အတွင်းခံအဝတ်အစားတွေနဲ့ပတ်သက်ပြီး လူအများစုပြုလုပ်မိတဲ့အမှား (၈) ခု

လူတော်တော်များများဟာ သူတို့ရဲ့ အတွင်းခံဘောင်းဘီကို ပြောင်းသင့်သလောက် မပြောင်းကြပါဘူး။ လူတော်တော်များများကတော့ တူညီတဲ့ အတွင်းခံ တစ်စုံကို ၂ ရက် ဒါမှမဟုတ် ဒီထက်ပိုကြာအောင် ဝတ်ခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် မလျှော်ခင် skivvies တွေကို ပြန်ဝတ်တာအပြင် အတွင်းခံဘောင်းဘီနဲ့ပတ်သက်လာရင် လူအများစု မသိလိုက်မိတဲ့ တခြားအမှားတွေလည်း ရှိပါသေးတယ်။

၁။ ဇာဘောင်းဘီကို ဝတ်ခြင်း

ဇာအတွင်းခံဘောင်းဘီက ချည်သားဘောင်းဘီထက် ပိုကြည့်ကောင်းပေမယ့်လည်း သူတို့ကို ဝတ်ဆင်ခြင်းက အလွန်ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေ ရှိပါတယ်။ ဇာနှင့် အခြားသော ဓာတုအဝတ်အထည်တွေက ချွေးကို အလွယ်တကူ စုပ်ယူနိုင်ပြီး ဧရိယာတစ်ဝိုက်မှာရှိတဲ့ ဘက်တီးရီးယားတွေအတွက် ပြီးပြည့်စုံတဲ့ မျိုးပွားမြေကို ဖန်တီးပေးပါတယ်။

ဒါက အရေပြားယားယံခြင်းနှင့် အမျိုးမျိုးသော ရောဂါပိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ချည်သားအတွင်းခံ ဘောင်းဘီကို လုံးဝမကြိုက်ရင်တောင် အနည်းဆုံးတော့ တစ်ထည်လောက် ရှိထားသင့်ပါတယ်။

၂။ Gym မှာဝတ်တဲ့ အတွင်းခံ

ချစ်စရာ Gym ဝတ်စုံကို ရွေးချယ်တာထက် သင့်အတွင်းခံဘောင်းဘီက လေ့ကျင့်ခန်းအတွက် သင့်လျော်ကြောင်း သေချာနေဖို့လိုပါတယ်။ အတွင်းခံဘောင်းဘီကို ရွေးတဲ့အခါ တင်းတင်းကြပ်ကြပ် skivvies တွေက အရေပြားယားယံမှုကို ဖြစ်စေနိုင်တဲ့အပြင် အစိုဓာတ်ကို ထိန်းထားတာကြောင့် ယားစေနိုင်ပါတယ်။

သဘာဝချည်ထည်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေကို ရွေးချယ်တာက ပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင် အတွင်းခံဘောင်းဘီကို ပြောင်းဖို့ မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မိန်းမကိုယ်က ထွက်တဲ့ချွေးနဲ့ သင့်ရဲ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ယားယံစေနိုင်လို့ပါ။

၃။ အခြောက်ခံစက်ထဲ ထည့်ခြင်း

သင့်အတွင်းခံဘောင်းဘီကို အခြောက်ခံစက်ထဲသို့ ထည့်ပြီးအခြောက်ခံတာက အလျင်မြန်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် နူးညံ့သိမ်မွေ့မှုကတော့ ကြာရှည်ခံမှာ မဟုတ်ပါဘူး။ အပူရှိန်က အထည်တွေကို ကျုံ့သွားစေပြီး ပုံစံမကျတော့တဲ့ အတွင်းခံဘောင်းဘီကိုပဲ ပြန်ရလာစေပါတယ်။ အတွင်းခံဘောင်းဘီကို အခြောက်ခံစင်ပေါ်မှာ လှမ်းတာကပိုကောင်းပြီး ခြောက်ဖို့လည်း မြန်ပါတယ်။

