ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီးပြောပြဖို့ အရေးကြီးတဲ့အကြောင်းအရင်းများ

ဒဏ္ဍာရီပုံပြင်တွေထဲမှာတော့ အချစ်ဟာ သိပ်ကိုလှပတဲ့ နှင်းဆီပန်းလေးနဲ့ အလားသဏ္ဍာန်တူပြီး ရေကြည်လေးလို အေးမြပါတယ်။ အချစ်နဲ့တွေ့ရင် အရာရာဟာ လှပသွားပြီးတော့ ဘာမဆိုရင်ဆိုင်ဖို့ သတ္တိတွေ ရလာကြပါတယ်။

တကယ်တော့ အချစ်ဆိုတာ ပုံပြင်တွေထဲကလို တောက်ပြောင်နေတဲ့ ချပ်ဝတ်တွေဝတ်၊ မြင်းဖြူကြီးစီးပြီး ရောက်လာတတ်တာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေကို ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို သိသာအောင် ပြောပြထားသင့်ပါတယ်။

အလွဲသုံးစားလုပ်ခြင်းက အချစ်မဟုတ်ပါဘူး။

သင့်ကလေးတွေ အိမ်ပြန်ရောက်တဲ့အခါ တစ်ယောက်ယောက်က အနိုင်ကျင့်လိုက်လို့ ငိုနေတာမျိုးတွေ ကြုံဖူးပါလိမ့်မယ်။ ဒီလိုဖြစ်လာတဲ့အခါ ချစ်လို့ စတာပါဆိုတဲ့ စကားမျိုးကို မသုံးမိဖို့ အရေးကြီးပါတယ်။ ချစ်တဲ့သူက ဒီလိုမျိုးတွေ မလုပ်ပါဘူး။ သင်က ချစ်လို့စတယ် ပြောမိတဲအခါ ကလေးစိတ်ထဲမှာ ဒီခံစားချက်ကို စွဲသွားပြီး တခြားသူတွေပေါ် အနိုင်ကျင့်တတ်တဲ့ လူမျိုးဖြစ်သွားပါလိမ့်မယ်။

အချစ်မှာ အသွားအပြန်ဆိုတာ ရှိပါတယ်။

သင့်သားသမီးအပေါ်ကို အစွမ်းကုန်ချစ်နိုင်ပါတယ်။ လိုချင်သမျှကို ဖြည့်စည်းပေးပြီး အလိုလည်း လိုက်နိုင်ပါတယ်။ ဒါပေမယ့် အသက်တွေကြီးလာပြီး သင်မလုပ်နိုင် မကိုင်နိုင်တဲ့အခါမှာ သားသမီးတွေဘက်က ပြန်ချစ်တတ်အောင် သင်ပေးထားဖို့လည်း လိုအပ်ပါတယ်။ အခြားသူတွေကို မေတ္တာပေးတတ်ဖို့လည်း သင်ကြားပေးသင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်အောင် ပြောပြပေးပါ။

သင့်သားသမီးတွေ တစ်စုံတစ်ဦးကို ချစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ချစ်ရသူအတွက် ပေးဆပ်ရမယ်လို့ မပြောထားသင့်ပါဘူး။ တခြားတစ်ယောက်ကို ချစ်ဖို့အတွက်တော့ သူတို့ကိုယ်သူတို့ ဘဝကို အနစ်မွန်းခံပြီး မစွန့်စားသင့်ပါဘူး။ ကလေးတွေက မိဘတွေရဲ့ ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့် ဒါကို သင်ယူနိုင်ပါတယ်။

အချစ်ရေးမှာ လေးစားမှုဟာ အရေးကြီးပါတယ်။

လေးစားမှုနှင့် ချစ်ခြင်းမေတ္တာဟာ တွဲလျက်ဖြစ်နေတာကို ကလေးတွေ သိထားသင့်ပါတယ်။ သူတို့တွေ တခြားသူတွေစီကနေ လေးစားမှုရယူပြီး အခြားသူတွေကိုလည်း လေးစားမှုပေးသင့်တယ် ဆိုတာကို ပြောပြထားသင့်ပါတယ်။ လူတိုင်းကို လေးစားထိုက်ကြောင်းကိုလည်း သင်ကြားပေးသင့်ပါတယ်။ လေးစားမှုမရှိတဲ့အချစ်ဟာ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

