ခွေးလေးတွေကို ကလေးတစ်ယောက်လို ချစ်ရတဲ့အကြောင်းအရင်းများ

အချစ်ဆိုတာက အမျိုးအနွယ် မခွဲခြားဘဲ ချစ်နိုင်သလို အကန့်အသတ်လည်း မရှိပါဘူး။ သင်က ကလေးမိဘဖြစ်နေရင်တောင် ခွေးအတွက် အချစ်တွေ ခွဲဝေပေးနိုင်ပါသေးတယ်။ သူတို့အပေါ်ပေးတဲ့ ချစ်ခြင်းအမျိုးအစားက အလွန်ဖြူစင်ပြီး ခြွင်းချက်မရှိ တူညီလုနီးပါး ဖြစ်နေတယ်လို့ သင်ခံစားရနိုင်ပါတယ်။

သင့်ခွေးနှင့် သင့်ကလေးအအပေါ် ခံစားချက်တွေ ဘာကြောင့်တူညီနေသလဲလို့ တွေးဖူးမှာပါ။ လူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်း ကျော်ကတည်းက တိရိစ္ဆာန်လေးတွေကို အဖော်အဖြစ် မွေးစားခဲ့ကြပါတယ်။

သူတို့နဲ့ လူတွေ အပေါ်မှာရှိတဲ့ နှောင်ကြိုးအမျိုးအစားက ဖောက်ဖျက်လို့ မရနိုင်ကြောင်း ထင်ရှားနေပါတယ်။ ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးသူငယ်ချင်း ဖြစ်တယ်ဆိုတဲ့ စကားလုံးကို အားလုံးကြားဖူးကြပေမယ့်လည်း ချစ်ခြင်းမေတ္တာတွေကတော့ အဲဒီထက်ကျော်လွန်သွားပါပြီ။

Massachutes အထွေထွေရောဂါကုဆေးရုံကြီးက သုတေသနပြုမှုဟာ လူသားတွယ်တာမှုသီအိုရီရဲ့ တူညီချက်တွေကတစ်ဆင့် မိခင်နှင့်ကလေးအကြား ဆက်နွှယ်မှုကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီသီအိုရီက ကလေးတစ်ဦးအပေါ်ကို ဘေးကင်းမှု၊ ဂရုဏာနှင့် လုံခြုံမှုကို ပေးဆောင်တဲ့ ပြုစုစောင့်ရှောက်သူကနေ ခံစားရတဲ့တွယ်တာမှုကို ရည်ညွှန်းပါတယ်။

လေ့လာမှုရဲ့ရည်ရွယ်ချက်က ကလေးနှင့် သူတို့ရဲ့ ခွေးရုပ်ပုံတွေကို ကြည့်ရှုတဲ့အခါ ဦးနှောက်လုပ်ဆောင်ချက်ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ အနှောင်အဖွဲ့ 2 ခုရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ အာရုံကြောခန္ဓာဗေဒကို စစ်ဆေးဖို့ ဖြစ်ပါတယ်။

သုတေသနဟာ စိတ်ခံစားမှုတွေနှင့် ဆက်နွယ်မှုနှောင်ကြိုးတွေ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေတယ်လို့ သိထားတဲ့ ဦးနှောက်ရဲ့ အပိုင်းတွေကို အဓိကအာရုံစိုက်ခဲ့ပါတယ်။ လေ့လာမှုမှာ အသက် 2 နှစ်ကနေ 10 နှစ်ကြား ကလေးမွေးထားတဲ့ မိခင်တွေနှင့် ခွေးကို တစ်နှစ်ကျော်ထိ မွေးထားတဲ့ မိခင်တို့ ပါဝင်ပါတယ်။

