ကြောင်မွေးထားသူတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တစ်ခု

အမေရိကန်နိုင်ငံက မိသားစုပေါင်း ၆၈ ရာခိုင်နှုန်းမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိကြပါတယ်။။ ၃၆.၅ ရာခိုင်နှုန်းကတော့ ခွေးမွေးကြပါတယ်။ ၃၀.၄ ရာခိုင်နှုန်းကတော့ ကြောင်မွေးကြပါတယ်။

ဒီနေ့မှာတော့ ကြောင်ပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တစ်ခုကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကြောင်လေးတွေ မွေးထားရင် စိတ်ဖိစီးမှုတွေ လျော့နေလာတာကို တွေ့ရမှာပါ။ လူသားတွေက သူတို့ရဲ့နေ့စဉ်ဘဝနဲ့ ကိုက်ညီတဲ့ အိမ်မွေးတိရစ္ဆာန်ကို ရွေးချယ်ကြပါတယ်။ အဲဒီအကြောင်းကို တက္ကသိုလ်ကြီး ၃ခုဖြစ်တဲ့ University of Florida, Carroll University နဲ့ Marquette University တို့က လေ့လာချက်တွေအရ သိနိုင်ပါတယ်။

တက္ကဆက်တက္ကသိုလ်က ပညာရှင် Samueel D.Gosling က ကြောင်ပိုင်ရှင်တွေနဲ့ ခွေးပိုင်ရှင်တွေကို နှိုင်းယှဉ်ကြည့်ဖို့ စိတ်ကူးရရှိခဲ့ပါတယ်။ ဒါ့အပြင် Carroll University က တွဲဘက်ပါမောက္ခ Denise D.Guastello နဲ့ Stephen J.Guastello ကလည်း ကြောင်ပိုင်ရှင်တွေနဲ့ ခွေးပိုင်ရှင်တို့ရဲ့ ပင်ကိုစရိုက်တွေကို လေ့လာခဲ့ပါတယ်။

ဒီလေ့လာချက်မှာ ဘွဲ့မရသေးတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသား ၆၀၀ ပါဝင်ခဲ့ပါတယ်။ ပါဝင်သူရဲ့အဖြေတွေအရ ခွေးမွေးထားသူတွေက ဖော်ဖော်ရွေရွေနဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်ကြောင်း တွေ့ရပါတယ်။

ကြောင်မွေးထားသူတွေကတော့ ဆတ်ဆတ်ထိမခံဘဲ ပိုပြီးတီထွင်နိုင်စွမ်းရှိသူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ တစ်ခုကတော့ ကြောင်ပိုင်ရှင်တွေက သူတို့စိတ်ဝင်စားတဲ့အရာတွေကို တစိုက်မတ်မတ် လုပ်တတ်သူတွေဖြစ်ကြောင်း တွေ့ရတာပါ။

စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ ဉာဏ်ရည်ဉာဏ်သွေးပါ။ ကြောင်ပိုင်ရှင်တွေက ခွေးပိုင်ရှင်တွေထက် ပိုပြီး ဉာဏ်ရည်မြင့်မားတာကို သူတို့ရဲ့လေ့လာချက်မှာ အခိုင်အမာဖော်ပြထားပါတယ်။ ဒီအချက်တွေကတော့ စိတ်ပညာဆိုင်ရာမေးခွန်းတွေနဲ့ ဖြေဆိုတဲ့အဖြေတွေပေါ် မူတည်ပြီး ကောက်ချက်ချထားပါ။

လက်တွေ့မှာလည်း ကြောင်ပိုင်ရှင်တွေက တီထွင်နိုင်စွမ်းရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းတာကို တွေ့ရပါတယ်။ သင်ဟာ ကြောင်မွေးထားသူပဲဖြစ်ဖြစ်၊ ခွေးမွေးထားသူပဲဖြစ်ဖြစ် သင့်ရဲ့ကလေးလေးကို ချစ်နေဖို့ကသာ အရေးအကြီးဆုံးပါ။

သင်က ဉာဏ်ကောင်းသူပဲဖြစ်ဖြစ်၊ ပွင့်လင်းသူပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်ကြောင်လေးတွေကတော့ သင့်အနားမှာ ရှိပေးနေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments