Indoor plant လေးတွေက အိမ်တွင်းက လေထုကို သန့်စင်ပေးပါတယ်။ စိတ်ကိုလည်း ကြည်လင်စေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ စိတ်ကူးအတွေးအခေါ်သစ်တွေကိုလည်း တိုးတက်လာအောင် အပင်လေးတွေက မြှင့်တင်ပေးနိုင်ပါတယ်။
ဒါပေမယ့် အိမ်တွင်းစိုက်အပင်လေးတွေကို ဂရုစိုက်ဖို့မေ့နေတဲ့အခါ အပင်လေးတွေက ညှိုးနွမ်းပြီး အသက်မရှင်နိုင်တော့ပါဘူး။ အဲဒါကြောင့် အိမ်တွင်းစိုက်အပင်လေးတွေ မရှင်နိုင်တော့တဲ့အခြေအနေမှာ ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ငှက်ပျောသီးခွံ
ငှက်ပျောသီးတွေကို စားပြီးတဲ့အခါ ငှက်ပျောခွံလေးတွေကို လွှင့်မပစ်ပါနဲ့နော်။ ငှက်ပျောသီးခွံက အပင်တွေအတွက် သဘာဝမြေဩဇာပါပဲ။ ငှက်ပျောသီးခွံမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တွေ ပါဝင်ပါတယ်။
အဲဒီအာဟာရဓာတ်တွေက အပင်ကို ကျန်းမာစေတဲ့အရာတွေဖြစ်ပြီး ကြီးထွားလာမှုကိုလည်း အားပေးပါတယ်။ ငှက်ပျောခွံကို ကြိတ်စက်ထဲမှာ ရေအနည်းငယ်နဲ့ ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို မြေကြီးအနည်းငယ် ရောထည့်ပြီး အပင်ခြေမှာ ထည့်လိုက်ရုံပါပဲ။
၂။ အပင်ကို ရွှေ့စိုက်ပါ။
အပင်ရဲ့အရွက်တွေက သေးငယ်လာပြီး အရောင်ဖျော့တော့လာတာကို တွေ့ရမှာပါ။ နေရောင်ခြည် မရရှိတာကြောင့်လည်း အရွက်ရဲ့အရောင်က ဖျော့တော့လာနိုင်ပါတယ်။ အဲဒါကြောင့် အပင်လေးကို အလင်းရောင် ရရှိတဲ့နေရာကို ရွှေ့လိုက်ပါ။
အရွက်တွေက ဝါလာပြီး အရွက်ထိပ်ပိုင်းတွေက အညိုရောင်ဖြစ်လာရင် နေရောင်ခြည်တိုက်ရိုက် ရရှိတာကြောင့်ပါ။ အဲဒီအခါ အပင်ကို နေရောင်ခြည် တိုက်ရိုက်မရတဲ့နေရာကို ရွှေ့စိုက်ပါ။
၃။ အိုးကို ပြောင်းလဲစိုက်ပါ။
တစ်ခါတရံမှာ မရှင်နိုင်တော့တဲ့ အပင်တွေအတွက် အိုးကို ပြောင်းလဲစိုက်ဖို့ လိုပါတယ်။ အိုးနဲ့အပင်နဲ့မမျှရင် အပင်က ကောင်းကောင်းကြီးထွားဖို့ နေရာမရတော့ပါဘူး။
အပင်လေးကို ပိုကြီးတဲ့အိုးထဲ ပြောင်းလဲမစိုက်ပျိုးခင်မှာ ၂ ရက်ခန့်ရေလောင်းပေးပါ။ ပြီးတော့မှာ အိုးကို ပြောင်းလဲစိုက်ပျိုးပါ။ အိုးကို ပြောင်းလဲစိုက်ပျိုးနေချိန်မှာ အမြင်လေးတွေကို တိပေးလို့ ရပါတယ်။
၄။ ကာဗွန်နိတ်တက်ရေလောင်းပါ။
ကာဗွန်နိတ်တက်ရေမှာ ကာဗွန်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ဆာလဖာနဲ့ ဆိုဒီယမ်တို့ ပါဝင်ပါတယ်။ ကာဗွန်နိတ်တက်ရေကို အိမ်တွင်းစိုက်အပင်တွေမှာ လောင်းတဲ့အခါ အပင်က ကြီးထွားပြီး အရွက်တွေကို သိသိသာသာစိမ်းစိုလာပါတယ်။
ဒါပေမယ့် ခပ်ချိုချိုဆိုဒါကိုတော့ အပင်ကို မလောင်းသင့်ပါတယ်။ အရသာချိုတဲ့ဆိုဒါက အပင်ကို ရေမစုပ်ယူနိုင်အောင် ပြုလုပ်တာကြောင့်ပါ။
၅။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
အပင်ရဲ့အရွက်တွေက ဝါလာပြီး အပွင့်တွေက ညှိုးလာပြီဆိုရင် အမြစ်ပုပ်လာတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို အသုံးပြုနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ချွတ်ဆေးအဖြစ် အသုံးဝင်တဲ့အပြင် အပင်အမြစ်မှိုဝင်တာကို ကာကွယ်ပေးပါတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်(၁၅ မီလီလီတာ) လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး အပင်ကို ဖျန်းပေးပါ။ အဲဒီအခါ အမြစ်တွေက ကျန်းမာလာပြီး အမြစ်မှိုစွဲတာလည်း ကင်းရှင်းသွားမှာပါ။
Zombie (lovemedia)
0 Comments