ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေနဲ့ဆင်တူတဲ့အပြင် ကျန်းမာအောင် ပြုလုပ်ပေးနိုင်တဲ့အသီးအနှံ (၇) မျိုး

အချို့သောအသီးအနှံတွေရဲ့ပုံစံတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဆင်တူပါတယ်။ ဆင်တူတဲ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း အကျိုးပြုပါသေးတယ်။ အဲဒါကြောင့် ဘယ်အသီးအနှံတွေက ခန္ဓာကိုယ်က ဘယ်အစိတ်အပိုင်းတွေက ဆင်တူပြီး ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခရမ်းချဉ်သီး

နှလုံးက အခန်းလေးခန်းရှိပြီး အနီရောင်ရှိပါတယ်။ ခရမ်းချဉ်သီးကလည်း အခန်းလေးခန်းပါဝင်ပြီး အနီရောင်အသီးပါပဲ။ ခရမ်းချဉ်သီးမှာ lycopene ပါဝင်ပါတယ်။ Lycopene က အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်ဖြစ်ပြီးတော့ နှလုံးကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။ နေလောင်ဒဏ်တွေကိုလည်း ခရမ်းချဉ်သီးက သက်သာစေပါတယ်။

၂။ မုန်လာဥနီ

မုန်လာဥကို အကွင်းလေးတွေလှီးလိုက်ရင် မျက်လုံးနဲ့ တူပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ alpha နဲ့ beta-carotene ဟာ ဗီတာမင် A၊ ဗီတာမင် K၊ ဗီတာမင် B6 တို့ရဲ့ရင်းမြစ်တွေပါပဲ။ အဲဒါကြောင့် အမြင်အာရုံကောင်းစေဖို့ မုန်လာဥနီက တကယ်ကို ကူညီပေးနိုင်ပါတယ်။

၃။ စပျစ်သီး

စပျစ်သီးလေးအတွဲလေးတွေက အဆုတ်က စပျစ်ခိုင်လေပြွန်နဲ့ ဆင်တူပါတယ်။ စပျစ်ခိုင်လေပြွန်က အောက်ဆီဂျင်တွေကို အဆုတ်ကနေတစ်ဆင့် သွေးကြောတွေထဲ ဖြတ်သွားဖို့ ခွင့်ပြုပေးပါတယ်။

စပျစ်သီးက အဆုပ်က စပျစ်ခိုင်လေပြွန်နဲ့ တူတဲ့အပြင် အဆုတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အနီရောင် စပျစ်သီးမှာ ရှိတဲ့ anthocyanins ဟာ အဆုတ်ရဲ့လုပ်ငန်းတွေ ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

၄။ ပဲစေ့

ပဲစေ့လေးက လူသားရဲ့ကျောက်ကပ်နဲ့ ပုံစံချင်းဆင်တူပါတယ်။ ပဲစေ့မှာ သတ္ထုဓာတ်တွေ၊ ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေ ပါတာကြောင့် ကျောက်ကပ်ရောဂါ‌တွေအတွက် သင့်တော်ပါတယ်။ ပဲကို စားတဲ့အခါမှာတော့ အကန့်အသတ်နဲ့ စားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ပါဝင်မှုများလို့ပါ။ ပဲစေ့အစိမ်း သို့မဟုတ် နည်းလမ်းမမှန်ဘဲ ပြုလုပ်ထားတဲ့ပဲက ကျောက်ကပ်ကို အဆိပ်ဖြစ်စေပါတယ်။ ချက်ထားတဲ့ပဲစေ့ကသာ အန္တရာယ်ကင်းတာပါ။

၅။ ပန်းမုံလာ

ပန်းမုံလာက ဦးနှောက်နဲ့ဆင်ဆင်တူပါတယ်။ ပန်းမုံလာမှာ choline အများကြီး ပါဝင်ပါတယ်။ အဲဒါကတော့ ဦးနှောက်ရဲ့ရှေ့ပိုင်းကို ကျန်းမာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Choline အနည်းကတော့ ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။

၆။ မှို

မှိုကို ထက်ခြမ်းခွဲထားတဲ့ပုံက နားရွက်နဲ့ ပုံစံချင်းဆင်ပါတယ်။ မှိုမှာ ဗီတာမင်ဒီပါဝင်ပါတယ်။ ဗီတာမင်ဒီချို့တဲ့ရင် အကြားအာရုံချွတ်ယွင်းလာပါတယ။ မှိုက နားထဲမှာရှိတဲ့ အရိုးသေးလေး ၃ ရိုးကို ကျန်းမာအောင် ပြုလုပ်ပေးပါတယ်။

၇။ ကန်စွန်းဥ

မုန့်ချိုအိတ်က စားလိုက်တဲ့အစားအစာတွေကို ချေဖျက်ဖို့အတွက် ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အပြင် ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို ညီမျှအောင် အင်ဆူလင်ကိုလည်း ထုတ်လွှတ်ပေးပါသေးတယ်။ ကန်စွန်းဥမှာ ပါရှိတဲ့ adiponectin က ဇီဝကမ္မဖြစ်စဉ်နဲ့ မုန့်ချိုအိတ်ရဲ့ အဓိကလုပ်ငန်းကို တိုးတက်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments