ခွေးတွေကို စိတ်ဆိုးစေနိုင်တဲ့ လူသားတွေရဲ့အပြုအမူ (၁၀) ခု

ခွေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်တာကြောင့် သူတို့စိတ်နေစိတ်ထားကို အလွယ်တကူ သိနိုင်ပါတယ်။ ခွေးတစ်ကောင်က သူ့ရဲ့ပိုင်ရှင်ကိုမြင်ရတဲ့အခါ အမြီးနှံ့ပြီး ပျော်ရွှင်စွာဟောင်နေမယ်ဆိုရင် လက်ရှိအချိန်မှာ ဘယ်လိုခံစားရတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့်လည်း ခွေးတစ်ကောင်ရဲ့ နာကြည်းမှု ဒါမှမဟုတ် ဝမ်းနည်းမှုခံစားချက်ကိုတော့ သိဖို့ မလွယ်ကူပါဘူး။

၁။ လူစိမ်းတွေနဲ့ ထိတွေ့ခွင့်ကို လျှော့လိုက်ပါ။

ကလေးတစ်ယောက်ယောက် ဒါမှမဟုတ် သူစိမ်းတစ်ယောက်ယောက်က သင့်ခွေးလေးကို ချစ်ဖို့ကောင်းလို့ ကိုင်ချင်တယ်ဆိုရင် ကိုင်ခွင့်မပေးပါနဲ့။ ဒီလိုဆို လူတကာနဲ့ ချစ်ခင်သွားနိုင်ပြီး သင့်ကို ပိုင်ရှင်အဖြစ်ကနေ မေ့သွားနိုင်ပါတယ်။

၂။ ခွေးရဲ့ နေ့စဉ်အကျင့်တွေကို မမှတ်ထားခြင်း

သင့်ခွေးမှာ ဇီဝနာရီရှိတာကြောင့် သူတို့ကို လုပ်ပေးနေကြအချိန်ရောက်ရင် လုပ်ကိုလုပ်ပေးဖို့ လိုပါတယ်။ ဒီလိုလုပ်ပေးတာက ခွေးကို ဖိစီးမှုတွေ လျှော့ချပေးပြီး စိတ်ကို ပျော်ရွှင်စေပါတယ်။

သင့်ခွေးကို အစာကျွေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို နေ့စဉ် တစ်ချိန်တည်းမှာ ကြိုးစားလုပ်ဆောင်ပါ။ သင်နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို စတင်လေ့ကျင့်ပြီး ရက်အနည်းငယ်အကြာမှာ သင့်ခွေးက ပိုပျော်ရွှင်လာတာကို သင်သတိပြုမိပါလိမ့်မယ်။

၃။ သင့်ခွေးက ဝတ်စုံတွေ ဝတ်ရတာကို သဘောကျလားဆိုတာ သတိထားကြည့်ကြည့်ပါ။

သင့်ခွေးကို ခွေးပေါက်စလေးကတည်းက အဝတ်အစားဝတ်ဖို့ မလေ့ကျင့်ထားဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဝတ်ရတာ ခက်ခဲပါလိမ့်မယ်။ လမ်းလျှောက်ရင်း အေးနေတယ်ဆိုရင် သင့်ခွေးကို ဆွယ်တာအင်္ကျီ ဒါမှမဟုတ် အင်္ကျီတစ်ထည် ဝတ်ပေးတာက အဆင်ပြေပေမယ့် ဦးထုပ်နဲ့ ဝတ်စုံတွေက အဆင်မပြေပါဘူး။

၄။ ကြိုးနဲ့ဆွဲခြင်း

ဘယ်အရာတွေက သင့်ခွေးကို စိတ်ဆိုးစေနိုင်မလဲ။

- ဟိုဟိုဒီဒီ နမ်းဖို့ တားမြစ်တယ်။ ခွေးတစ်ကောင်အတွက် လမ်းလျှောက်ခြင်းက သူ့ကိုယ်သူ သက်သာရာရစေသည့် အချိန်တစ်ခုသာမကပဲ ပတ်ဝန်းကျင်နယ်မြေကို သိခွင့်ရဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ ခွေးကို တစ်ချိန်လုံး ကြိုးချည်ထားရင် စိတ်တိုလာပါလိမ့်မယ်။

- ခွေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကြိုးဟာ ပိုင်ရှင်နဲ့ ခွေးကြား ဆက်နွယ်မှုလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ လွတ်လပ်ချင်တဲ့ အချိန်အခါလည်း ရှိပါသေးတယ်။

- တိုလွန်းတဲ့ ကြိုးက ခွေးကို စိတ်ကသိကအောက် ဖြစ်စေပါတယ်။ သင့်ခွေးကို ကြိုးရှည်ရှည်နဲ့ လမ်းလျှောက်ခွင့်ပေးရင် အရာအားလုံးက သင့်ထိန်းချုပ်မှုအောက်မှာရှိပြီး အန္တရာယ်မရှိကြောင်း ရှင်းရှင်းလင်းလင်း သိသာစေပါတယ်။ ကြိုးရှည်တာက သင့်ခွေးကို အဆက်မပြတ် တင်းမာမှုကို မခံစားရစေတာကြောင့် လမ်းလျှောက်ဖို့ ပိုမိုလွယ်ကူစေမှာပဲ ဖြစ်ပါတယ်။