၄။ ရနံ့ပါတဲ့ ဆပ်ပြာကို သုံးခြင်း

သင့်အဝတ်လျှော်တဲ့အချိန် သင်လုပ်မိတဲ့ နောက်ထပ် အမှားတစ်ခုကတော့ အနံ့ထွက်စေတဲ့ ဆပ်ပြာရည်ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဆပ်ပြာမှာပါတဲ့ အမွှေးရနံ့အတုတွေက အဖုတွေနှင့် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေကို ဖြစ်စေနိုင်ပြီး သင့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ယားယံစေနိုင်ပါတယ်။

ဒီနေရာတစ်ဝိုက်မှာရှိတဲ့ အရေပြားက ပိုထိခိုက်လွယ်တာကြောင့် အမွှေးနံ့သာမရှိတဲ့ hypo-allergenic ဆပ်ပြာကို ရွေးချယ်တာက ပိုကောင်းပါတယ်။

၅။ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတဲ့ ဘောင်းဘီကို ဝတ်ခြင်း

အတွင်းခံစတိုင်အချို့က ခေတ်မီပြီး ကြည့်ကောင်းနေတိုင်း သင်နှင့်လိုက်ဖက်ဖို့က မလွယ်ပါဘူး။ သင့်လျော်မှုမရှိတဲ့ အတွင်းခံဘောင်းဘီတွေက သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ မြင်သာတဲ့ panty lineတွေကိုလည်း ဖြစ်စေပါတယ် အရေပြားအခြေအနေအမျိုးမျိုးနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၆။ အချိုးပေါ်စေတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ခြင်း

Spanx က သင့်ကို ဝတ်စုံဝတ်ထားတဲ့အချိန်မှာ လှပနေစေပေမယ့်လည်း မကြာခဏဝတ်ရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Shapewear ကတော့ ဆီးအိမ်အပေါ် ဖိအားပိုသက်ရောက်စေတာကြောင့် သန့်စင်ခန်းကို ခဏခဏ သွားနေရပါလိမ့်မယ်။ အာရုံကြောကို ဖိသိပ်မှုကိုလည်း ဖြစ်စေပြီး ရေရှည်နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ အတွင်းခံဘောင်းဘီကို ဝတ်အိပ်ခြင်း

ညဘက်ကောင်းကောင်း အိပ်ပျော်ချင်ရင် အတွင်းခံဘောင်းဘီကို ချွတ်အိပ်တာ အကောင်းဆုံးပါပဲ။ သင့်ခန္ဓာကိုယ်က အတွင်းခံဘောင်းဘီကို အချိန်ပြည့် မလိုအပ်ပါဘူး။ ချွတ်အိပ်တာက သင့်အသားအရေအတွက် ပိုကောင်းပြီး ကိုယ်အလေးချိန် ပိုကျစေနိုင်ကြောင်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။

၈။ သင်နဲ့အဆင်ပြေမယ့် အတွင်းခံကို ရွေးချယ်ပါ။

ဇာဘောင်းဘီတွေနဲ့ တခြားဘောင်းဘီတွေရဲ့ ဘေးမှာ အသေးစိတ် အချက်အလက်တွေ အများကြီး ပါပေမယ့်လည်း သင့်ကျန်းမာရေးနဲ့ ကိုက်ညီပြီး သက်တောင့်သက်သာရှိမယ့် ဘောင်းဘီကို ရွေးတာ အကောင်းဆုံးပါပဲ။

ချောမွေ့တဲ့အတွင်းခံကိုရွေးချယ်ခြင်းက သင့်အသားအရေအတွက် ပိုကောင်းပါတယ်။ တင်းကျပ်တဲ့ elastic bands တွေက အရေပြားကို ပွတ်ပြီး ယားယံစေပါတယ်။ ဒီယားယံမှုတွေ များလာရင်တော့ အမာရွတ်တွေ ဖြစ်လာနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments