ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နို့ဘူးဖျော်နည်း

ကလေးတွေအတွက် နို့ဘူးဖျော်တဲ့နည်းက အစပိုင်းမှာတော့ ခက်ခဲတယ်လို့ ထင်ရပါလိမ့်မယ်။ ကလေးတွေ လသားအရွယ်မှာ နို့မှုန့်က အရမ်းကို အရေးပါတဲ့ အစားအစာဖြစ်တာကြောင့် နည်းစနစ်တကျ မှန်မှန်ကန်ကန် ဖျော်တတ်ဖို့ အရေးကြီးပါတယ်။

အဲဒါကြောင့် ကလေးတွေကို နို့မှုန့်ဖျော်ပေးတဲ့အခါ မခက်ခဲစေဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

အဆင့် ၁

ကလေးရဲ့နို့ဘူးထဲမှာ ပိုးမွှားတွေ မရှိနေဖို့က အရမ်းကို အရေးကြီးပါတယ်။ ကလေးက ၂ နာရီအတွင်း နို့တစ်ဘူးကို ကုန်အောင် မသောက်နိုင်ဘူးဆိုရင် ကျန်တဲ့နို့တွေကိုပါ လွှင့်ပစ်ပြီး ဘူးကို သန့်ရှင်း‌ရေးလုပ်ပါ။

- ဘူးတစ်ခုလုံးကို ဆပ်ပြာ၊ ရေနွေးတွေကို သုံးပြီး ဆေးကြောပါ။

- အဲဒီနောက် ရေနဲ့စင်အောင် ထပ်ထပ်ဆေးကြောပါ။

- ဘူးအပြင်ကို ခြောက်သွေ့အောင် မသုံးရသေးတဲ့ ပိတ်စအသစ်နဲ့ သုတ်ပြီး လေနဲ့အခြောက်ခံပါ။

- ကလေးက သုံးလအရွယ်အောက် ငယ်သေးတယ်ဆိုရင်၊ အခြားကျန်းမာရေး ပြဿနာတွေ ရှိတယ်ဆိုရင် နို့ဘူးတွေကို တစ်နေ့တစ်ခါ ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။

အဆင့် ၂

နို့ဘူးဖျော်ဖို့အတွက် လိုအပ်တဲ့အရာတွေကို သန့်ရှင်းတဲ့နေရာမှာ သီးသန့်ထားပါ။ နို့မှုန့်၊ နို့ဘူး၊ သန့်စင်ထားတဲ့နေရာကို အခြားအစားအစာတွေ ထားတဲ့နေရာမှာ မထားဘဲ သန့်ရှင်းတဲ့ စားပွဲတစ်ခုပေါ်မှာ တင်ထားပါ။

အဆင့် ၃

နို့ဘူးဖျော်တော့မယ်ဆိုရင် လက်ကို အရင်ဆေးဖို့ မမေ့သင့်ပါဘူးနော်။ သင့်ရဲ့လက်ကို ရေနွေး၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ လက်ကို ဖြစ်သလို ရေမသုတ်ဘဲ သန့်ရှင်းတဲ့ ပိတ်စနဲ့သာ သုတ်ပါ။

အဆင့် ၄

နို့ဘူးကို ဖျော်တော့မယ်ဆိုရင် အညွှန်းကို ဖတ်ပြီး ကုန်ဆုံးရက်ကို သတိပြုပါ။ အညွှန်းမှာ ရေးထားတဲ့အတိုင်းပဲ အသုံးပြုသင့်ပါတယ်။ နို့မှုန့်တွေ အရမ်းများသွားတာ၊ အရမ်းနည်းသွားတာက ကလေးအတွက် လိုအပ်တဲ့ အာဟာရကို ရရှိစေမှာ မဟုတ်ပါဘူး။ နို့ဘူးဖျော်တဲ့အခါ ကြက်သီးနွေးရည်ကို အသုံးပြုပါ။

အဆင့် ၅

နို့ဘူးဖျော်တဲ့အခါမှာ မွှေတံလေးနဲ့ မွှေလို့ရပါတယ်။ အောက်ခြေမှာ အမှုန့်တွေ ကျန်မနေအောင်လို့ မွှေပါ။ ဒါပေမယ့် နို့ဘူးကို မလှုပ်ရမ်းလိုက်ပါနဲ့။

အဆင့် ၆

ကလေးကို နို့ဘူးတိုက်တော့မယ်ဆိုရင် အပူချိန်ကို စမ်းသပ်ဖို့လိုပါတယ်။ နို့ဘူးရဲ့အပူချိန်က သင့်ရဲ့ခန္ဓာကိုယ် အပူချိန်နဲ့ တူလို့ရသလို အေးလို့လည်း ရပါတယ်။ နို့ဘူးက ပူနေတယ်ဆိုရင် ရေအေးထဲမှာ ၂ မိနစ်ခန့် ထည့်စိမ်ထားလိုက်ပါ။ နို့ဘူးအေးနေလို့ microwave ထဲကို ထည့်ပြီးမနွှေးသင့်ပါဘူးနော်။ နွေးလိုက်ရင် အမြှုပ်တွေ ထလာပြီး ကလေးကို ထိခိုက်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments