Eyeshadow ကို လှလှပပ လိမ်းခြယ်နည်း

မျက်နှာကို မိတ်ကပ်လိမ်းခြယ်ပြီးပေမယ့် မျက်လုံးကို eyeshadow မခြယ်ရသေးရင် တစ်ခုခု လိုအပ်နေသလို ခံစားနေရမှာပါ။ Eyeshadow လိမ်းခြယ်နည်း မမှန်ရင် သင့်ရဲ့ပင်ကိုအလှကိုတောင် ရုပ်ဆိုးသွားစေနိုင်ပါတယ်။ အဲဒါကြောင့် eyeshadow ကို ဘယ်လိုစနစ်တကျ ခြယ်သနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

မိတ်ကပ်ဘရက်ရှ်ကို ရွေးချယ်ပါ။

မှန်ကန်တဲ့ ဘရက်ရှ်ကို ရွေးချယ်ဖို့က အရေးပါပါတယ်။ အလှဆုံးဖြစ်နေဖို့ အနည်းဆုံး ဘရက်ရှ်နှစ်မျိုးလောက် ဆောင်ထားသင့်ပါတယ်။ တစ်မျိုးက eyeshadow ခြယ်သဖို့ဖြစ်ပြီး တစ်မျိုးကတော့ အရောင်တွေကို လိုအပ်သလို ရောစပ်နိုင်ဖို့ပါ။

Primer သို့မဟုတ် concealer

Eyeshadow မခြယ်သခင် အရင်ဆုံး မျက်ခွံပေါ်မှာ Primer သို့မဟုတ် concealer ကို လိမ်းလိုက်ပါ။ ဒီလိုလိမ်းခြင်းဖြင့် eyeshadow က တစ်နေကုန် ကြာရှည်ခံပါတယ်။ ရာသီဥတုပူတာ၊ အဆီပြန်တာ၊ ပွတ်တိုက်မှုတွေကြောင့်လည်း မပျက်တော့ပါဘူး။ concealer က မျက်နှာက မညီညာတာတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။

Eyeshadow ကို‌ ရွေးချယ်ပါ။

သင်က ဘယ် eyeshadow ကိုပဲ ရွေးရွေးကိစ္စမရှိပါဘူး။ ဒါပေမယ့် အဓိက အရောင်သုံးရောင်ဖြစ်တဲ့ အရောင်အရင့်၊ အရောင်အနုနဲ့ အသားအရေနဲ့ ကိုက်ညီတဲ့အရောင်ဆိုတဲ့ အရောင် ၃ ရောင်ကိုတော့ ခြယ်သဖို့လိုပါတယ်။

Eyeshadow ခြယ်သနည်း

မျက်လုံးကို ခြယ်သတော့မယ်ဆိုရင် မျက်ရစ်၊ မျက်ခုံးရိုး၊ မျက်ခွံ၊ မျက်လုံးထောင့်စွန်းနှစ်ဖက်၊ မျက်လုံးအောက်ဘက်ဆိုပြီး အပိုင်းတွေ ခွဲလိုက်ပါ။

- မိမိအသားအရောင်နဲ့တူတဲ့ eyeshawdow အရောင်ကို မျက်ရစ်နဲ့ မျက်ခွံပေါ်မှာ ခြယ်လိုက်ပါ။ အဲဒီအခါ သဘာဝဆန်တဲ့အလှကို ရသွားမှာပါ။

- အရောင်ရင့်တဲ့ eyeshawdow ကတော့ မျက်လုံးကို ပိုပြီးတောက်ပအောင် ကူညီပေးပါတယ်။ အရောင်ရင့် eyeshawdow ကို မျက်ရစ်နဲ့ မျက်လုံးအပြင်ဘက်ကို ခြယ်ပါ။ အရောင်ရင့်ကို မျက်တောင်အောက်ဖက်မှာလည်း ခြယ်ဖို့လည်း မမေ့ပါနဲ့နော်။ မျက်လုံးထောင့်စွန်းနေရာကို eyeshawdow အရောင်ရင့် လိမ်းလိုက်ရင် မျက်လုံးကြီးတဲ့သူတွေအတွက် အရမ်းကြီးတယ်လို့ မထင်ရတော့ပါဘူး။

- အဓိကအရောင် ၂ ရောင်ကို လိမ်းပြီးသွားရင် နောက်ထပ်အရေးပါတဲ့ အရောင်ဖျော့ကို မျက်လုံးအစွန်းဘက်နေ မျက်ခွံအပေါ်ထိ လိမ်းလိုက်ပါ။ ပြီးရင် အရောင်ဖျော့နဲ့ အသားအရောင်နဲ့ တူတဲ့အရောင်ကို ရောပြီးတော့ မျက်ခုံးရိုးပေါ်မှာ ခြယ်သပါ။

နောက်ဆုံးအဆင့်

မျက်လုံးထောင့်စွန်းနေရာကို တဖျတ်ဖျတ်လက်တဲ့ အရောင်ခြယ်သလို့ ရပါတယ်။ အဲဒီအခါ အရောင်တွေက တက်ကြွလာပြီး မျက်လုံးအလှက ပိုပေါ်လွင်လာပါတယ်။ အဲဒီနောက်မှာတော့ မျက်တောင်မှာ mascara ကို သုံးလိုက်ရင် ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments