ရေစစ်သုံးခုနဲ့ စစ်ပါ

တနေ့မှာတော့ ဆိုကရေးတီး(စ်) ရဲ့ တပည့် တယောက်က သတင်းတခု ကြားလို့ သူ့ကို လာပြောသတဲ့။ လာပြောတဲ့ သူ့တပည့်ကို ဆိုကရေးတီး(စ်)က ပြန်ပြောလိုက် တာလေးကို မှတ်သားသင့် လို့ပါ။

"ဆရာ ဆရာ့ သူငယ်ချင်းရဲ့ သတင်းတခုကို ကျွန်တော် အခုပဲ ကြားလာတယ်" "နေဦး ငါ့ကို မပြောခင် မင်းစကားဟာ ရေစစ် သုံးခုကို ဖြတ်နိုင် မဖြတ်နိုင် အရင် စစ်ရမယ်" "ဘယ်လို ရေစစ် သုံးခုလဲ ဆရာ"

"ပထမ ရေစစ် နာမည်က အမှန်တရား တဲ့။ မင်းပြောတဲ့ စကားလုံးက လုံးဝ ရာခိုင်နှုန်းပြည့် အမှန် ဖြစ်မဖြစ် ဆိုတာ ပထမရေစစ်ထဲ ထည့်ရမယ်။ မင်းပြောတဲ့ စ ကားလုံးဟာ လုံးဝ အမှန် ဖြစ်တယ် လို့ မင်း ရာနှုန်းပြည့် တာဝန် ယူနိုင်လား"

"ကျွန်တော်လည်း သူများဆီက ကြားလာတာ ဖြစ်လို့ ရာနှုန်းပြည့် မသေချာပါဘူး ဆရာ"

"အေး ကောင်းပြီ။ ဒုတိယ ရေစစ်နဲ့ စစ်ရအောင်" "ဒုတိယ ရေစစ် ဆိုတာ ဘာလဲ ဆရာ"

"ဒုတိယ ရေစစ် နာမည်က ကောင်းကျိုးတဲ့။ မင်း အခု ပြောမယ့် စကားက ကောင်းကျိုးကို ဖြစ်စေမှာလား" "မကောင်းတာဘဲဖြစ်ဖို့ များပါတယ် ဆရာ"

"ဒါဆို မင်းပြောတဲ့ စကားလုံးက မှန်လည်း မမှန်ဘူး၊ မကောင်းတာလည်း ဖြစ်ဖို့ များတယ်ပေါ့" "ဟုတ်ပါတယ် ဆရာ"

"အေး နောက်ဆုံးကျန်တဲ့ ရေစစ်ထဲ ထည့်ကြည့် ရအောင်" "ဘာရေစစ်လဲ ဆရာ"

"အဲဒီ ရေစစ် နံမည်က အသုံးဝင်မှု တဲ့။ မင်း ငါ့ကို ပြောမဲ့ စကားက အသုံးဝင်မှု ဖြစ်စေမှာလား" "အမ်၊ သိပ် မသေချာဘူး ဆရာ"

"ဒါဆို မင်းငါ့ကို လာပြောမယ့် ဟာက မှန်လည်း မမှန်ဘူး၊ မကောင်းတာလည်း ဖြစ်ဖို့ များတယ်၊ ပြီးတော့ အသုံးဝင်ဖို့လည်း သိပ်မသေချာဘူး ဆိုရင် ငါ့ကို ဘာဖြစ်လို့ လာပြောချင် ရတာလဲ" တဲ့။

မီးခိုး ဆိုတာ မီးရှို့သူ ရှိမှ ထွက်ပါတယ်။ မီးမွှေးတဲ့လူ မဖြစ်ကြ ပါစေနဲ့။ မီးငြှိမ်းတဲ့ သူပဲ ဖြစ်ကြပါစေ။ အတင်းအဖျင်း စကား တောင်စဉ် ရေမရ အဓိပ္ပါယ် မရှိတဲ့ စကားတွေကို နားလည်း မထောင်ပါနဲ့။ လက်ဆင့်ကမ်းတဲ့ သူလည်း မဖြစ်ပါစေနဲ့။ Crd

Post a Comment

0 Comments