ကိုယ့်ရဲ့ ကလေးတွေကို ဒီငါးသုံးကောင် အကြောင်း ပြောပြပေးပါ

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ ဥပြီးတာနဲ့ ဥရဲ့ မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥက ပေါက်လာတဲ့ ငါးကလေးတွေဟာ အစာ မရှာတတ်သေးတော့ မိခင်ရဲ့ အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေး ကိုက်တဲ့ ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။

ငါးကလေးတွေ ကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲ ကျန်ခဲ့တော့တယ်။ Chum salmon ငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံး ဖြစ်တဲ့ မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေ ခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာ ပြည့်ဝတဲ့ ငါးတမျိုး ဖြစ်ပါတယ်။

(၂) Northern snakehead

ဒီငါးမျိုးက ဥ ဥပြီးတာနဲ့ မျက်စိနှစ်လုံး အလင်းကွယ် သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ ဒဏ်ကို ခံရပါတယ်။ ဥက ပေါက်လာတဲ့ ငါးပေါက် ထောင်သောင်း များစွာဟာ မိခင် အစာငတ် သေသွားမှာကို မကြည့်ရက်လို့ တကောင်ချင်းစီ မိခင်ရဲ့ ပါးစပ်ထဲ ကူးခတ် ဝင်ရောက်ပြီး မိခင်ကို အာဟာရ ဖြည့်ပေး ကြပါတယ်။

မိခင်က အသက်ရှင် ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့ အသက်ရှင်နှုန်းက ၁ဝ ပုံ ပုံ ၁ ပုံပဲ ရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့ အသက်ကို စတေးခဲ့ ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေ ကိုင်းရှိုင်းတဲ့ ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥဥတဲ့ ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင် ထောင်ပေါင်းများစွာကို ဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်း မှာရှိတဲ့ သူတို့ရဲ့ မွေးရပ်မြေ မြစ်ချောင်းဆီ အရောက် ပြန်ကြပါတယ်။

ဆော်လမွန်ငါးတို့ရဲ့ အပြန်လမ်းဟာ ခက်ခဲ ကြမ်းတမ်း လွန်းလှတာကို CCTV ရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာ အစီအစဉ်မှာ ရိုက်ကူး တင်ဆက်ခဲ့ ဖူးပါတယ်။

အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက် ရပါတယ်။ ရေတံခွန်ဘေးမှာက ဝက်ဝံတွေ အုပ်စုလိုက် စောင့်နေကြ ပါတယ်။ ရေတံခွန်ကို မဆန်တက်နိုင်တဲ့ ဆော်လမွန်ငါး တွေဟာ ဝက်ဝံညိုတွေရဲ့ အစာ ဖြစ်ရပါတယ်။ ရေတံခွန်ကို ဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်း ကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရ ပါသေးတယ်။

ကံကောင်းတဲ့ ငါးလောက်ပဲ ဖမ်းဆီး သတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ ပါတယ်။ သိုလောင်ထားတဲ့ အင်အားနဲ့ အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တသက်မှာ အရေးပါဆုံး ဖြစ်တဲ့ မိတ်လိုက်၊ ဥ ဥတဲ့ ကိစ္စကို လုပ်ဆောင် ကြပါတယ်။ အဲဒီနောက် သူတို့ မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း သေဆုံးသွား ကြပါတယ်။

နောက်တနှစ် နွေဦးရာသီမှာ ဆော်လမွန် ငါးလောင်းလေးတွေ ပေါက်ဖွားလာ ပြန်တယ်။ အဲဒီနောက် မြစ်ချောင်း တလျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ ရှေ့မျိုးဆက် အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင် ခံစားနေစေခဲ့ ပါပြီ။ ပထမငါး တကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကို ဘဝပေးခဲ့သူ ဖြစ်တယ်။ သူတို့ကို ခွဲခွာပြီး အဝေးကို ထွက်သွားမယ့် ကျွန်မတို့ကို မျက်စိ တဆုံးနဲ့ သူတို့ ပို့ဆောင် နှုတ်ဆက်ခဲ့ ပါတယ်။ နောင်တ မရှိ၊ မျှော်လင့်ချက် တစုံတရာ မထားဘဲ သူတို့ ပေးဆပ်နိုင်သလောက် ပေးဆပ်နေ ခဲ့ပါတယ်။

နောက်ငါးတကောင်က သားသမီးတွေ ဖြစ်ပါတယ်။ ဝမ်းက ကျွတ်တာနဲ့ ကျွန်မတို့ရဲ့ သွေးသား တော်စပ်သူ ဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွ နေထိုင် အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တကောင်က မွေးရပ်ဇာတိ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကို ရောက်ရောက်၊ တနေ့နေ့ တချိန်ချိန်မှာ အိမ်အပြန်လမ်း ဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့လျှောက်လှမ်း ကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ ငါးတအုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ် ရောက်ရှိလာခဲ့ ကြပါတယ်။ အဲဒီနောက် ဒီလောကထဲ ခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ ငါးသုံးကောင်ကို မြတ်နိုးတွယ်တာ ချစ်ခင်နေခဲ့ ကြပါတယ်။ ကြိုက်နှစ်သက်ရင် အများသိအောင် Share ပေးဖို့ မမေ့ပါနဲ့နော်။ Crd

Post a Comment

0 Comments