အမျိုးသားတွေအတွက် မျက်နှာနဲ့လိုက်ဖက်မယ့် ဆံပင်ကို ရွေးချယ်နည်း (၇) ခု

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ်ရွေးချယ်လိုက်တဲ့ ဆံပင်ကို ကိုယ်နဲ့မကိုက်ညီနေရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အမျိုးသားတွေအတွက် ဆံပင်ညှပ်ရင် ဘယ်လိုပုံစံကို ရွေးချယ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ လေးထောင့်ကျသော မျက်နှာ

လေးထောင့်ကျတဲ့ မျက်နှာအများစုက မေးရိုးချွန်တတ်ပါတယ်။ သူကတော့ ဘယ်လိုပုံစံပဲညှပ်ညှပ် အဆင်ပြေပါတယ်။ ဆံပင်အတို ညှပ်တာပဲဖြစ်ဖြစ်၊ နောက်ကိုလှန်ပြီးဖြီးထားတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ပြီးတော့ slicked-back side part style နှင့် faux hawk ဆံပင်ပုံစံကို ထားလို့ရပါတယ်။

၂။ ဘဲဥပုံမျက်နှာ

ဘဲဥပုံမျက်နှာရဲ့ အဓိက ထင်ရှားတဲ့ လက္ခဏာတွေကတော့ မေးစေ့၊ ပါးပြင် ဒါမှမဟုတ် နဖူးနှင့် နီးစပ်တဲ့ နေရာတွေမှာ ထောင့်တွေမရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီမျက်နှာပုံသဏ္ဍာန်က ဟန်ချက်ညီမှုနှင့် အချိုးညီမှုတွေရဲ့ သွင်ပြင်လက္ခဏာဖြစ်တာကြောင့် ဆံပင်ညှပ်ဆရာအများစု ဆံပင်ညှပ်ပေးတဲ့အခါ အတော်လေးကို ချော့မွေ့နေမှာပဲဖြစ်ပါတယ်။

quiffs၊ spiky hair နှင့် comb-over လိုမျိုး undercut တွေ ညှပ်လို့အဆင်ပြေပါတယ်။ ဒါ့အပြင် ဘေးခွဲထားတဲ့ အတိုပုံစံ၊ နောက်ပြန်လှန်ထားတဲ့ ဆံပင်ရှည်လိုမျိုးလည်း ရပါသေးတယ်။

၃။ မျက်နှာဝိုင်း

မျက်နှာအဝိုင်းတွေက အနံနှင့် အလျား ညီမျှပါတယ်။ ပြီးတော့ မေးရိုးမှာလည်း ထောင့်တွေ၊ အစွန်းတွေ ရှိမနေတတ်ပါဘူး။ မျက်နှာကို ပိုရှည်လာစေဖို့အတွက် ဘေးနှစ်ဖက်က ဆံပင်ညှပ်တွေကို တိုတိုညှပ်ရင် ပိုကောင်းပါတယ်။ အကောင်းဆုံးရွေးချယ်တွေမှာတော့ ဘေးကို ပါးခြင်း၊ ဆံပင်အောင်ဘက်တွေကို ညှိခြင်းနဲ့ ဘေးကို အပြောင်ညှပ်ခြင်းတို့ပါပဲ။

၄။ တြိဂံပုံစံ မျက်နှာ

တြိဂံပုံစံမျက်နှာတွေမှာ မေးရိုးဟာ အသိသာအထင်ရှားဆုံးသော အစိတ်အပိုင်းဖြစ်ပါတယ်။ သွယ်လျတဲ့နဖူးကို အချိုးညီအောင်ဖန်တီးဖို့အတွက် အကောင်းဆုံးပုံစံတွေကတော့ ပွယောင်းယောင်းဆံပင်၊ ရှေ့ကို ချထားခြင်းနှင့် နောက်ကို လှန်ဖြီးထားတဲ့ ဆံပင်ပုံစံတွေပဲ ဖြစ်ပါတယ်။

၅။ စိန်အချိုးပုံစံ မျက်နှာ

စိန်အချိုးပုံစံ မျက်နှာပိုင်ရှင် အမျိုးသားတွေမှာတော့ ပြတ်သားပြီး ကျယ်ဝန်းတဲ့ ပါးရိုးတွေရှိပါတယ်။ ဒီမျက်နှာပုံသဏ္ဍာန်တွေက ရှည်လျားကျဉ်းမြောင်းတာကြောင့် ဆံပင်ကို ထောင်ထားတာပဲဖြစ်ဖြစ်၊ နောက်ကိုလှန်ဖြီးထားတာပဲ ဖြစ်ဖြစ်၊ စုပြီး စည်းထားတာပဲဖြစ်ဖြစ် ထားသင့်ပါတယ် ။ ရှေ့မှာလည်း ချထားလို့ အဆင်ပြေသလို ဘေးခွဲလို့လည်း ရပါတယ်။

၆။ ရှည်သော မျက်နှာ

ထောင့်မှန်စတုဂံမျက်နှာလို့လည်း လူသိများသလို မျက်နှာအဝိုင်းထက် ကျယ်ပြီးပိုရှည်ပါတယ်။ သင့်မျက်နှာပုံသဏ္ဍာန်က ဒီလိုဖြစ်နေရင်တော့ buzz cut ဒါမှမဟုတ် crew cut လိုမျိုး ရှည်တဲ့မျက်နှာကို မပေါ်စေတဲ့ ဆံပင်ပုံစံမျိုး ညှပ်သင့်ပါတယ်။ အတိုပုံစံ မညှပ်ချင်ရင်တော့ နောက်ကို လှန်ဖြီးတဲ့ဆံပင်နဲ့ ရှေ့ကို ချထားတဲ့ ဆံပင်ပုံစံမျိုး ထားသင့်ပါတယ်။

၇။ အသည်းပုံ ပုံစံမျက်နှာ

အသည်းပုံ ပုံစံမျက်နှာတွေမှာ မေးရိုးချွန်ပြီး နဖူးက ကျယ်ပါတယ်။ ဒီလိုမျက်နှာအတွက် အကောင်းဆုံးရွေးချယ်မှုတွေမှာတော့ မျက်နှာရဲ့အောက်ခြေအပိုင်းကို ကျယ်စေပြီး အပေါ်ပိုင်းနှင့် ဘေးနှစ်ဖက်မှာ ပိုရှည်ပြီး ပိုပြည့်တဲ့ပုံစံမျိုး ညှပ်သင့်ပါတယ်။

ဆံပင်အရှည်ထားတာပဲဖြစ်ဖြစ်၊ သပ်သပ်ရပ်ရပ်ရှိတဲ့ quiff နှင့် pompadour တို့ကို ထားလို့ရပါတယ်။ နောက်မှာစုပြီး စည်းလို့လည်း အဆင်ပြေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments