ကိုယ့်ကိုယ်ကိုယ် အရမ်းထိန်းချုပ်ချွေတာစရာမလိုဘဲ ငွေစုနိုင်မယ့်နည်းလမ်း (၆) ခု

သင့်မှာ ငွေစုမယ်လို့ ကြံရွယ်လိုက်တိုင်း ငွေတွေပိုသုံးမိသွားတဲ့အချိန်တွေ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုယ်သင် အရမ်းကြီး ထိန်းချုပ်နေစရာမလိုဘဲ ငွေစုဖြစ်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကုန်ကျစရိတ်တွေကို အသေးစိတ် ရေးမှတ်ထားပါ။

ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်တယ် ဆိုတာကို သိထားရင် ငွေတွေကို အရမ်းမသုံးစေတော့ပါဘူး။ အဲဒါကြောင့် သင်သုံးလိုက်တဲ့ ငွေတွေကို စာအုပ်သို့မဟုတ် app တစ်ခုထဲမှာ ရေးမှတ်ထားပါ။

ထွက်ငွေကို ရေးမှတ်တတ်တဲ့အကျင့်က ငွေ့စုဖြစ်စေဖို့ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။ လကုန်တဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ ဘယ်အရာက ပိုများနေလဲဆိုတာကို ချင့်ချိန်သွားမိစေမှာပါ။

၂။ တစ်လစာ သုံးမယ့်ငွေကို စီစဉ်ထားပါ။

သင့်ရဲ့တစ်လစာအသုံးစရိတ်ကို ခွဲတမ်းတွေချထားရင် အပိုငွေတွေ အရမ်းမကုန်တော့ပါဘူး။ သွားလာစရိတ်၊ အစားအစာ၊ ဘီလ်နဲ့ အခြားအသုံးစရိတ်တွေကို လျာထားလိုက်ပါ။ အထိရောက်ဆုံးနည်းကတော့ ငွေတွေကို ခွဲတမ်းချပြီးရင် စာအိတ်တစ်အိတ်စီမှာ ထည့်ထားလိုက်ပါ။

၃။ အွန်လိုင်းကနေ ဈေးဝယ်ပါ။

အပြင်မှာဈေးဝယ်တာထက် အွန်လိုင်းမှာဈေးဝယ်တာက တစ်ခါတရံမှာ ပိုပြီးသက်သာပါတယ်။ အွန်လိုင်းမှာ မကြာခဏ လျှော့ဈေးတွေ ပေးတတ်ပါတယ်။ ဒါပေမယ့် သင်က အွန်လိုင်းမှာ လိုအပ်တာတွေဝယ်ရင်း မလိုအပ်တတ်တာတွေ ဝယ်မိသွားတတ်သူဆိုရင်တော့ ဒီနည်းက အလုပ်မဖြစ်ပါဘူး။

၄။ ဈေးချတဲ့အချိန်မှာ ဝယ်ပါ။

သာမန်အချိန်မှာ ဝယ်တာထက် ကူပွန်တွေ၊ လျှော့ဈေးတွေ ပေးတဲ့အချိန်မှာ ဝယ်တာက ပိုပြီး အဆင်ပြေပါတယ်။ ဒါ့အပြင် Gym ၊ အကသင်တန်းနဲ့ အခြားနေရာတွေမှာ အသင်းဝင်ကြေးတွေကို အထူးဈေးနဲ့ ပေးတတ်ပါတယ်။ လျှော့ဈေးတွေက အရေးမပါဘူးလို့ မြင်နိုင်ပေမယ့် အချိန်ကြာလာရင်တော့ သင့်အတွက် ငွေတွေစုမိစေမှာပါ။

၅။ ဈေးဝယ်စာရင်း ပြုလုပ်ပါ။

ဈေးဝယ်ထွက်တော့မယ်ဆိုရင် ဝယ်မယ့်စာရင်းကို ကြိုတင်ပြီး ရေးသွားသင့်ပါတယ်။ ဝယ်မယ့်စာရင်းကို မရေးထားရင် စတိုးဆိုင်တွေကို ရောက်တဲ့အခါ မလိုအပ်တာတွေကိုပါ ဝယ်မိသွားတတ်ပါတယ်။ မလိုအပ်ဘဲမဝယ်တာက သင့်အတွက် ငွေစုမိစေမယ့် နည်းလမ်းတစ်ခုပါပဲ။

၆။ ငွေသားနဲ့သာ ရှင်းပါ။

ကတ်နဲ့ငွေရှင်းတာထက် ငွေသားနဲ့ ငွေရှင်းတာက အလွန်အကျွံ မသုံးမိတော့ပါဘူး။ ငွေသားနဲ့ဈေးဝယ်တာက သင့်မှာရှိတဲ့ပိုက်ဆံနဲ့ ချင့်ချိန်နိုင်ပါတယ်။ ဈေးဝယ်ကတ်နဲ့ငွေရှင်းရင် မလိုအပ်တာတွေကို ပိုပြီးဝယ်မိ သွားတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments