သင့်ကလေး အသက်ရှူကျပ်ဆို့နင်လာရင် ဒီနည်းလမ်းတွေကို အသုံးပြုပါ

တကယ်လို့ သင့်ကလေးက ရုတ်တရက် ဆို့နင်ပြီးအသက်ရှူရခက်လာရင် သင်ဘယ်လိုလုပ်ပေးမလဲ။ ရှေးဦးသူနာပြုစုခြင်း သင်တန်းတွေကို ၁၉ ရာစုကတည်းက စတင်ခဲ့ပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေက ခုချိန်ထိအသုံးဝင်နေသေးတာကို သိတဲ့လူကနည်းပါတယ်။ ဒါကြောင့် သင့်ကလေးမှာ ဒီလိုအခြေအနေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

ကလေးက အသက်ရှူကျပ်နေလားဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ။

သင့်ကလေးက အသက်ရှူရခက်ပြီး ချောင်းဆိုးနေတယ် ဆိုရင်တော့ လည်ပင်းမှာ တစ်ခုခုတစ်ဆို့နေလို့ပါ။ လည်ပင်းမှာကပ်နေတဲ့အရာကို ထုတ်ပစ်ဖို့အတွက် ဆက်တိုက်ချောင်းဆိုးပေးဖို့ လိုအပ်ပါတယ်။ တစ်ခုခုကို မျိုချမိတာကြောင့်လည်း အသံအိုးနားမှာကပ်နေပြီးတော့ အော့အန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှုတွေက ကလေးရဲ့ လည်ချောင်းကို ဘာအကူအညီမှမပါပဲ ရှင်းလင်းပေးသွားပါလိမ့်မယ်။

ကလေးဟာ ရုတ်တရက် ချောင်းဆိုးခြင်း၊ အော်ဟစ်ခြင်း ဒါမှမဟုတ် အခြားအသံထွက်ခြင်းကနေ ရပ်တန့်သွားရင်တော့ တစ်စုံတစ်ခုဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သွားတယ်လို့ ဆိုလိုနိုင်ပါတယ်။ မပီသတဲ့အသံတွေ ဒါမှမဟုတ် ပါးစပ်ဟပြီး အသံမထွက်တာတွေဖြစ်ရင်တော့ လေဖြတ်ခြင်းကို ညွှန်ပြနေပါတယ်။

အရေပြားအရောင်ပြောင်းလဲခြင်း၊ ရှူရှိုက်နိုင်ခြင်း မရှိခြင်းနှင့် တံတွေးတွေက ခဏခဏထွက်နေတာက အသက်ရှူကျပ်ခြင်းရဲ့ ထင်ရှားတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ တချို့တွေမှာဆိုရင် သတိလစ်ခြင်းအထိဖြစ်နိုင်ပါတယ်။

ကလေးကိုကူညီပေးဖို့အတွက် သင့်ဘက်က စိတ်အေးအေးထားပြီး အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်မရောက်လာမီ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ပါ။

ကပ်နေတဲ့ အရာဝတ္တုကို လက်နဲ့ ထုတ်ဖို့မလုပ်ပါနဲ့။ ဒါက ကပ်နေတဲ့အရာကို အသက်ရှူလမ်းကြောင်းထဲကို ပိုဝင်သွားစေနိုင်ပါတယ်။ သင်မြင်နိုင်တဲ့ အနေအထားဖြစ်နေမှသာ ကပ်နေတဲ့ဟာကို ပါးစပ်ကနေဖယ်ရှားပါ။

အသက် ၁ နှစ်အောက်တွေမှာ ဖြစ်တတ်ပါတယ်

နို့စို့အရွယ် အများစုမှာ ဖြစ်တတ်ပါတယ်။ ကလေးက ဗိုက်အရမ်းဆာနေတဲ့အချိန်၊ အနေအထားမှားပြီး ကိုင်မိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မိခင်နို့အမြောက်အများ အမြန်မမျိုနိုင်တာကြောင့် ကလေးမှာ ပိတ်ဆို့တာတွေ၊ အသက်ရှူကျပ်တာတွေ ဖြစ်နိုင်ပါတယ်။ ဝါးကျွေးတဲ့အစာက ကောင်းကောင်းမကြေရင်လည်း ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သင့်ကလေးရဲ့အသက်ကို ကယ်တင်နိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။

