လူအများစုသတိမထားမိကြတဲ့ Lip balm ရဲ့ အခြားအသုံးဝင်ပုံ (၁၂) ခု

Lip balm ကို နှုတ်ခမ်းခြောက်သွေ့တာ၊ အက်ကွဲတာကို ပျောက်ကင်းဖို့ အဓိကအသုံးပြုကြပါတယ်။ Lip balm ကို နှုတ်ခမ်းအပြင် အခြားအသုံးဝင်ပုံတွေကို ဖော်ပြပေးပါမယ်နော်။

၁။ လက်သည်းအရေမာအရစ်ကို ရေဓာတ်ဖြည့်ပေးခြင်း

လက်သည်းအရေမာအရစ်လေးတွေ ရောင်တဲ့အခါ အရမ်းနာကျင်ပါတယ်။ အဲဒီအခါ Lip balm ကို လိမ်းပေးလိုက်ပါ။ Lip balm မှာ ပါဝင်တဲ့ သဘာဝအဆီတွေက လက်မှာအနာတရဖြစ်တာတွေကိုတောင် သက်သာစေပါတယ်။

၂။ သားရေဖိနပ်ပေါ်က အစင်းကြောင်းတွေကို ဖယ်ရှားပေးခြင်း

သင့်ရဲ့ဖိနပ်မှာ အစင်းကြောင်းတွေပေါ်နေပြီး ရုပ်ဆိုးနေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ Lip balm ကို အနည်းငယ်ယူပြီး သားရေဖိနပ်ပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် နူးညံ့တဲ့ပိတ်စလေးနဲ့ ပွတ်တိုက်လိုက်ပါ။ သားရေဖိနပ်က ခြစ်ရာတွေ၊ အစင်းကြောင်းတွေ ကင်းစင်ပြီး ပိုမိုတောက်ပြောင်သွားပါတယ်။

၃။ တံတောင်ဆစ်နဲ့ ဒူးကို ရေဓာတ်ဖြည့်ပေးခြင်း

Lip balm က နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးရုံသာမက တံတောင်ဆစ်နဲ့ ဒူးကို ရေဓာတ်ဖြည့်ပေးပါသေးတယ်။ တံတောင်ဆစ်နဲ့ ဒူးမှာ ခြောက်သွေ့နေတဲ့အခါ Lip balm လိမ်းပေးပြီး နှိပ်နယ်ပေးရုံပါပဲ။

၄။ မျက်ခုံးကို လှပစေခြင်း

မျက်ခုံးက ဖရိုဖရဲမလှမပဖြစ်နေရင် Lip balm ကို မျက်ခုံးမှာ လိမ်းလိုက်ပါ။ အဲဒီအခါ မျက်ခုံးက ပုံကျလှပသွားပါတယ်။

၅။ ဆံပင်ပွနေတာကို သပ်သပ်ရပ်ရပ်ဖြစ်စေခြင်း

သင့်ဆံပင်က ဖွာပြီးပွနေတဲ့အခါ Lip balm ကို လက်မှာအနည်းငယ်ပွတ်ပြီး ဆံပင်မှာ လိမ်းလိုက်ပါ။ အဲဒီအခါ ဆံပင်က ဖွာမနေတော့ဘဲ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပါတယ်။

၆။ ခြေထောက်မှာ ရေကြည်ဖုပေါက်တာကို ကာကွယ်ပေးခြင်း

ဖိနပ်ကို အချိန်အကြာကြီးစီးပြီး ခြေထောက်မှာ ရေကြည်ဖုပေါက်မှာ၊ အနာတရာဖြစ်မှာကို ကာကွယ်ဖို့ Lip balm ရှိပါတယ်။ ဖိနပ်ရဲ့အစွန်းတွေမှာ Lip balm၊ အုန်းဆီ၊ သံလွင်ဆီ နှစ်သက်ရာတစ်ခုခုကို သုတ်လိမ်းထားလိုက်ပါ။ ဒီနည်းက ခြေဖနောင့်ကွဲတာကိုလည်း သက်သာစေပါတယ်။

၇။ မိတ်ကပ်လိမ်းထားတာကို highlights လုပ်ပေးခြင်း

Eye shadow ထဲမှာ Lip balm အနည်းငယ်ရောထည့်ပြီး မျက်လုံးမှာ လိမ်းလိုက်ပါ။ အဲဒီအခါ မျက်ခွံတွေက ပုံမှန်ထက် ပိုတောက်ပလာပါတယ်။ Lip balm ကို မိတ်ကပ်ထဲမှာ ရောလိမ်းရင်လည်း မိတ်ကပ်က ပိုပြီး ကြာကြာခံပါတယ်။

၈။ Eyeliner ကို သပ်ရပ်စေခြင်း

Eyeliner က မညီမညာဖြစ်နေရင် အရမ်းသိသာနေတတ်ပါတယ်။ အဲဒီအခါ Lip balm ကို ချည်ပိတ်စလေးနဲ့ တို့ပြီး Eyeliner မသပ်မရပ်ဖြစ်နေတာကို ပြုပြင်လို့ရပါတယ်။ Eyeliner က မျက်လုံးဘေးအစွန်းတွေမှာ ပေနေရင်လည်း Lip balm နဲ့ဖျက်လို့ရပါတယ်။

၉။ ရေမွှေးရနံ့ကို ကြာရှည်ခံစေခြင်း

အနံ့မပါတဲ့ Lip balm ကို ရေမွှေးဆွတ်မယ့်နေရာမှာ လိမ်းလိုက်ပါ။ အဲဒီနောက်မှာမှ ရေမွှေးဆွတ်ပါ။ ဒီနည်းက ရေမွှေးနံ့ကို အချိန်ကြာကြာ သင်းပျံ့နေစေပါတယ်။

၁၀။ ထိခိုက်မှုသေးသေးလေးတွေကို သက်သာစေခြင်း

နှုတ်ခမ်းမွေးရိတ်ရင်းနဲ့ ဓားရှသွားတဲ့အခါ Lip balm ကို ရှားစောင်းလက်ပတ်ဂျယ်လီနဲ့ရောပြီး လိမ်းလိုက်ပါ။ လိမ်းပြီးနောက် အနာကို ရေမထိစေဖို့တော့ မမေ့ပါနဲ့နော်။

၁၁။ လက်စွပ်ကို ချွတ်ရလွယ်ကူစေခြင်း

လက်စွပ်က ချွတ်ရခက်နေရင် Lip balm ကို ချောဆီအဖြစ် အသုံးပြုလို့ရပါတယ်။

၁၂။ နှာခေါင်းတစ်ဝိုက်မှာ နီမြန်းတာကို သက်သာစေခြင်း

ဓာတ်မတည့်တာ သို့မဟုတ် အအေးမိတာကြောင့် နှုတ်ခေါင်းတစ်ဝိုက်မှာ နီမြန်းနေတတ်ပါတယ်။ Lip balm ကို နှုတ်ခေါင်းတစ်ဝိုက်မှာ လိမ်းပေးထားရင် နီမြန်းတာတွေကို လျော့သွားစေမှာပါ။

Bonus

Lip balm ဘူးခွံအဟောင်းကလည်း အသုံးဝင်ပါသေးတယ်။ အရေးပေါ်အခြေအနေတွေအတွက် Lip balm ဘူးခွံအဟောင်းထဲမှာ ပိုက်ဆံ သို့မဟုတ် အရေးကြီးတဲ့ ပစ္စည်းသေးသေးလေးတွေ သိမ်းထားလို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments