ВВ, СС, နှင့် DD Creams တို့ရဲ့ကြားက ကွာခြားချက်များ

တော်တော်များများက မျက်နှာလိမ်းခရင်မ်ကို သုံးကြပါတယ်။ အစိုဓာတ်ထိန်းခြင်း၊ နေကာခရင်မ်၊ လိမ်းဆေး၊ ညဘက်၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးကြပါတယ်။ BB ခရင်မ်က မိန်းကလေးတွေအတွက် အတော်ရင်းနှီးတဲ့အရာ ဖြစ်ပေမယ့်လည်း CC နှင့် DD ခရင်မ်တွေကိုတော့ သိပ်မသိကြပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ခရင်မ်တွေကြားက ကွာခြားချက်ကို love media ကနေ ပြောပြပေးချင်ပါတယ်။

ВВ cream

ВВ ခရင်မ်လို့ ခေါ်တဲ့ "Beauty Balm" ဟာ အတော်လေးကိုပေါ့ပါးပြီး လိမ်းထားရင် နေလို့ကောင်းတဲ့ခရင်မ် ဖြစ်ပါတယ်။ အရေပြားကို ရေဓာတ်ထိန်းပေးပြီး အများစုမှာ နေရောင်ကာခရင်မ်တွေ ပါဝင်ပါတယ်။ BB Cream ဟာ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

အမှန်တော့ ဒါက primer သို့မဟုတ် makeup base ဖြစ်ဖို့ အထူးထုတ်လုပ်ထားတဲ့ အထူးထုတ်ကုန်ဖြစ်ပြီး ရေဓာတ်နဲ့ tone coverage ကိုလည်း ပေးစွမ်းပါတယ်။ ပုံမှန်အစိုဓာတ်ထိန်းခရင်မ်ထက် ပိုမိုသိပ်သည်းစွာ ဖုံးအုပ်ပေးပေမယ့်လည်း ပုံမှန်မိတ်ကပ်ဖောင်ဒေးရှင်းလိုမျိုး မသိပ်သည်းပါဘူး။ BB ခရင်မ်တွေက ငယ်ရွယ်တဲ့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။

အသုံးပြုနည်း

Beauty Blender ဒါမှမဟုတ် Brush ပေါ်မှာ ပဲစေ့အရွယ်လောက်လေး ညှစ်ပြီး သင့်အရေပြားပေါ် သေချာလိမ်းပါ။ သင့်လက်ချောင်းပေါ်မှာ ရောစပ်နိုင်ပေမယ့်လည်း သေချာနှံ့စပ်အောင် မွှေပေးဖို့တော့ လိုပါတယ်။ ခရင်မ်ကို မျက်နှာပေါ်မှာထပ်ကာထပ်ကာ ဖုံးအုပ်ပြီး လိမ်းနိုင်ပါတယ်။

СС cream

СС ခရင်မ်က “အရောင်ပြုပြင်ခြင်း” ကို ကိုယ်စားပြုပါတယ်။ မညီညာတဲ့ မျက်နှာအရောင်ကို ပြုပြင်ပေးတဲ့အပြင် အမည်းစက်နှင့် အခြားမပြည့်စုံမှုတွေကို ဖုံးကွယ်ပေးပါတယ်။ CC ခရင်မ်က နီမြန်းခြင်းကို ဖုံးကွယ်ပေးပြီး အသားအရေအရောင်ကို ပိုမိုကောင်းမွန်စေပါတယ်။ မညီညာတဲ့ အသွင်အပြင်နှင့် အရေးအကြောင်းတွေကို ချောမွေ့မယ့် ပစ္စည်းတွေလည်းပါပါတယ်။

ဒီခရင်မ်က အရွယ်ရောက်ပြီး အိုမင်းရင့်ရော်တဲ့ အသားအရေအတွက် အထူးဒီဇိုင်းထုတ်ထားပြီး အရောင်နှင့် အသားအရည်ကို ညီညာစေပါတယ်။ CC ခရင်မ်အများစုမှာ ဗီတာမင် C လိုမျိုး အသားအရေကို တောက်ပစေတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

အသုံးပြုနည်း

မျက်နှာသစ်ခြင်းနှင့် အစိုဓာတ်ထိန်းခြင်း အဆင့်တွေပြီးရင်တော့ CC ခရင်မ်ကို Beauty Blender ဒါမှမဟုတ် သင့်လက်ချောင်းတွေနဲ့ အစက်လေးတွေ လိုက်ချလိုက်ပါ။ စက်ဝိုင်းပုံစံလိမ်းပါ။ ပမာဏကတော့ သင်လိမ်းဖို့ လိုအပ်တဲ့ အရေပြား ဧရိယာပေါ်မှာ မူတည်ပြီး လိမ်းပါ။

DD cream

DD ခရင်မ်ဆိုတာကတော့ “Dynamic Do-All” ဆိုတဲ့ ဘက်စုံသုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြထားတာတွေနဲ့ အဓိကကွာခြားချက်ကတော့ DD ခရင်မ်တွေက အသားအရေကို ကာကွယ်မှုပေးဖို့ အဓိက ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။

သဘောကတော့ DD ခရင်မ်တွေမှာ SPF နှင့် Antioxidant တွေ မြင့်မားစွာပါဝင်တဲ့အပြင် အရေးအကြောင်းနှင့် အရေပြား ပျက်စီးမှုတို့ကို ကာကွယ်ဖို့ အပိုပါဝင်ပစ္စည်းတွေလည်း ပါရှိပါတယ်။ DD cream ရဲ့ texture ကတော့ ပုံမှန် moisturizer နှင့် BB cream နှစ်မျိုးလုံးနှင့် ဆင်တူပါတယ်။

အသုံးပြုနည်း

DD ခရင်မ်ကိုတော့ သာမန် primer ဒါမှမဟုတ် မိတ်ကပ်အောက်ခံသုံးတဲ့နည်းအတိုင်း အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments