အိမ်မှာ အသက် ၆၀ ကျော် မိဘတွေ ရှိသေးရင် ဒီအချက်တွေကို နားလည်ပေးကြပါ

အိမ်မှာ အသက် (၆၀) ကျော် မိဘများ ရှိသေးရင် ဒီအချက်တွေကို နားလည်ပေးကြပါ။ အသက် ၆၀ ကျော်လာရင် လူကြီးတွေ ဦးနှောက်က စကျုံ့လာပြီလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။

အသက် ၆၀ ကျော် မိဘတွေ ရှိလာတဲ့ အခါ အများကြီး နားလည် ပေးရပါမယ်၊ စိတ်ရှည် ပေးရမယ်။ အာရုံကြော အားလုံး ကျုံ့လာတဲ့ခါ ထိန်းချုပ်ခြင်းတွေ နည်းလာပြီး စကား ပွစိပွစိ ပြောလာမယ်။ ကိုယ် မသန်စွမ်းဘူး ထင်မှာ စိုးလို့ အိမ်ရှိသမျှ အလုပ် လိုက်လုပ် လိမ့်မယ်။

အဲဒီအခါ နောက်က ပြန်လိုက်လုပ် ရတဲ့ သားသမီး တွေက ငြူစူလာတဲ့ အခါ မိဘတွေ စိတ်က ကလေးလို ပြန်ဖြစ်လာပြီး ဝမ်းနည်း လာမယ်။ အထီးကျန်လာမယ်။ မပြောရဲ မဆိုရဲ ဖြစ်လာကြတယ်။ အဲဒီအချိန်မှာ မိမိရဲ့ မိဘတွေကို လူကြီးလိုလည်း လေးစားပြီး ကလေးလို သဘောထားပေး ရမှာပါ။

တခုခု ဝယ်ပေးတဲ့ အခါတိုင်း အဖေတို့ အမေတို့မှာ ရှိတယ် မလိုဘူး အမြဲ ငြင်းတတ် လာမယ်။ ဒါဟာ အပိုမကုန်စေချင်လို့ပါ။ တကယ်တော့ ကျေနပ်ဝမ်းသာနေတာပါ။ တတ်နိုင်သလောက် မိဘကို ဝယ်ပေးကြပါ၊ ကျွေးကြပါ။

အသက်ကြီးနေပြီ ဘုရားတရားပဲ လုပ်ပါလား လို့ တိုက်တွန်းလို့ မရပါဘူး။ အသက်ကြီး လာလေလေ ကလေးစိတ် ပြန်ဖြစ်လာတာမို့ အကြောင်းအရာ တခုကို ကြာကြာ စိတ်ဝင်စားတာမျိုး မရှိတော့ပါဘူး။ ဒါကို နားလည်ရပါမယ်။

ဘာသာရေးကို မိဘများ လုပ်နိုင်သလောက်သာလုပ်ပါစေ။ အတင်းအကြပ်ကြီး တနေကုန် မလုပ်ခိုင်းသင့် ပါဘူး။ လူကြီးမိဘတွေကို စားချင်တာ ဝယ်ကျွေး ရမယ်။ သူတို့ လုပ်ချင်တဲ့ အိမ်မှုကိစ္စ မသေသပ် ပေမယ့် ပေးလုပ်ရ မှာပါ။

အသစ် အသစ်တွေ ဝယ်ပေးသော်လည်း အဟောင်းကို မစွန့်ပဲ သိမ်းထားတတ် ကြတာလည်း အသက်ကြီးသူတွေက ကလေးလိုမို့ နှမြောလာပြီး မစွန့်နိုင် ကြတာပါ။ စွန့်မပစ်ရကောင်းလားဆိုပြီး ဒေါသနဲ့ မဆူပါနဲ့၊ မငေါက်ပါနဲ့။ နားလည် ပေးကြပါ ။

အသက်ကြီးလာတဲ့ တချို့သော မိဘတွေဆို သားသမီးက အဝေးက လိုလေသေး မရှိ ပို့ပေးကြ ပေမယ့် သူတို့လို ချင်တာက အဲဒါတင် မဟုတ်ဘူး နွေးထွေးမှု အလေးထားမှု၊ စကားပြောပေး တာမျိုး လိုချင်ကြ တာပါ။ လူကိုယ်တိုင် လာပြီး မိဘများကို စကားပြောကြပါ။

ဘယ်အချိန် ဘယ်အခါမယ် မိဘဆီကို သွားမယ်၊ ဘယ်လောက် ကြာနေမယ် စသဖြင့် စီမံထားပါ။ မလာနိုင်တဲ့ အကြောင်းပြချက် မရှိပါစေနဲ့။ မိဘများ သေသွားရင် အစား ပြန်မရတော့ ပါဘူး။ ဒါကို သိထားရ ပါမယ်။

မကြာခဏ ဖုန်းဆက်ပြီး မိဘများနဲ့ စကားပြောပါ။ သူတို့ ဖုန်းမချ မခြင်း ပြောပေးပါ။ မိမိက အရင် ဖုန်းချ မသွားပါနဲ့။ မိမိတိုရဲ့အသက်ကြီး လာတဲ့ မိဘများရဲ့ စိတ်ကို လေ့လာပြီး နားလည် ပေးရပါမယ်။

လိုအပ်သမျှလည်း တတ်နိုင်သလောက် ကူညီပေး ကြရပါမယ်။ သားသမီးတိုင်း မိဘတွေရဲ့ စိတ်ကို နားလည်ပေး နိုင်ကြပါစေ။ ကျေးဇူး ဆပ်နိုင်ကြပါစေ။ Crd

Post a Comment

0 Comments