ပါဝင်သူတွေကိုလည်း သူတို့ရဲ့ခွေးတွေနှင့် ကလေးတွေရဲ့ ဓာတ်ပုံတွေကို ယူဆောင်လာဖို့ တောင်းဆိုခဲ့ပါတယ်။ လေ့လာမှုအတွင်း မှာလည်း သူတို့နဲ့ဆက်စပ်မှုမရှိတဲ့ အခြားကလေးတွေနှင့် အခြားခွေးတွေရဲ့ ပုံတွေကိုလည်း ပြသခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ သူတို့ရဲ့ ခွေးတွေနှင့် ကလေးတွေရဲ့ ရုပ်ပုံတွေကို ကြည့်ရှုတဲ့ မိခင်တွေဟာ စိတ်ခံစားမှု၊ ကရုဏာ၊ ချစ်ခင်မှုနှင့် ဆုလာဘ်တို့နဲ့ ဆက်နွှယ်နေတဲ့ ဦးနှောက်အပိုင်းတွေမှာ ထူးခြားတဲ့ ဆက်နွှယ်မှုရှိကြောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့် အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ကလေးနှင့် ခွေးပုံကို ပြတဲ့အခါ ဘာထူးခြားချက်မှ ဖြစ်မလာခဲ့ပါဘူး။

မိခင်တွေက သူတို့ရဲ့ ရင်သွေးငယ်တွေအကြောင်း ပြောဆိုတဲ့အခါ ဒါမှမဟုတ် ခွေးလေးတွေအကြောင်းပြောတဲ့အခါမှာ ဆက်နွယ်နေတဲ့ ဦးနှောက်အပိုင်းတွေတုံ့ပြန်မှု အားကောင်းလာကြောင်း လေ့လာမှုက သက်သေပြနိုင်ခဲ့ပါတယ်။

လေ့လာမှုရဲ့ ဦးဆောင်သုတေသနပြုသူ Lori Palley ရဲ့အဆိုအရ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတို့ရဲ့ဘဝနှင့် နှလုံးသားထဲမှာ အထူးနေရာတစ်ခုအဖြစ် အမြဲတည်ရှိနေကြောင်း သက်သေပြခဲ့ပြီး ယခုအခါ သက်သေထပ်ပြဖို့ ဓာတ်ခွဲခန်းနှင့် လက်တွေ့လေ့လာမှုတွေ နှစ်ခုစလုံးရှိနေပြီ ဖြစ်ပါတယ်။

ဒါတင်မကဘဲ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ရှိခြင်းက လူသားတွေအတွက်လည်း လူမှုဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးတဲ့အတွက် လူသားတွေအတွက် အလွန်အကျိုးရှိပါတယ်။ သူတို့ဟာ ဘယ်တော့မှ မကြီးပြင်းတဲ့ ကလေးတွေနဲ့ တူပါတယ်။ သူတို့ဟာ ပျော်ရွှင်ချင်ကြတယ်၊ ခြွင်းချက်မရှိ ချစ်ခင်ကြင်နာမှုတွေ ပေးချင်ကြတယ်။

မိခင်တွေရဲ့ သဘာဝကလည်း ပြုစုစောင့်ရှောက်ပေးသူတွေဖြစ်ပြီး သူတို့ရဲ့ နှလုံးသားထဲမှာ ကလေးနှင့် အမွေးထူထူ သတ္တဝါလေးတွေဟာ တစ်နေရာတည်းမှာ ရှိနေပါတယ်။ ဂရုစိုက်မှု၊ ချစ်မြတ်နိုးမှု၊ ကျွေးမွေးမှု၊ ပြုစုပျိုးထောင်မှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာတွေနှင့် စိတ်ခံစားမှုတွေ ရှိဖို့ လိုအပ်ပါတယ်။

အကုန်လုံးက မိသားစုတွေပါပဲ။ သူတို့ဟာ ကြီးမြတ်တဲ့ အပေါင်းအဖော်တွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ မိသားစုကို အားကိုးတတ်ကြပြီး ဉာဏ်လည်း အလွန်ကောင်းတတ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments