ဆံပင်ဟာ စတိုင်လ်ကျဖို့တင်မကပဲ ကျန်းမာသန်စွမ်းနေဖို့လည်း လိုပါတယ်။ ဆံပင်ကြီးထွားမှုကို ဟန့်တားနေတဲ့ ဖိစီးမှုအပါအဝင် အချက်ရာပေါင်းများစွာ ရှိနေပါတယ်။ တစ်ခါတလေမှာ အမျိုးသမီးတွေဟာ ဆံပင်ကောင်းဖို့ဆိုပြီး ဈေးကြီးတဲ့ထုတ်ကုန်တွေကို ဝယ်သုံးကြပါတယ်။
ဒါပေမယ့် အိန္ဒိယကကျွမ်းကျင်ပညာရှင်တွေကတော့ ပိုက်ဆံအများကြီး မသုံးဘဲ ရိုးရှင်းပြီးထိရောက်တဲ့ နည်းလမ်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။
၁။ ခေါင်းလျှော်ပြီးတိုင်း ရေအေးနဲ့လောင်းချပါ။
ခေါင်းလျှော်ရင် ရေနွေးနဲ့ လျှော်တာက ဦးရေပြားထဲမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းသွားစေပါတယ်။ ရေအေးသင့်ဆံပင်အတွက် ပိုကောင်းတာ ခေါင်းလျှော်ရင် ရေအေးပဲ သုံးသင့်ပါတယ်။ ရေနွေးနွေးက ခေါင်းလျှော်တဲ့အဆင့်အတွက်သာ ကောင်းပါတယ်လို့ အိန္ဒိယ ဆံပင်ညှပ်ဆရာတွေက ပြောပါတယ်။
၂။ ခေါင်းကို ၄ မိနစ်လောက် နေ့တိုင်းနှိပ်ပေးသင့်ပါတယ်။
Ayurvedic က ဆံပင်သန်မာမှုနှင့် ကြီးထွားမှုကို မြှင့်တင်ဖို့ ဆီနွေးနွေးနဲ့ခေါင်းကို နှိပ်နယ်ဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ တစ်နေ့ကိုဦးရေပြားကို 4 မိနစ်ခန့် နှိပ်နယ်ပေးခြင်းက 24 ပတ်ကြာရင် ရလဒ်ကောင်းကို ပြသတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၃။ သင့်ဦးရေပြားအတွက် သင့်လျော်တဲ့ဆီကို သုံးပါ။
ဦးရေပြားခြောက်သွေ့တာနဲ့ ဗောက်ထတာက အဖြစ်များကြပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် သုံးနေကျ ခေါင်းလိမ်းဆီကို ဆက်မသုံးပဲ မိမိဦးရေပြားနဲ့ အဆင်ပြေမယ့် ခေါင်းလိမ်းဆီကိုပဲ ရွေးသုံးသင့်ပါတယ်။
- ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုပါ။
- အဆီပြန်တဲ့ ဦးရေပြားအတွက် သံပုရာရည်နဲ့ နနွင်းမှုန့်ကို အသုံးပြုပါ။
- ဦးရေပြားယားယံခြင်းအတွက် ရွှံ့စေးပါးပါး၊ နှင်းဆီနှင့် စန္ဒကူးပင်တို့ကို အသုံးပြုပါ။
- ဦးရေပြားကို အေးစေဖို့အတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ အဆီတွေနဲ့ ရောထားတဲ့ henna ကို အသုံးပြုပါ။
၄။ မွှေးကြိုင်တဲ့ ပန်းတွေကို ရေအေးနဲ့ ရောစပ်ပြီး သုံးပါ။
သင့်ဆံပင်ကို ဆေးကြောဖို့ ရေအေးသုံးတာထက် ရေနွေးသုံးတာက ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အိန္ဒိယလူမျိုးတွေကတော့ ဦးရေပြားအပါအဝင် ယားယံနေတဲ့ အသားအရေကို လှပစေပြီး မွှေးပျံ့တဲ့ ရနံ့ကို ပေးစွမ်းနိုင်ဖို့ ပန်းပွင့်ပါဝင်ပစ္စည်းတွေကို ပေါင်းထည့်ဖို့ အကြံပြုထားပါတယ်။
