တစ်ခါတရံမှာ laptop ကို သုံးနေရင်းနဲ့ အရမ်းပူလာတာကို ကြုံတွေ့ရမှာပါ။ နာရီအနည်းငယ်ကြာရင်တော့ အပူချိန်တွေများလာတာကြောင့် စက်က အလုပ်လုပ်တာ နှေးလာပြီး ရုတ်တရက် ပိတ်သွားတတ်ပါတယ်။ အဲဒါကြောင့် laptop မှာ အပူလွန်ကဲတာကို ကာကွယ်ဖို့ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Laptop ရဲ့အောက်ခြေကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။
Laptop ရဲ့အောက်ခြေမှာ လေဝင်လေထွက် ကောင်းနေရင် ပန်ကာတွေလည်း အပူမလွန်ကဲလာတော့ပါဘူး။ Laptop ရဲ့အောက်ခြေမှာ ခက်ရင်းနှစ်ခြောင်းကို တင်ထားပြီး အသုံးပြုလို့လည်း ရပါတယ်။
၂။ Laptop ကို ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုတာကို ရှောင်ပါ။
Laptop ကို ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုရင် ပန်ကာအတွက် လေဝင်တဲ့လမ်းကြောင်းတွေ ပိတ်လာမှာပါ။ Laptop ကနေထွက်တဲ့အပူက အသားအရေကို လောင်ပြီး နီမြန်းလာစေပါတယ်။ ငွေကုန်သက်သာပြီး ထိရောက်တဲ့နည်းကတော့ ကြက်ဥကတ်ခွံပေါ်မှာ laptop ကို တင်ပြီးအသုံးပြုပါ။
၃။ ညီညာတဲ့ မျက်နှာပြင်ပေါ်မှာသာ အသုံးပြုပါ။
ကော်ဇော၊ စောင်၊ ခေါင်းအုံး၊ အဝတ်အစားနဲ့ ခန္ဓာကိုယ်ပေါ်မှာ laptop တင်ပြီး အသုံးပြုတဲ့အခါ laptop က ပိုပြီးပူလာပါတယ်။ အဲဒါကြောင့် ပန်ကာကို မထိခိုက်စေမယ့် ညီညာတဲ့မျက်နှာပြင်ပေါ်မှာသာ laptop ကိုတင်ပြီး အသုံးပြုပါ။ ဒါ့အပြင် laptop နားမှာ ကော်ဖီ၊ ရေစတဲ့ မှောက်ကျပြီး သွားနိုင်တဲ့အရာတွေကိုလည်း မထားသင့်ပါဘူး။
၄။ အသုံးမပြုတဲ့အခါ ပိတ်ထားပါ။
Laptop ကို အသုံးမပြုဖြစ်တဲ့အချိန်မှာ ဖွင့်ထားခဲ့တာက ဘက်ထရီနဲ့ processor ကို ထိခိုက်စေပါတယ်။ ပန်ကာတွေလည်း မလိုအပ်ဘဲ အလုပ်တွေ လုပ်နေရတတ်ပါတယ်။ သင်က အလုပ်လုပ်ပြီး ၂ နာရီထက်ပြီး နားမယ်ဆိုရင် Laptop ကို ပိတ်ခဲ့တာ အကောင်းဆုံးပါပဲ။
၅။ အေးမြတဲ့ဝန်းကျင်မှာ အသုံးပြုပါ။
Laptop ကို နေရောင်ခြည် တိုက်ရိုက်ကျတဲ့နေရာ သို့မဟုတ် အပူချိန်များတဲ့နေရာမှာ အသုံးပြုရင် အပူချိန်တွေ လွန်ကဲလာပါတယ်။ အပူချိန်လွန်ကဲလာတဲ့အခါ hard drive နဲ့ battery အတွက် ဆိုးကျိုးတွေ ဖြစ်လာစေမှာပါ။ အဲဒါကြောင့် အေးမြပြီး နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာတွေမှာသာ Laptop ကို အသုံးပြုပါ။
၆။ Cooling mat ကို အသုံးပြုပါ။
Laptop ရဲ့အောက်မှာ Cooling mat ကို ထားပြီး အသုံးပြုပါ။ အဲဒီအခါ ပန်ကာတွေအတွက် လေဝင်လေထွက် ပိုကောင်းလာစေမှာပါ။
၇။ လိုအပ်တဲ့ ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ပါ။
ဖုန်တွေ၊ အညစ်အကြေးတွေက Laptop ရဲ့ fan တွေထဲမှာ အချိန်အကြာကြီး ကပ်နေနိုင်ပါတယ်။ လိုအပ်တဲ့အခါ Laptop ရဲ့အတွင်းပိုင်းကို ကျွမ်းကျင်သူတွေနဲ့ ထိမ်းသိမ်းမှုတွေ ပြုလုပ်ပါ။ အဲဒီအခါ Laptop ရဲ့သက်တမ်းက ပိုပြီး ကြာရှည်ခံလာမှာပါ။
Bonus
- Screen မှာ brightness ကို အမြင့်ကြီးတင်ထားလေ ပိုပြီးအပူလွန်ကဲနိုင်လေပါပဲ။ အဲဒါကြောင့် Screen မှာ brightness ကို လျှော့ထားသင့်ပါတယ်။
- Laptop ရဲ့အပူချိန်ကို ထိန်းညှိပေးတဲ့ program ကို ထည့်သွင်းထားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments