သင့်ကလေးက သင့်ထက် တခြားသူတွေကို ပိုချစ်နေရင် ဒီနည်းလမ်း​လေး​တွေကို အသုံးပြုပါ

ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုအားလုံးကို သင့်ရဲ့ ကလေးဆီကို ပေးထားပေမယ့် က​လေးက သင့်ထက် တခြားသူကို ပိုချစ်နေမယ်ဆိုရင်တော့ ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်နေတာက သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သင့်ကလေးရဲ့ဘ၀မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်မယ့် သင်လုပ်နိုင်တဲ့အရာတွေရှိပါတယ်။

အ​ကြောင်းရင်းကို အဖြေရှာကြည့်ပါ။

သင့်ကလေးက သင်မဟုတ်ပဲ တခြားသူတွေနဲ့ အချိန်ဖြုန်းပါများရင် သူတို့ကို သံယောဇဉ် ပိုတွယ်သွားတတ်ကြတာ ထုံးစံပါပဲ။ တကယ်လို့ သင့်မှာအချိန်အများကြီး မရရင်တောင် နည်းနည်းလောက်ပဲ ဖဲ့ပြီးတော့ပဲဖြစ်ဖြစ် သင့်ကလေးကို အချိန်ပေးပါ။ သူတို့အကြိုက်တွေကို လိုက်လုပ်ပေးပြီးတော့ တခြားသူတွေထက် သင်က ပိုချစ်တယ်ဆိုတာကို သူတို့မြင်အောင် ပြပါ။

အချိန်နှောင်းသွားတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

ကလေးတွေက မိဘနှစ်ယောက်ထဲက တစ်ယောက်ကို ပိုချစ်တတ်ကြပါတယ်။ အမေနဲ့အတူ ဆော့ကစားတယ်ဆိုရင် အမေကို ပိုချစ်တတ်ကြပြီး အဖေက ညအိပ်တိုင်း အိပ်ယာဝင် ပုံပြင်ပြောပြတယ် ဆိုရင်တော့ အဖေကို ပိုချစ်တတ်ကြပါတယ်။

ဒါ့အပြင် လူ ၂ ယောက်ကို တပြိုင်နက်တည်း ချစ်နိုင်တယ်ဆိုတာကို နားလည်ဖို့ကလည်း ခဲယဉ်းပါတယ်။ ဒါက သူတို့ရဲ့ ဦးနှောက် အလုပ်လုပ်ပုံပါပဲ။ ကလေးတွေက တခါတလေမှာ အမေကို ပိုချစ်တတ်ပြီးတော့ တခါတလေကျတော့လည်း အဖေကို ပိုချစ်နေတတ်ပါတယ်။ ဒါကြောင့် သင်လုပ်ရမှာက သင့်ကလေးကို ဒီအဆင့်ကနေ ကြီးပြင်းဖို့ အချိန်တစ်ခုပေးဖို့ပါပဲ။

သင့်ခံစားချက်တွေကို ထိန်းချုပ်ပါ။

သင်က သင့်ကလေးနဲ့ တစ်စုံတစ်ခုကို တူတူလုပ်ချင်ပေမယ့် သင့်ကလေးက တခြားသူတွေနဲ့ ပိုလုပ်ချင်နေတယ် ဆိုရင်တော့ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမယ့် စိတ်ခံစားမှုလွန်ကဲပြီး သင့်ကလေးအပေါ်ကို ဒေါသမထွက်မိအောင် ကြိုးစားပါ။

သင့်ရဲ့လက်တွဲဖော်ကို ရွေးချယ်မိတာ ဝမ်းနည်းစရာကောင်းတယ်လို့တောင်ပြောနိုင်ပေမယ့် သင့်ရဲ့ရွေးချယ်မှုက သင့်ရဲ့ကလေးအပေါ်ကို အပြစ်ရှိတယ်လို့မခံစားရအောင် အေးအေးဆေးဆေး ကြိုးစားပါ။ ဒါက သင့်ကလေးနှင့် ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်စေဖို့ ကူညီပေးမှာဖြစ်ပြီး သင့်ခံစားချက်တွေကို ပြောပြပြီး စာနာနားလည်တတ်သွားအောင် သင်ပေးနိုင်ပါတယ်။