- နှင်းဆီပွင့်ချပ်
- စံပယ်ဖူး
- ပျားရည်
- ခေါင်ရမ်းပန်း
ရေနွေးထဲမှာ ပန်းပွင့်လေးတွေကိုထည့်ပြီး အေးသွားတဲ့အခါမှာ ပန်းပေါင်းစုံရည်နဲ့ ရေချိုးခေါင်းလျှော်ပါ။
၅။ ဆံပင်ပြုပြင်ပြီးတဲ့နောက်မှာ လေမှုတ်ပြီး အခြောက်ခံတာကို ရှောင်ကြဉ်ပါ။
အိန္ဒိယလူမျိုးတွေက ဆံပင်ကိုတစ်ခုခုလုပ်ပြီးတဲ့နောက် သင့်ဆံပင်ကို အခြောက်ခံခြင်းမပြုဖို့ အကြံပြုထားပါတယ်။ သင့်ဆံပင်ကို သဘာဝအတိုင်း ခြောက်အောင်ထားလိုက်ပါ။
ဒါ့အပြင် ပိုကောင်းတဲ့ရလဒ် ရဖို့အတွက် ဆံပင်ကို ဘာမှမလုပ်ခင် အရင်ခေါင်းလျှော်ပါ။
၆။ ဦးရေပြားကို နှိပ်နယ်ပြီးနောက် မိနစ် 20 ခန့် အနားယူပါ။
ကျွမ်းကျင်ပညာရှင်တွေကတော့ ရေနွေးနွေးနဲ့ ခေါင်းကို နှိပ်နယ်ဖို့ အကြံပြုထားပေမယ့်လည်း ခေါင်းမလျှော်ချခင် အချိန်အနည်းငယ်လောက် ဒီတိုင်းထားသင့်ပါတယ်။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းအပြင် လည်ပင်းနှင့် ပခုံးတို့ကိုလည်း နှိပ်နယ်ပေးနိုင်ပါတယ်။
၇။ သင့်ဆံပင်အတွက် Green Tea ကို သုံးပါ။
Green Tea က သင့်ခန္ဓာကိုယ်ကို detox လုပ်ဖို့ အစွမ်းထက်တဲ့ သောက်စရာတစ်ခု ဖြစ်တဲ့အပြင် သင့်ဆံပင်ကိုလည်း အလားတူ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးကြောင်း သုတေသီတွေက သက်သေပြခဲ့ပါတယ်။ လက်ဖက်စိမ်းမှုန့်ကို နှင်းဆီရေနဲ့ ရောစပ်ပြီး ပိုကောင်းတဲ့ မွှေးရနံ့ကို ဖန်တီးနိုင်ပါတယ်။
Zombie (lovemedia)
2 Comments
တောင် နဲ့ တောက် မှားနေတဲ့ ခေါင်းစဉ်
ReplyDeleteအိန္ဒိယအမျိုးသမီးတွေ ဆံပင်ထူထဲပြီး တောင်ပြောင်နေရတဲ့ လျှို့ဝှက်ချက် (၇) ခု
စာခေါင်းစီးကို ၃-၄ ခါဖတ်ပါတယ်။ သဘောမပေါက်။
ဆံပင်ထူထဲပြီးတောင် ပြောင်နေရတဲ့ လား။
ဆံပင်ထူထဲပြီး တောင်လိုပြောင်နေရတဲ့ လား။
သိပြီ။ တောက်ပြောင်လို့ ရေးချင်တာထင်တယ်။ Love Media မှာ တင်ထာတာ အတော်များများက ဥပမာ ပုံပြင်လေးတွေ သတ်ပုံမှန်တယ်။ ဒီစာက အတော်ကို မှားနေတယ်။
စုန်းတောက်
ထွန်းတောက်
မီးတောက်
တောက်ခနဲ
တောက်တပို (လျင်မြန်သည်)
တောက်တီးတောက်တဲ့
တောက်တိုမည်ရ
တောက်တဲ့
တောက်ထွန်း
တောက်ပ
တောက်ခေါက်
တောက်လျှောက်
ဒေါက်တာတင့်ဆွေ
ဘာတစ်ခုမှမထွေထွေထူးထူးလုပ်တာမရှိပါဘူး။ကိုယ်တွေလူမျိုးကိုကမွေးထဲကမျက်ခုံးထူထူ၊ဆံပင်ထူထူ၊နှာခေါင်းချွန်ချွန်လေးတွေပါ။I'm Indian girl.
ReplyDelete