၅။ ရေကြောက်တာကို အလေးအနက်မထားခြင်း

ခွေးတွေက ရေမကြိုက်ကြပါဘူး။ အင်းအိုင်တွေမှာ ရေကူးခြင်း၊ ဗွက်အိုင်တွေမှာ လဲလျောင်းပြီး ရေကူးခြင်းကို နှစ်သက်တဲ့ မျိုးစိတ်တွေတောင် ရေချိုးခြင်းကို မုန်းတီးကြပါတယ်။ ခွေးတွေက ချောနေတဲ့ မျက်နှာပြင်ကို မကြိုက်ကြပါဘူး။ ဒါကြောင့် သင့်ခွေးရဲ့စိတ်ဖိစီးမှုကို လျှော့ချလိုရင် ရေစည်အောက်ခြေမှာ ချော်ဒဏ်ခံနိုင်တဲ့ ဖျာတစ်ချပ်ကို ထားပြီး သူတို့ကို ထားပေးပါ။

၆။ သင့်ရဲ့ခွေးကိုအော်ခြင်း

- တစ်နေရာရာကိုသွားလို့ သင့်ခွေးက တန်းမလိုက်လာရင် မအော်လိုက်ပါနဲ့။ အော်ငေါက်ရင် ပိုပြီး ကြိုးစားလာမှာမဟုတ်ပဲ သင့်ကိုကြောက်ရွံ့သွားပါလိမ့်မယ်။

- ခွေးတွေက ကျယ်လောင်တဲ့ အသံတွေကို ကြောက်ပါတယ်။ ပြီးတော့လည်း သင်ပြောတာကို သူတို့နားမလည်ပါဘူး။ သင့်ခွေးရဲ့အပြုအမူကို သင်မကျေနပ်ရင် စိတ်ဆိုးတဲ့မျက်နှာသာ လုပ်ပြလိုက်ပါ။ ဒီအရာက သင့်ခွေးလေးရဲ့အမှားဖြစ်ကြောင်း သဘောပေါက်ဖို့ လုံလောက်ပါတယ်။

- ခွေးအိပ်ရာနေရာကို ပြစ်ဒဏ်အဖြစ် ဘယ်တော့မှ မသုံးပါနဲ့။

၇။ သင့်ရဲ့ ခွေးကိုလှည့်စားခြင်း

လူသားတစ်ဦးအတွက် ရယ်စရာကောင်းတဲ့အရာက တိရစ္ဆာန်ကို နာကျင်စေပြီး စိတ်ထဲမှာ မှတ်သွားစေနိုင်ပါတယ်။ ဟောင်ခိုင်းခြင်း၊ ခွေးအမြီးဆွဲခြင်း၊ အစာ (သို့) အရုပ်နဲ့ သွားသွားစတာမျိုးတွေ မလုပ်သင့်ပါဘူး။

၈။ ခွေးနဲ့ မကစားပေးခြင်း

သင့်မှာ သင့်ခွေးလေးနဲ့ ကစားဖို့အချိန်မပေးနိုင်ရင် အိမ်မှာရှိတဲ့ပစ္စည်းတွေ ပျက်စီးသွားတာကို ပြုပြင်ဖို့ စိတ်ကိုပြင်ဆင်ထားပါ။ ခွေးလေးတွေကလည်း စိတ်ထွက်ပေါက်ရှာတတ်တာကြောင့် သူပျော်မယ်ထင်တဲ့ အရာကိုပဲ လုပ်ပါလိမ့်မယ်။ သင့်ခွေးနှင့် ကစားခြင်းက အရေးကြီးပါတယ်။ သင့်ခွေးရဲ့ ကိုယ်လက်ကြံ့ခိုင်မှု (ဥပမာ၊ ပြေးခြင်း) နှင့် ဉာဏ်ရည် (ဥပမာ၊ သင်နှင့်အတူ ပုန်းကွယ်ကစားခြင်း) ကို ဖွံ့ဖြိုးစေသင့်ပါတယ်။

၉။ ခွေးလေးကို အထီးကျန်အောင် ထားထားခြင်း

ခွေးလေးတွေက ပျော်ပျော်နေတတ်တဲ့ သတ္တဝါတွေဖြစ်ကြပြီး တစ်ကောင်တည်း လွှတ်ထားတာမျိုးတွေ သဘောမကျကြပါဘူး။

- အိမ်မှာရှိတဲ့အခါ သင့်ခွေးနဲ့ တတ်နိုင်သမျှ အချိန်ပေးပါ။ သင့်ခွေးနဲ့ ကစားဖို့ မမေ့ပါနဲ့။

- တိကျတဲ့ အချိန်ဇယားကို လိုက်နာပါ။ အိမ်ကထွက်သွားတဲ့အချိန်နဲ့ ပြန်လာတဲ့အချိန်တွေကို ခွေးလေးက သိထားသင့်ပါတယ်။

- သင်နှင့်ဝေးနေချိန်မှာ သင့်ခွေးလေး သူ့အလိုလို ပျော်နိုင်အောင် အမျိုးမျိုးသော ကစားစရာတွေကို ဝယ်ထားပေးပါ။

၁၀။ သခင်က စိတ်ဓာတ်ကျနေခြင်း

သင့်ခွေးလေး ဝမ်းနည်းနေတာကို သတိပြုမိရင် သင့်စိတ်အခြေအနေကို ဂရုစိုက်ပါ။ သင့်ခွေးလေးက သင့်စိတ်ခံစားချက်ကို ခံစားရပြီး သင်မပျော်ရင် သင့်ခွေးလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ သင့်ရဲ့ခွေးလေးတွေက သင့်ရဲ့စိတ်ခံစားချက်ကို ပိုကောင်းလာစေနိုင်တယ်ဆိုတာ မှန်ပေမယ့် သင်ကိုယ်တိုင်ကလည်း ပျော်နေဖို့ လိုပါတယ်။ အတူတူလက်တွဲပြီး သင့်ခွေးနဲ့ လမ်းလျှောက်ထွက်ပါ ဒါမှမဟုတ် ပန်းခြံမှာ အတူကစားပါ။

Zombie (lovemedia)

Post a Comment

0 Comments