သွားကျန်းမာရေးအတွက် စားသင့်တဲ့အစားအစာနဲ့ မစားသင့်တဲ့အစားအစာများ

သွားကျန်းမာရေးက တစ်ကိုယ်လုံးရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ သွားကျန်းမာရေး မကောင်းရင် အခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ဆက်စပ်ထိခိုက်စေပါတယ်။ အဲဒါကြောင့် သွားကို အမြဲကျန်းမာနေစေဖို့ စားသင့်တဲ့အစားအစာနဲ့ မစားသင့်တဲ့ အစားအစာတွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

သွားကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

- ချိုချဉ်တွေ၊ သကြားလုံးတွေက သွားအတွက် ရန်သူပါပဲ။ သူတို့မှာ သကြားတွေ အများကြီး ပါတာကြောင့် သွားကို ထိခိုက်စေတဲ့အပြင် သွားအပေါ်ယံ ကြွေသားကိုလည်း ယိုယွင်းစေပါတယ်။

- ရေခဲမှာ သကြား မပါပေမယ့်လည်း သွားအတွက်တော့ အန္တရာယ် ရှိပါတယ်။ ရေခဲစားရင်၊ ရေခဲရည်သောက်ရင် သွားကျဉ်လာတာကို ခံစားရမှာပါ။ အဲဒါကြောင့် ရေခဲတုံးတွေကို ကိုက်မစားသင့်ပါဘူး။

- အချဉ်အရမ်းများတဲ့ အစားအစာတွေက သွားတွေမှာ အခေါင်းပေါက်တွေ ဖြစ်လာစေပါတယ်။ သွားမှာ အချဉ်အက်စစ်ဓာတ်တွေ နည်းပါးစေဖို့ အချဉ်စားပြီးတိုင်း ပလုပ်ကျင်းပါ။

- ကော်ဖီနဲ့ လက်ဖက်ရည်တွေက သွားကျန်းမာရေးအတွက် ရှောင်သင့်ပါတယ်။ ကော်ဖီက ခံတွင်းကို ခြောက်စေတဲ့အပြင် သွားကိုလည်း ဝါစေပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်တွေမှာ ပါဝင်တဲ့ အချိုဓာတ်တွေက သွားအတွက် ကောင်းကျိုးမပေးပါဘူး။

- အသီးခြောက်တွေက စားလို့ကောင်းပေမယ့် သွားကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ အသီးခြောက်တွေကို စားတဲ့အခါ အခြားအစားအစာတွေနဲ့ မတူဘဲ သွားကြားတွေထဲမှာ ပိုပြီး ကပ်ကျန်နေတတ်ပါတယ်။ အဲဒါကြောင့် သစ်သီးခြောက်တွေ စားပြီးတိုင်း ပလုပ်ကျင်းပေးဖို့ လိုပါတယ်။

- အာလူးကြော်နဲ့ အခြားဆီကြော်စာတွေက သွားကြားတွေထဲမှာ အချိန်ကြာမြင့်စွာ ကျန်နေပါတယ်။ ခံတွင်းကို သန့်ရှင်းရေးမလုပ်ရင် သွားနဲ့ ပတ်သက်တဲ့ ပြဿနာတွေဖြစ်စေမှာပါ။ အာလူးကြော်လို အစားအစာတွေကို စားပြီးတဲ့အခါ ခံတွင်းကို မဖြစ်မနေ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

- အချိုရည်တွေမှာ သကြားတွေအများကြီး ပါဝင်ပါတယ်။ အဲဒါကြောင့် သွားက နာကျင်လွယ်ပြီး အပေါက်တွေပါ ဖြစ်လာစေမှာပါ။

- အားဖြည့်အချိုရည်တွေမှာလည်း သကြားတွေ အပြည့်ပါပဲ။ အားဖြည့်အချိုရည်ကို ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးမှသာ ဝယ်ယူပါ။

- ပေါက်ပေါက်မှာလည်း အချိုတွေအများကြီး ပါဝင်ပါတယ်။ ပေါက်ပေါက်မှာ ရှိတဲ့အဆံတွေက သွားကြားထဲမှာ ညှပ်ကျန်နေပြီး သွားအပေါ်ယံ ကြွေသားတွေကို ဆိုးကျိုးတွေ ပြုပါတယ်။

- ဆော့စ်က သွားကျန်းမာရေးအတွက် အန္တရာယ် မဖြစ်စေဘူးလို့ လူအများက ထင်ကြပါတယ်။ ဒါပေမယ့် ဆော့စ်မှာ သကြားနဲ့ ပြောင်းကော်မှုန့်တွေ ပါတာကြောင့် သွားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ပျော်ရွှင်အောင် လုပ်ပေးသလို ဖြစ်နေမှာပါ။

သွားကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာများ

- ရေက ဖလိုရိုက်တစ်မျိုး ဖြစ်တာကြောင့် အက်စစ်တွေကို တိုက်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ရေများများသောက်ပါ။

- ချိစ်၊ ဒိန်ချဉ်တို့လို သကြားမပါတဲ့ နို့ထွက်အစားအစာတွေက သွားကျန်းမာရေးအတွက် အကောင်းဆုံးပါ။ သူတို့မှာ ပရိုတိန်းနဲ့ ကယ်လ်ဆီယမ် ပါတာကြောင့် သွားအပေါ်ယံကြွေသားတွေကို သန်မာစေပါတယ်။

- ကြက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့တို့မှာ ဖော့စဖောရပ်နဲ့ ပရိုတိန်းပါရှိတာကြောင့် သွားတွေကို ကျန်းမာစေပါတယ်။

- အသီးအရွက်တွေပါတဲ့ ရေဓာတ်နဲ့ အမျှင်ဓာတ်က သွားတွေကို သန့်ရှင်းစေပြီး သကြားကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကို လျှော့ချပေးပါတယ်။ အသီးအရွက်တွေကို ကြာကြာဝါးတဲ့အခါ တံတွေးထုတ်လုပ်မှု များလာတာကြောင့် ခံတွင်းကျန်းမာရေးအတွက် များစွာအကျိုးရှိ စေပါတယ်။

- တရုတ်နံနံ၊ ပူစီနံတို့က သွားကျန်းမာရေးအတွက် အကျိုးပြုလို့ သွားတိုက်ဆေးတွေမှာပါ ထည့်သုံးကြပါတယ်။ သူတို့မှာပါဝင်တဲ့ ပစ္စည်းတွေက သွားနဲ့ခံတွင်းက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။

- Cranberry က ချဉ်ပေမယ့် ခံတွင်းအတွက် မကောင်းတဲ့ အက်စစ်တွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။

- သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် လက်ဖက်ခြောက်ရေနွေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

- စပျစ်သီးခြောက်က သွားအခေါင်းပေါက် ဖြစ်တာကို ကာကွယ်ပေးကြောင်း သုသေတန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments