သွားချေးတွေ ဖြစ်မလာအောင် ကာကွယ်ပေးမယ့် နည်းလမ်း (၅) ခု

ခံတွင်းထဲက ဘက်တီးရီးယားတွေနဲ့ စားလိုက်တဲ့ အစားအစာထဲက သကြားတွေက ရောသွားပြီး အက်စစ်ကို ထုတ်လုပ်ပါတယ်။ အက်စစ်တွေက တံတွေးနဲ့ရောသွားပြီး သွားချေးတွေ ဖြစ်လာပါတယ်။ သွားကို သေသေချာချာမတိုက်ရင် သွားချေးတွေက သွားချေးကျောက်တွေအဖြစ် ပြောင်းလဲသွားပါတယ်။

အဲဒီသွားချေးကျောက်တွေက ဖယ်ရှားရခက်ပါတယ်။ အဲဒါကြောင့် ဖယ်ရှားရခက်တဲ့ သွားချေးကျောက်တွေ ဖြစ်မလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်နော်။

၁။ သွားကို သေသေချာတိုက်ပါ။

သွားချေးတွေဖြစ်မလာဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သွားကို သေသေချာချာ တိုက်တာပါ။ သွားကြားကို သန့်ရှင်းပေးတဲ့ချည်မျှင်နဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပါ။ သွားရဲ့အရှေ့နဲ့အနောက်ဘက်ကို ချည်မျှင်နဲ့ သန့်ရှင်းပေးဖို့ မမေ့သင့်ပါဘူးနော်။ နောက်ပြီး သွားကို နှစ်မိနစ်ကြာအောင် တိုက်ပါ။

သွားတိုက်တဲ့အခါ သွားဖုံးနေရာတွေကို ၄၅ ဒီဂရီစောင်းပြီး တိုက်ပါ။ နောက်ပြီး လျှာကိုလည်း သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အဲဒီနောက်မှာတော့ သွားကို ပလုပ်ကျင်းတဲ့ဆေးရည်နဲ့ သန့်ရှင်းရေးလုပ်ပါ။ ပလုပ်ကျင်းတဲ့ဆေးရည်မှာ ဖလိုရိုက်ပါတာကြောင့် သွားအညစ်အကြေးတွေ မကျန်အောင် ကာကွယ်ပေးပါတယ်။

၂။ ပုံမှန်ထက်ထူးကဲတဲ့သွားတိုက်ဆေးကို အသုံးပြုပါ။

သွားချေးတွေ ပြောင်ဖို့ဆိုရင် သာမန်သွားတိုက်ဆေးတွေထက် အထူးထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။ အဲဒီလိုသွားတိုက်ဆေးတွေမှာ sodium pyrophosphate, zinc citrate, sodium hexametaphosphate ပါဝင်ပါတယ်။ အဲဒါကြောင့် သွားချေးတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ခံတွင်းကို ဆီနဲ့ ပလုပ်ကျင်းပါ။

ခံတွင်းကို ဆီနဲ့ပလုပ်ကျင်းတာက ဘက်တီးရီးယားတွေကို ရှင်းထုတ်ဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ အုန်းဆီက အကောင်းဆုံး ပလုပ်ကျင်းဆီပါ။ အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပါးစပ်ထဲမှာထည့်ပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် ကြာအောင် ပလုပ်ကျင်းပါ။

လက်ဆေးကန်ရဲ့ပိုက်ထဲကို ထွေးထုတ်ရင် ပိတ်မိတတ်တာကြောင့် ဘူးတစ်ခုထဲကို ထွေးထုတ်လိုက်ပါ။ အုန်းဆီကို မသုံးချင်ရင် သံလွင်ဆီနဲ့ နှမ်းဆီကို အသုံးပြုလို့ ရပါတယ်။

၄။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက သွားချေးတွေကို ဖယ်ရှားတဲ့နေရာမှာ အစွမ်းထက်ပါတယ်။ ဒါ့အပြင် သွားအပေါ်ယံကြွေသားတွေမှာ ကယ်လ်ဆီယမ် လျော့ပါးလာတာကို မုန့်ဆုတ်ဆိုဒါက ကာကွဘ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးတာကြောင့် သွားအခေါင်းပေါက် ဖြစ်မှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။

၅။ သွားဆရာဝန်နဲ့ပြသပါ။

သွားချေးတွေက ဖယ်ရှားရခက်ပြီး သွားချေးကျောက်တွေအဖြစ် ပြောင်းလဲသွားတဲ့အခါ သွားဆရာဝန်နဲ့သာ ပြသပါ။ အနောက်ဖက်က သွားတွေမှာ ထေးဆေးထည့်ထားဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။ ထေးဆေးက သွားအပေါ်ယံကြွေသားတွေကို မထိခိုက်အောင် ကာကွယ်ပေးတဲ့အပြင် သွားအခေါင်းပေါက်တွေ မဖြစ်လာအောင်လည်း ကူညီပြီးသား ဖြစ်စေပါတယ်။

သွားချေးကျောက်တွေ မဖြစ်လာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

- သွားကို တစ်နေ့နှစ်ကြိမ် တိုက်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။ လျှပ်စစ်သွားတိုက်တံတွေကလည်း ထိရောက်ပါတယ်။

- သွားထဲမှာ အကြွင်းအကျန်တွေ မကျန်အောင်လို့ သန့်ရှင်းရေးလုပ်ပေးတဲ့ ချည်မျှင်ကို တစ်နေ့တစ်ခါ အသုံးပြုပေးပါ။

- အချိုနဲ့ သကြားပါတဲ့အရာတွေကို လျှော့စားပါ။

- သွားဆရာဝန်နဲ့ ၆ လတစ်ကြိမ် တွေ့ဆုံဆွေးနွေးပါ။

Zombie (lovemedia)

Post a Comment

0 Comments