သင့်ကလေးကို ကိုယ်ချင်းစာပေးပါ။

တစ်ခါတလေမှာ သင်မအားတာကြောင့် သင့်ကလေးက တခြားမိဘတွေ၊ လူကြီးတွေဆီကို အားကိုးပြီး အကူအညီ တောင်းတတ်ကြပါတယ်။ ဒီလိုဖြစ်လာရင် ဒေါသမထွက်ပါနဲ့။ သင့်ကလေးကို သူတို့ရဲ့ခံစားချက်တွေကို သင်နားလည်ကြောင်းပြောပြပါ။ ဒီလိုလုပ်တာက မကောင်းဘူးဆိုတာကို ပြောပြပါ။ ဒါပေမယ့် ဒီလိုအခြေအနေတွေအတွက် သင်ကအမြဲတမ်း အဆင်သင့်ရှိနေပြီး သူတို့ကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြပါ။

သင်ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ သတိရပါ။

သင်နဲ့ သင့်လက်တွဲဖော်တို့ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး ကလေးအပေါ်ကိုတော့ ဆိုးသွမ်းတဲ့မိဘလို့မထင်မိအောင် ဂရုစိုက်ပါ။ အကြိုက်ဆုံးတွေကို ရွေးချယ်ခြင်းက အဆင့်တစ်ခုမျှသာ ဖြစ်တဲ့အတွက် သင့်ကလေးရဲ့ အကြိုက်တွေက သင်နှင့် သင့်တန်ဖိုးကို မသတ်မှတ်ထားပါဘူး။

စည်းကမ်းတွေ သတ်မှတ်ပါ။

ကလေးကို သင့်ပေါ်ပိုချစ်လာစေချင်တယ် ဆိုရင်တော့ စည်းကမ်းတွေ သတ်မှတ်ထားတာ ကောင်းပါတယ်။ သူတို့မကြိုက်တာကိုလည်း သင်မလုပ်သလို သင်မကြိုက်တာကိုလည်း သူတို့မလုပ်ဖို့ ကတိတွေထားပါ။ မဟုတ်ရင် သင့်ကလေးက သင့်ကို လှည့်စားတတ်လာနိုင်ပါတယ်။ သင်ကသာ ခွင့်မပြုပေမယ့် သင့်ရဲ့ လက်တွဲဖော်ကနေ ခွင့်ပြုတာမျိုး မဖြစ်အောင်လည်း မိဘအချင်းချင်း တိုင်ပင်ထားပါ။

မိဘအချင်းချင်း အကောင်းပြောပေးပါ။

ကလေးနဲ့ နှစ်ယောက်တည်း အတူတူရှိတဲ့ အချိန်တွေမှာဆို သားရဲ့ မေမေက ဘယ်လောက်ချစ်တယ်၊ ဖေဖေက ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာကို ပြောပြပေးပါ။ မိဘအချင်းချင်း မတည့်လို့ အမြင်မကြည်တာကို ကလေးကို သွားပြောပြရင်တော့ ကလေးက ချစ်လာမှာမဟုတ်ပဲ မသိစိတ်ထဲကနေ မုန်းမိသွားပါလိမ့်မယ်။

ဒါကြောင့် ကောင်းကွက်တွေကို ရွေးပြောပေးပါ။ ဖေဖေ၊ မေမေက ဘယ်လောက်တော်ပြီး ဘယ်လောက်ချစ်တတ်တယ်ဆိုကို ပြောပြပါ။ ပြီးရင် သူတို့သဘောကျတဲ့ အရာလေးတွေကို နာမည်ပြောင်လေးတွေ ပေးခိုင်းပါ။

Zombie (lovemedia)

Post a Comment

0 Comments