အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ကြာရှည်ခံအောင်ပြုလုပ်နည်း

အိမ်သုံးပစ္စည်းတွေဆိုတာက အလုပ်များစွာကို အားစိုက်ထုတ်စရာမလိုဘဲ ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ အားနည်းလာပြီး အစားထိုးဖို့ ခက်လာတာတွေ ရှိပါတယ်။ ဒါကြောင့် သူတို့ကို သက်တမ်းရှည်ရှည်နဲ့ ရေရှည်သုံးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

ရေခဲသေတ္တာ

ပျမ်းမျှသက်တမ်း- အရမ်းသုံးတဲ့ ရေခဲသေတ္တာတွေကတော့ ၉ နှစ်အထိ ကြာရှည်ခဲနိုင်ပြီး ပုံမှန်သုံးတဲ့ရေခဲသေတ္တာတွေကတော့ ပျမ်းမျှသက်တမ်း ၁၃ နှစ် ရှိပါတယ်။

နှစ်တွေအကြာကြီး သုံးလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့

- အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးပါ။ အမှိုက်တွေနှင့် ယိုဖိတ်မှုတွေက သင့်ရေခဲသေတ္တာအတွင်းမှာရှိတဲ့ လေအေးနှင့် အတွင်းပိုင်းလေအေးတွေကို ထိန်းသိမ်းထားစေတဲ့လုံခြုံမှုကို ထိခိုက်စေနိုင်ပါတယ်။

- တစ်နှစ်တစ်ကြိမ် သင့်ရေခဲသေတ္တာရဲ့နောက်ဘက် ဒါအှမဟုတ် အောက်ခြေမှာရှိတဲ့ ကွန်ဒင်ဆာကွိုင်တွေကို သန့်ရှင်းရေးလုပ်ပါ။ အဲဒီလိုမလုပ်ခင် သင့်ရေခဲသေတ္တာထဲမှာ ရေ ဒါမှမဟုတ် ရေခဲတွေမရှိအောင် သေချာစစ်ပါ။ ပလပ်ဖြုတ်ပြီး အထဲမှာ ရေမကျန်အောင် ဂရုစိုက်ပါ။ ဒီလိုလုပ်တဲ့နေရာမှာ သင့်ရေခဲသေတ္တာအတွက် ပြုပြင်ထိန်းသိမ်းမှုလမ်းညွှန်ပါ ညွှန်ကြားချက်တွေကို ဖတ်ဖို့လိုပါတယ်။

- ရေခဲထုကို အထူတစ်လက်မရဲ့ ၁/၄ ထက် မပိုသင့်ကြောင်း သတိပြုပါ။ ရေခဲသေတ္တာအပေါက်တွေကို အမြဲရှင်းလင်းပြီး သန့်ရှင်းအောင်ထားပါ။

- ရေခဲသေတ္တာကို အရမ်းပြည့်အောင် မထားပါနဲ့။ ဒီလိုမထားတာက လေကို လွတ်လပ်စွာ စီးဆင်းစေပြီး ကွန်ပရက်ဆာကို အချိန်ပို အလုပ်မလုပ်စေဖို့ ကူညီပေးနိုင်ပါတယ်။

အဝတ်လျှော်စက်

ပျမ်းမျှသက်တမ်း- ၁၀နှစ်

ရေရှည်ဘယ်လိုထိန်းသိမ်းမလဲဆိုတော့

- ၄ နှစ်၊ ၅ နှစ်တစ်ကြိမ် ရေပိုက်တွေကို လဲပေးပါ။ အချိန်ကြာလာတာနဲ့နှင့်အမျှ ပိုက်တွေက ဟောင်းနွမ်းသွားပြီး ကွဲလာပါတယ်။

- အဝတ်လျှော်တဲ့အခါ သင့်အဝတ်အစားမှာရှိတဲ့ အိတ်ကပ်တွေအားလုံးကို စစ်ဆေးပြီး အကြွေစေ့တွေ၊ ဘောပင်တွေ၊ အခြားသော မာကျောတဲ့ပစ္စည်းတွေမပါအောင် သေချာစစ်ပါ။ ဒါတွေက ဒရမ်ရဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။

- အလွန်အကျွံ တုန်ခါမှုမဖြစ်စေဖို့ အဝတ်လျှော်စက်ကို ညီညာပြန့်ပြူးတဲ့ မျက်နှာပြင်ပေါ်မှာပဲ ထားပါ။

- အဝတ်တွေထည့်ရင် သေချာစီပြီး ထည့်ပါ။

- သင့်အဝတ်လျှော်စက်ကို အပူဆုံးရေအပူချိန်မှာ ထားပါ။  မုန့်ဖုတ်ဆိုဒါ ၁/၂ ခွက်ထည့်ပြီး အဝတ်မပါဘဲ ပုံမှန်အတိုင်း အလုပ်လုပ်စေခြင်းဖြင့် တစ်လကို တစ်ကြိမ် စက်သန့်စင်လည်ပတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။

- သင့်အဝတ်လျှော်စက်ကို လိုတာထက်ပိုမထည့်ပါနဲ့။ မနိုင်ဝန်လည်း မထမ်းခိုင်းပါနဲ့။ ဒီလိုလုပ်တာက မော်တာကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။

ဖုန်စုပ်စက်

ပျမ်းမျှသက်တမ်း- ၃ နှစ်မှ ၁၀ နှစ်

ကြာကြာသုံးချင်တယ် ဆိုရင်တော့

- စက်ကို အမြဲသန့်ရှင်းရေးလုပ်ပြီး လိုအပ်ရင် အိတ်တွေကို လဲလှယ်ပေးပါ။

- မော်တာတွေကို သန့်ရှင်းရေးလုပ်ပြီး အမွှေးအမျှငတွေ ရောထွေးခြင်းမဖြစ်အောင် ဂရုစိုက်ပါ။

