တခါတုန်းက အဖိုးအိုတယောက်ဟာ သူ့ရဲ့ အိမ်နီးချင်း ကောင်လေး တယောက်နဲ့ ပတ်သက်ပြီး အဲဒီကောင်ကလေးဟာ သူခိုးလေး တယောက် ဖြစ်ပါတယ် ဆိုပြီး ကောလာဟာလ ဖြန့်လိုက်ပါတယ်။ အဲဒီရလဒ်အနေနဲ့ ကောင်ကလေးကို သူခိုးဆိုပြီး ဖမ်းဆီးလိုက် ကြတယ်။
ရက်အတန်ကြာ စစ်ဆေးပြီးတဲ့ အခါမှာတော့ အဲဒီကောင်လေးမှာ အပြစ်မရှိပဲ အပြစ်ကင်းစင်သူသာ ဖြစ်တယ်ဆိုတာ သိရပြီး တရားသေ လွှတ်ပေးလိုက် ကြပါတယ်။
နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲ ပါတော့တယ်။ တရားရုံးမှာ တရားရင်ဆိုင် ရတဲ့အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်ပါတယ်။
"အဲဒါက ထင်မြင်ချက်လေးပဲ ပေးခဲ့မိတာပါ။ ဘယ်သူ့ကိုမှ နာကျင် ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး" လို့ လျှောက်တော့ တာပေါ့။ တရားသူကြီးမှ အဖိုးကြီးကို ပြစ်ဒဏ် မချမှတ်မှီ အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
"ခင်ဗျား ဒီကောင်ကလေးနဲ့ ပတ်သက်ပြီး ပြောဖြစ်ခဲ့တာတွေကို စာရွက်တရွက် ပေါ်မှာ ချရေးပါ။ ပြီးရင် တစဆီ စုတ်ဖြဲပြစ် လိုက်ပြီး အိမ်အပြန်လမ်းမှာ လွှင့်ပစ်ခဲ့လိုက်ပါ။ မနက်ဖြစ်မှာ ရုံးတော်ကို ပြန်လာပြီး အမှုဆက်လက် ကြားနာ စစ်ဆေးပါ့မယ်"
နောက်တနေ့ ရောက်တော့ တရားသူကြီးက အဖိုးအိုကို အောက်ပါအတိုင်း ပြောပါတယ်။ "ပြစ်ဒဏ် မချမှတ်မီ ခင်ဗျား အပြင်ထွက်ပြီး မနေ့က တစစီ စုတ်ဖြဲလွှတ်ပစ်ခဲ့တဲ့ စာရွက် အပိုင်းအစတွေ ပြန်ကောက်ယူခဲ့ပါ"
"အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ ပါဘူး။ လေတိုက်လို့ လေနဲ့အတူ ဘယ်တွေ လွင့်ကုန်မှန်း မသိလို့ ဘယ်တောင် လိုက်ရှာရမယ် မသိပါဘူး" လို့ အဖိုးကြီးက ပြန်ပြောပါတယ်။
"အဲဒါက ယခုဖြစ်စဉ်နဲ့ အတူတူပါပဲ။ ရိုးရှင်းပါတယ် ဆိုတဲ့ ထင်မြင်ချက်လေး တခုကတောင် လူတယောက်ရဲ့ ရိုးသားမှု ဂုဏ်ကို ထိခိုက်နိုင်ပါသေးတယ်။
အဲဒီလောက် အတိုင်းအတာ စာရွက်လေး တခုကတောင် ပြန်ပြီး စုစည်းလို့ မရနိုင်ဘူးဆိုရင် ခင်ဗျားပြောလိုက်မိတဲ့ ထင်မြင်ချက်လေးက ပတ်ဝန်းကျင်ကို ဘယ်လောက်တောင် ပြန့်သွားပြီလဲ ဆိုတာ ဒီစာရွက်လေးတွေ ကိစ္စနဲ့ အတူတူပါပဲ" လို့ တရားသူကြီးက ပြောပြပြီး အမှု စီရင်လိုက်ပါတယ်။
ကျွန်တော်တို့အားလုံး လူတယောက်ရဲ့ ကောင်းတဲ့ အကြောင်းကို မပြောနိုင်ရင် သူနဲ့ပတ်သက်တာ ဘာအကြောင်းမှ မပြောတာ အကောင်းဆုံးပဲ ဆိုတာ ဒီဇာတ်လမ်းက သက်သေပါပဲ။ ကိုယ်နှုတ် အမူအရာကို စည်းစောင့်ခြင်းဖြင့် မိမိပါးစပ်က မိမိကို ဒဏ်ခတ်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ Crd
0 Comments