- ကလေးကို သင့်ပေါင်ပေါ်မှာ ဇောက်ထိုးမှောက်လျက်တင်ထားပါ။ လက်နဲ့ ကလေးရဲ့ပုခုံးနဲ့ကျောကို ၅ ကြိမ်လောက် သပ်ချပေးပါ။

- ကလေးကို ပက်လက်ထားပြီး သင့်ပေါင်ပေါ်တင်ထားလိုက်ပါ။ ။ နံရိုးအောက်ကို လက်ခလယ်နှင့် လက်ညိုးသုံးပြီး ၅ ကြိမ် နှိပ်ပါ။

၁ နှစ်အထက် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အသက်အရွယ်ကြီးသွားတဲ့ ကလေးတွေကိုတော့ မတူညီတဲ့နည်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

- ကလေးရဲ့ ချိုင်းကြားကနေ သင့်လက်ကို ထည့်ပြီး ရင်ဘတ်နားကပ်ထားပါ။ ပြီးရင် အားနဲ့၅ ကြိမ်လောက် အနောက်ကိုဆွဲပါ။

- ကလေးက ငယ်သေးရင် ခါးကုန်းပြီး ဒူးပေါ်မှောက်ခိုင်းပါ။ လက်တစ်ဖက်ကို ရင်ဘတ်အောက် နံရိုးကြားထားပြီး နောက်လက်တစ်ဖက်နဲ့ ၅ ကြိမ် ဖိချပါ။ ကပ်နေတဲ့ဟာ ပြန်ထွက်လာတဲ့အထိ လုပ်ပါ။

တကယ်လို့ ကလေးကအသက်ရှူကြပ်တာ မသက်သာတာပဲဖြစ်ဖြစ်၊ ကပ်နေတဲ့ဟာကို ဖယ်ရှားပြီးတဲ့နောက် သတိလစ်သွားရင်တော့ နှလုံးကို ဖိပေးဖို့လိုအပ်ပါတယ်။ လုပ်နည်းက မွေးကင်းစကလေးတွေနှင့် အရွယ်ရောက်ပြီးတဲ့ ကလေးတွေမှာ မတူပါဘူး။

ကလေးတွေ အသက်ရှူကျပ်ဆို့နင်တာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

သင့်ကလေးအတွက် အသက်ရှုကျပ်ခြင်းအန္တရာယ်ကို လျှော့ချဖို့အတွက် ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်ပါတယ်။

- သေးငယ်တဲ့အရာတွေ ပါးစပ်ထဲကို မထည့်မိစေအောင် သေချာအောင် ဂရုစိုက်ပါ။

- အရုပ်သေးသေးလေးတွေနဲ့ မဆော့ခိုင်းပါနဲ့။

- အစေ့မပါတဲ့ အသီးအနှံတွေပဲကျွေးပါ။

- အစာကို ကျေညက်အောင်လုပ်ပြီးမှ ကျွေးပါ။

- ထမင်းစားနေတဲ့အချိန် ရယ်မောပြီး စကားမပြောရကြောင်း ကလေးကို ရှင်းပြပါ။

- သင့်ကလေးကို ပါးစပ်ထဲမှာ အစာအများကြီးမစားမိအောင် သင်ပေးပါ။

- အတင်းအကြပ် မကျွေးပါနဲ့။

- လမ်းလျှောက်နေချိန်မှာပဲဖြစ်ဖြစ်၊ ယာဉ်တစ်ခုခုစီးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် သင့်ကလေးကို အစားအသောက် မစားခိုင်းပါနဲ့။

- အစားစားနေချိန် အာရုံစိုက်စားခိုင်းပါ။

- ဘောပင်အဖုံးတွေ၊ ခဲဖျက်တွေကို ပါးစပ်ထဲ မထည့်ခိုင်းပါနဲ့။

အရွယ်ရောက်ပြီးတဲ့သူတွေတောင် တစ်ဆို့ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းတွေကို လိုက်နာခြင်းက သင့်ကလေးကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

zombie (lovemedia)

Post a Comment

0 Comments