- လျှစ်စစ်ရှော့မဖြစ်စေဖို့ လိုတာထက် ပိုမသုံးပါနဲ့။

- ကြီးမားပြီး ချွန်ထက်တဲ့ အရာတွေကို ဖုန်စုပ်ခြင်းမပြုပါနဲ့။ ဒါက သင့်စက်ရဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။

Microwave

ပျမ်းမျှသက်တမ်း- ၉ နှစ်

- တံခါးကို ဖြေးဖြေးနဲ့ ညင်ညင်သာသာလေးပဲ ဖွင့်ပါ။

- ကိုယ်ချက်မယ့်အချိန်ထက် ပိုပြီး မသတ်မှတ်ပါနဲ့။

- သတ္တုပစ္စည်းတွေကို သင့်မိုက်ခရိုဝေ့ဖ်ထဲကို မထည့်ပါနဲ့။

- အစားအသောက်တွေ ယိုဖိတ်ထားတာကို အကြာကြီး မထားပါနဲ့။ အစားအစာ အကြွင်းအကျန်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းထုတ်ပြီး အကျိုးဆက်အနေနဲ့ အစွန်းအထင်းကျန်နေတဲ့ အစက်အပြောက်တွေက စက်ကို ပျက်စီးစေနိုင်ပါတယ်။

- သင့်မိုက်ခရိုဝေ့ဖ်ကို ဗလာဖြစ်နေချိန်မှာ မဖွင့်ပါနဲ့။ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ အဆင်ပြေပေမယ့် ဒီလိုခဏခဏ လုပ်တာက မိုက်ခရိုဝေ့ဖ်ရဲ့ အတွင်းပိုင်းကို လောင်ကျွမ်းပြီး ပျက်စီးစေနိုင်ပါတယ်။

ဂတ်စ်မီးဖို

ပျမ်းမျှသက်တမ်း- ၁၅ နှစ်

- မီးဖိုက ကောင်းကောင်း အလုပ်လုပ်နေသေးရင် တည်ငြိမ်တဲ့အပြာရောင် မီးတောက်ကို မြင်ရပါလိမ့်မယ်။ အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်မီးတောက်ကို မြင်နေရရင်တော့ အစာအမှုန်အမွှားများကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားပါ။

- မီးဖိုပတ်လည်မှာ တစ်ခုခုချွတ်ယွင်းနေတာတွေ့ရင် အမြန်ဆုံး အစားထိုးပါ။ 

- မီးဖိုကို အမြဲသန့်ရှင်းနေအောင် ထားပါ။

- အဆီတွေနဲ့ အခြားအစားအစာတွေ ယိုဖိတ်မှုမဖြစ်အောင် သတိထားပါ။ ဒါက အပူဖြန့်ဖြူးမှုကို ထိခိုက်စေနိုင်ပြီး သင့်မီးဖိုအတွင်းမှာရှိတဲ့ ပန်ကာတွေကို ဖုံးအုပ်သွားနိုင်ပါတယ်။

ပန်းကန်ဆေးစက်

ပျမ်းမျှသက်တမ်း- ၉ နှစ်

- ပန်းကန်တွေကို စနစ်တကျထည့်ပေးပါ။

- အစာအကြွင်းအကျန်တွေကို အမြဲတမ်းထုတ်ပေးပါ။

- စက်လည်တာ ရပ်သွားတဲ့အထိ စောင့်ပေးပါ။

- တစ်လတစ်ကြိမ်လောက် စက်ဝန်းကိုသန့်ရှင်းရေး လုပ်ပေးပါ။

စားကြွင်းစားကျန်တွေကို ပန်းကန်ဆေးစက်ထဲကို မထည့်ပါနဲ့၊ အဲဒါတွေက သင့်စက်ကို ပိတ်ဆို့သွားစေနိုင်ပါတယ်။

အခြောက်ခံစက်

ပျမ်းမျှသက်တမ်း- ၁၃ နှစ်

- filter တွေကို အမြဲသန့်ရှင်းရေး လုပ်ပေးပါ။

- သင့်အခြောက်ခံစက်မှာပါတဲ့ ပြွန်အမျိုးအစားကို ဂရုစိုက်ပါ။ ပလတ်စတစ် သို့မဟုတ် သတ္တုပါးပြွန်ဖြစ်ရင် အစားထိုးဖို့ သတ္တုကိုပဲ ရွေးပါ။ ဒါတွေက ပိုဈေးကြီးပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားမှာ မဟုတ်ပါဘူး။

- စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး အချိန်ကုန်သက်သာစေဖို့ အစိုဓာတ်အာရုံခံကိရိယာကို အသုံးပြုပါ။

လေအေးပေးစက်

ပျမ်းမျှသက်တမ်း- ၁၂ နှစ်မှ ၁၅ နှစ်

- တစ်လတစ်ခါ filter တွေကို လဲပေးပါ။

- စက်ကို သန့်ရှင်းရေးလုပ်ပြီး ကွန်ဒင်ဆာက အမှိုက်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားပါ။

- လေထွက်ပေါက်မှာ ဘာမှမပိတ်နေအောင် အမြဲဂရုစိုက်ပါ။

- နေရောင်ခြည် တိုက်ရိုက်မကျတဲ့ နေရာမှာထားပါ။ အပူနဲ့ မထိတွေ့မိအောင်လည်း ထားပါ။

- တစ်ခုခုဖြစ်တိုင်း ကျွမ်းကျင်သူနဲ့ ပြသပြီး လိုအပ်တာတွေ အစားထိုးပါ။

အသုံးမလိုပါက ပိတ်ထားပါ။

Zombie (lovemedia)

Post a Comment

0 Comments