ကလေးတွေက တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းကြား ခြားနားချက်ကို သိဖို့ လိုအပ်ပါတယ်။ မိမိအကျိုးအတွက် သူတစ်ပါးကို မနင်းမိစေဖို့ သင်ကြားပေးသင့်ပေမယ့်လည်း သူတို့တွေက ဘယ်လိုလူဖြစ်တယ် ဆိုတာကို မိမိကိုယ်မိမိ လက်ခံတတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ခံယူဖို့ သူတို့ကိုယ်တိုင် မပြောင်းလဲသင့်ပါဘူး။

တစ်ခါတရံမှာ အချစ်ဟာ ထာဝရ မတည်မြဲပါဘူး။

ရိုမန်းတစ် ဇာတ်ကားတွေကြည့်ပြီး ကြီးပြင်းလာတဲ့ ကလေးတွေက အချစ်ကို တစ်သက်တာ တည်မြဲတယ်လို့ ယုံကြည်သွားနိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ အချစ်ဆိုတာ ခဏတာဖြစ်ပြီး တစ်ခါတစ်ရံမှာ အချစ်ရေးကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့က ပိုကောင်းပါတယ်။

အချစ်ရေးမှာ ကုန်ဆုံးခဲ့တဲ့ အခိုက်အတန့်တွေ အားလုံးဟာ ဖြုန်းတီးမှု မဟုတ်ဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။ ပြီးတော့ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုအတွက် သင်ခန်းစာတွေပဲဖြစ်ပါတယ်။

ရေရှည်တည်မြဲတဲ့ အချစ်အတွက် ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာလိုမျိုး နုနယ်တဲ့ အရာတစ်ခု တည်တံ့ဖို့အတွက် ငယ်ရွယ်သူတွေ သင်ယူဖို့ လိုအပ်ပါတယ်။ သူတို့ချစ်တဲ့သူတစ်ယောက်က တန်ဖိုးထားပြီး တတ်နိုင်သမျှ ကြိုးစားအားထုတ်မယ်ဆိုရင် ရေရှည်တည်မြဲတဲ့ အချစ်ဆိုတာ ဖြစ်လာနိုင်ပါတယ်။

တစ်ခါတစ်လေမှာ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တတ်ပါဘူး။

မိဘတွေအနေနဲ့ သားသမီးတွေကို သူတို့လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ သူတို့လိုချင်တဲ့အရာကို အမြဲမရရှိဘဲ လိုက်လျောညီထွေ ရှိဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်သတ်အချစ်က စိတ်ဝေဒနာများစွာကို ယူဆောင်လာပေးနိုင်ပါတယ်။

ပြီးတော့ စွန့်လွှတ်တတ်ဖို့လည်း သင်ယူဖို့ လိုအပ်ပါတယ်။ သူတို့မျှော်လင့်ထားတဲ့အရာကို သိပြီး သူတို့ကို ပံ့ပိုးပေးဖို့ သင်ရှိနေမယ်ဆိုတာ သိထားရင် အတွေ့အကြုံက ပိုဆိုးသွားပါလိမ့်မယ်။

အချစ်က သင့်ကို ပိုကောင်းတဲ့လူဖြစ်အောင် လုပ်ပေးပါတယ်။

ချစ်ခြင်းမေတ္တာမှာ အမျိုးအစားများစွာ ရှိပြီး သင့်ကလေးတွေကို ပိုမိုကောင်းမွန်တဲ့ လူတစ်ဦး ဖြစ်လာစေတဲ့ ချစ်ခြင်းမျိုးနှင့် ထိုက်တန်ကြောင်း နားလည်စေဖို့ လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာက သူတို့ကို ပိုမိုတောက်ပတဲ့အနာဂတ်နှင့် လူကောင်းတစ်ဦး ဖြစ်လာစေဖို့ အားတစ်ခု ဖြစ်တယ်ဆိုတာကို အသိပေးပါ။

အချစ်ဆိုတာ သက်တံနဲ့ လိပ်ပြာတွေချည်း မဟုတ်ပါဘူး။

အချစ်ဆိုတာ လှပတဲ့အရာတွေ မဟုတ်ပါဘူး။ ကလေးတွေက ချစ်ခြင်းမေတ္တာရဲ့ နည်းပါးလှတဲ့ အစိတ်အပိုင်းအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ အချစ်အများစုက ဒဏ္ဍာရီပုံပြင်ထဲက အချစ်နှင့် မတူပါဘူး။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိပြီး ချစ်ရတဲ့သူကို ဖွင့်ပြောရဖို့၊ အချစ်ရဲ့ အကျိုးရလဒ်တွေကို ခံနိုင်ရည်ရှိဖို့ ကြိုးစားတတ်အောင် သင်ပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments