ကျန်းမာရေးအတွက် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်သင့်လား၊ မတိုက်သင့်ဘူးလား

အဝတ်အစားတွေ ညီညီညာညာနဲ့ သပ်ရပ်နေဖို့ မီးပူတိုက်ကြပါတယ်။ ဒါပေမယ့် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်ရတဲ့အခါ အချိန်ကုန်တယ်လို့ ခံစားရပါတယ်။ အဲဒါကြောင့် အောက်ခံအဝတ်အစားတွေကို မီးပူတိုက်သင့်လား၊ မတိုက်သင့်ဘူးလား ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အောက်ခံအဝတ်အစားတွေကို လျှော်ပြီးတဲ့အခါ အချို့က မီးပူတိုက်သလို အချို့ကတော့ ဒီတိုင်းပဲ ဝတ်လိုက်ကြပါတယ်။ တကယ်တော့ လျှော်ထားတဲ့ အဝတ်အစားတွေက ထင်သလောက် မသန့်ရှင်းပါဘူး။ အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေပြီး သူတို့တွေက ပွားသထက် ပွားနေကြပါတယ်။

အပူချိန်အရမ်းမြင့်မှသာ အဲဒီဘက်တီးရီးယားတွေ မရှိနိုင်တော့တာပါ။ အချို့ဘက်တီးရီးယားတွေက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်အထိ အသက်ရှင်နိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီအပူချိန်နဲ့လည်း အဝတ်အစားတိုင်းကို လျှော်လို့မရပါဘူး။

အောက်ခံအဝတ်အစားတွေမှာ ဘက်တီးရီးယားတွေ အများဆုံး ရှိနေနိုင်ပါတယ်။ အောက်ခံအဝတ်အစားတွေကို မီးပူတိုက်တာက ပိုးသတ်တာနဲ့ အတူတူပါပဲ။ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာတွေမှာ မှိုနဲ့ပတ်သက်ပြီး ပိုးဝင်တတ်သူတွေက အောက်ခံအဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်သင့်ပါတယ်။

အောက်ခံအဝတ်အစားတွေကို ဘာ့ကြောင့် မီးပူတိုက်ပြီးမှ ဝတ်သင့်တာလဲ။

အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားပေါင်းများစွာ ပေါက်ဖွားနေပါတယ်။ E,salmonelia,staphylococcus aureus တို့လို ဘက်တီးရီယားတွေက အဝတ်လျှော်စက်ထဲမှာ အများဆုံးပါပဲ။ အဝတ်တွေထဲမှာ ဖုန်တွေ၊ အညစ်အကြေးတွေကလည်း အများရှိနေနိုင်ပါသေးတယ်။

အဲဒီလို ဖုန်နဲ့အညစ်အကြေးတွေက ဓာတ်မတည့်တာတွေဖြစ်စေပါတယ်။ အဲဒါကြောင့် အဝတ်အစားတွေကို မီးပူတိုက်တာ၊ ရေနွေးငွေ့ပေးတာတို့ ပြုလုပ်သင့်ပါတယ်။

အောက်ခံအဝတ်အစားတွေကို ဘယ်လိုမီးပူတိုက်မလဲ။

အထူးသဖြင့် အမျိုးသမီးတွေရဲ့ အောက်ခံအဝတ်အစားတွေကို ပါးလွှာပြီး နူးညံ့တဲ့ချည်တွေနဲ့ ရက်လုပ်ထားကြပါတယ်။ အဲဒါကြောင့် သေသေချာချာ ဂရုစိုက်ပြီး မီးပူတိုက်ဖို့ လိုအပ်ပါတယ်။

-အောက်ခံအဝတ်အစားမှာပါတဲ့ အညွှန်းစာတွေကို မီးပူမတိုက်ခင်မှာ သေချာဖတ်သင့်ပါတယ်။ ချည်သား၊ ပိုးသား၊ ရေယွန်ချည်၊ ပေါ်လီအက်စတာတွေက ချည်သားတွေနဲ့ မတူဘဲ အပူချိန်တိတိကျကျလိုအပ်ပါတယ်။

- ဘယ်အပူချိန်နဲ့မီးပူတိုက်ရမလဲဆိုတာ မသေချာရင် အပူချိန်နည်းနည်းလေးထားပြီး ဖြည်းဖြည်းချင်း အပူချိန်ကို တိုးသွားပါ။

- အောက်ခံအဝတ်အစားတွေကို အပေါ်က ပိတ်စတစ်ထပ်ခံပြီးမှ မီးပူတိုက်ပါ။

ခြေအိတ်တွေကို မီးပူတိုက်ဖို့ လိုအပ်သလား။

ခြေအိတ်တွေကတော့ မဖြစ်မနေ မီးပူတိုက်ဖို့ မလိုအပ်ပါဘူး။ ခြေအိတ်တွေကို ‌လျှော်ပြီးတဲ့အခါမှ တွန့်ကြေနေတတ်ပါတယ်။ ဒါပေမယ့် ခြေအိတ်ကို ဝတ်လိုက်ရင် တွန့်ကြေနေတာတွေက ပျောက်သွားပါတယ်။ အဲဒါကြောင့် ကျွမ်းကျင်သူတွေက ခြေအိတ်ကို မီးပူတိုက်ဖို့ အကြံမပေးပါဘူး။

ခြေအိတ်ကို ဘယ်လိုမီးပူတိုက်မလဲ။

ဒါပေမယ့် သင်က ခြေအိတ်ကို မီးပူတိုက်ချင်တယ် ဆိုရင်တော့

- ခြေအိတ်ပေါ်မှာ အဝတ်စတစ်ခုခု ခံပြီးမှသာ မီးပူတိုက်ပါ။

- သာမန်အပူချိန်နဲ့ ခြေအိတ်ကို မီးပူတိုက်လို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments