မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေသား ခံစားသိရှိနိုင်တဲ့ အရာ (၅) ခု

နည်းပညာက အရမ်းကို တိုးတက်လာတာကြောင့် သန္ဓေသားက မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ ဘယ်လိုအရာတွေကို ခံစားသိရှိနိုင်လဲ ဆိုတာကို ရှာဖွေတွေ့ရှိ လာကြပါတယ်။ အမေရဲ့ဗိုက်ထဲမှာ ရှိတဲ့သန္ဓေသား ခံစားသိရှိနိုင်တဲ့ အရာတွေကို သင်သိတဲ့အခါ အရမ်းကို အံ့ဩသွားမှာပါ။

အထိအတွေ့

အမေရဲ့ဗိုက်ထဲမှာ ရှိတဲ့သန္ဓေသားက ပထမဆုံးခံစားနိုင်တဲ့ အရာကတော့ အထိအတွေ့ပါပဲ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ အထိအတွေ့ကို သိရှိကြပါတယ်။ ကိုယ်ဝန် ၈ ပတ်မှာ မျက်နှာမှာရှိတဲ့ အထိအတွေ့အာရုံက တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ဦးနှောက်နဲ့ ဆက်သွယ်နေပါပြီ။

၁၂ ပတ်ဆိုရင် လက်နဲ့ခြေထောက်တွေကနေတစ်ဆင့် အတွေ့ကို ခံစားနိုင်ကြပါတယ်။ ၃၂ ပတ်ဆိုရင် သန္ဓေသားရဲ့ တစ်ကိုယ်လုံးက ခံစားမှုအာရုံတွေက အကုန်ဖွံ့ဖြိုးလာပါပြီ။

အကြားအာရုံ

ကိုယ်ဝန် ၁၈ ပတ်ကို ရောက်တဲ့အခါ သန္ဓေသားက အသံတွေကို စတင်ကြားလာပါပြီ။ ၂၀ ပတ်ကို ရောက်တဲ့အခါ အပြင်က ကျယ်လောင်တဲ့ အသံတွေက ကလေးရဲ့နှလုံးခုန်နှုန်းကို ပြောင်းလဲလာနိုင်ပါပြီ။

မိခင်ရဲ့ ဝမ်းဗိုက်က အသံလုံတဲ့နေရာ မဟုတ်တာကြောင့် မိခင်ရဲ့နှလုံးခုန်သံတွေ၊ အသံတွေကို ကလေးက ကြားနေရပါတယ်။ ပြင်ပက အသံတွေကို သဲသဲကွဲကွဲ မကြားရပေမယ့် အသံကြားရတာကိုတော့ သိရှိနိုင်ပါပြီ။ ဗိုက်ထဲကလေးတွေအတွက် လှိုင်းမြင့်တဲ့အသံထက် လှိုင်းနိမ့်တဲ့ အသံတွေက ပိုကျယ်ပါတယ်။

လှုပ်ရှားမှု

မိခင်ရဲ့ဗိုက်ထဲမှာကတည်းက ကလေးက လှုပ်ရှားနိုင်ပါပြီ။ အကြားအာရုံက လှုပ်ရှားဖို့အတွက် ဦးနှောက်ကို အသိလှမ်းပေးပါတယ်။ အမေရဲ့လှုပ်ရှားမှုတွေက သန္ဓေသားရဲ့ လှုပ်ရှားမှုကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ပြောင်းပြန်အနေနဲ့ အမေက ငြိမ်နေရင်ကလေးက လှုပ်ရှားနေပြီး အမေက လှုပ်ရှားနေရင် ကလေးက ငြိမ်နေပါတယ်။

အရသာ

ကိုယ်ဝန် ၄ လခန့်မှာ သန္ဓေသားဆီကို amniotic အရည်တွေက ရောက်ရှိနေပါပြီ။ ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံး ၃ လမှာ ကလေးက မိခင်စားတဲ့ အစားအစာတွေကို အရသာခံ တတ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ ဗိုက်ထဲမှာရှိနေစဉ် အရသာနဲ့ အနံ့ခံစားမှု အတွေ့အကြုံက မွေးဖွားပြီးနောက် အရသာခံစားမှုအတွက် အများကြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်။

အမြင်အာရုံ

သန္ဓေသားရဲ့အမြင်အာရုံက ခပ်စောစောအချိန်မှာ ဖြစ်ပေါ်လာပေမယ့် မမွေးခင်အချိန်ထိတော့ အပြည့်အစုံမဖွံ့ဖြိုးသေးပါဘူး။ ၅ပတ်ဆိုရင် မျက်လုံးအိတ်လေးတွေ ပုံပေါ်လာပါပြီ။ ၄ လမြောက်မှာ မျက်လုံးက အကုန်လုံးနီးပါး ဖွံ့ဖြိုးလာါပြီ။

မျက်ခွံကတော့ ကိုယ်ဝန် ၇ လ မတိုင်မခင်အထိ မပွင့်ပေးပါဘူး။ ပြင်ပက တောက်ပတဲ့အလင်းရောင်တွေက ဗိုက်ထဲကို တိုးဝင်လာတဲ့အခါ သန္ဓေသားက ပိုပြီး လှုပ်ရှားလာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments