင်းဆေးတွေမှာ အသုံးများပါတယ်။

- သဘာဝအတိုင်း ပေါက်ရောက်ပြီး ဓာတုဆေး မဖြန်းရသေးတဲ့ အပင်ကို ရွေးချယ်ပါ။

- ပန်းပွင့်တွေကို သေချာလေးခူးပါ။

- ရလာတဲ့ အရည်ကို ကြွက်နို့ပေါ်ကို ညှစ်ပါ။

ဒီနည်းလမ်းကို ၂ ပတ် သို့မဟုတ် ၃ ပတ်ခန့် သို့မဟုတ် ကြွက်နို့ပျောက်သည်အထိ ပြန်လုပ်ပါ။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ဗိုင်းရပ်စ်တွေကို သေစေနိုင်တဲ့ အာနိသင်တွေရှိတဲ့အပြင် ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ပြီးတော့ ကိုယ်ခံအားစနစ်က ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ ကူညီပေးတာကြောင့် ရှားစောင်းလက်ပတ်က ကြွက်နို့တွေကို ကုသဖို့ အတွက် အိမ်တွင်းဆေးကောင်း တစ်လက်ပါပဲ။

- ရှားစောင်းလက်ပတ်ပင်ကနေ တစ်ကိုင်းလောက်ကို ဖြတ်ထုတ်ပါ။

- တစ်ဝက်လောက်ဖြတ်ပြီး ကိုင်းထဲက ဂျယ်လ်ကို ခြစ်လိုက်ပါ။

- ဂျယ်လ်ကို ကြွက်နို့ပေါ်မှာ လိမ်းပါ။

- ပတ်တီးနဲ့ အုပ်ပြီး 5-10 မိနစ် ဒါမှမဟုတ် သက်သာလာတဲ့အထိ စောင့်ပါ။

- ၂ ပတ်ခန့်ကြာအောင် ပြန်လုပ်ပါ။

၆။ Vitamin C

ဗီတာမင် C က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် ဖျားနာမှုတွေကို တိုက်ဖျက်နိုင်တာကြောင့် အနာလည်း မြန်မြန်ကျက်စေပါတယ်။ ခန္ဓာကိုယ်က ကိုယ်တိုင်မထုတ်လုပ်နိုင်တာကြောင့် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။

- ဗီတာမင် C ကို ကြိတ်ချေဖို့ ဇွန်း ဒါမှမဟုတ် ဖန်ခွက်အောက်ခြေကို အသုံးပြုပါ။

- အမှုန့်ကို ဖန်ခွက်တစ်ခုထဲထည့်ပြီး ပျစ်ပျစ်လေးရတဲ့အထိ ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။

- ဂွမ်းတစ်ခြမ်းနဲ့ ဆေးကိုတို့ပါ။

- ကြွက်နို့ပေါ်မှာ ကပ်ပေးပါ။

- ပတ်တီးနဲ့ အုပ်ထားပါ။

- တစ်ညလုံးထားလိုက်ပါ။

- ကြွက်နို့ပျောက်တဲ့အထိ နေ့တိုင်းလုပ်ပေးပါ။

၇။ ပင်စိမ်း

ပင်စိမ်းက ဟင်းလျာတွေမှာ ထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့အပြင် အသုံးများဆုံး ဆေးဖက်ဝင်အပင်လည်း ဖြစ်ပါတယ်။ အပင်မှာ အစွမ်းထက် antioxidants နဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီတွေ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ပြီးတော့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။

- ပင်စိမ်းရွက် တစ်ခွက်စာ ⅓ ကို နူးအိလာတဲ့အထိ ကြိတ်ချေပါ။

- အရည်ကို လက်နဲ့ယူပြီး အနာနေရာမှာ ပွတ်ပေးပါ။

- ဆေးရည်တွေ မကျစေဖို့ ပတ်တီးပတ်ထားပါ။

- တစ်ညလုံးထားလိုက်ပါ။

- ၁ပတ် သို့မဟုတ် ၂ပတ်ကြာ နေ့တိုင်း

ပြန်လိမ်းပေးပါ။

၈။ သံလွင်ဆီနှင့် သံပုရာရည်

သံလွင်ဆီနှင့် သံပုရာရည်က ကြွက်နို့တွေကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။ သူတို့မှာ ထိရောက်တဲ့ ပိုးသတ်ဆေး၊ ဘက်တီးရီးယားနှင့် မှိုသတ်နိုင်တဲ့ ဂုဏ်သတ္တိအမျိုးမျိုး ရှိပါတယ်။ အရေပြားပေါ်ကိုတော့ တိုက်ရိုက်မလိမ်းသင့်ဘဲ တစ်ခုခုနဲ့ ရောပြီး လိမ်းသင့်ပါတယ်။

- essential oilကို ကယ်ရီယာထဲတစ်အောင်စထည့်ပါ။

- ကြွက်နို့ကို မလိမ်းခင် ဓာတ်မတည့်မှု စမ်းသပ်မှုတစ်ခု ပြုလုပ်ပါ။ အဲ့အရောအနှောကို အနာမရှိတဲ့ အရေပြားနေရာကို ပွတ်ပေးပါ။ နောက် 24-48 နာရီအတွင်း ဓါတ်မတည့်မှု တစ်စုံတစ်ရာမရှိပါက အသုံးပြုဖို့ ဘေးကင်းပါတယ်။

- ဂွမ်းတစ်ခြမ်းကို အရောအနှောထဲစိမ်ပြီး ပိုနေတဲ့ အရည်ကို ညှစ်ထုတ်လိုက်ပါ။

- ကြွက်နို့ကို ဂရုတစိုက် ပွတ်ပေးပါ။

- ကြွက်နို့အရွယ်အစားကျုံ့သွားတဲ့အထိ တစ်နေ့ကို နှစ်ကြိမ်ပြန်လုပ်ပါ။

- သံပုရာဆီက ဓါတ်မတည့်ခြင်းဖြစ်နိုင်ပြီး ကြွက်နို့ဖြစ်ခဲ့တဲ့နေရာကို မည်းမှောင်လာစေနိုင်သောကြောင့် ဆေးလိမ်းထားတဲ့အချိန် နေရောင်ခြည်နှင့် မထိတွေ့ဖို့ သတိထားပါနော်။

Zombie (lovemedia)

Post a Comment

0 Comments