နေလောင်ထားတဲ့အသားအရေကို ပုံမှန်အသားအရေသို့ အမြန်ဆုံးပြန်ဖြစ်စေတဲ့နည်းလမ်း (၇) ခု

မနက်စောစော နေရောင်ခြည်က အိပ်စက်မှုအတွက် အ‌ထောက်အကူ ဖြစ်စေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့ပါများရင် မျက်နှာနေလောင်ပြီး မျက်နှာအသားအရေအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ အဲဒါကြောင့် နေလောင်ထားတဲ့ မျက်နှာကို အသားအရေ ကောင်းလာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မုန့်ဖုတ်ဆိုဒါနဲ့ အုတ်ဂျုံမှုန့်

မုန့်ဖုတ်ဆိုဒါက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ ယားယံတာကို သက်သာစေပါတယ်။ အုတ်ဂျုံမှုန့်ကတော့ အသားအရည် ခြောက်သွေ့ကို ကုသရမှာက ကူညီပေးနိုင်ပါတယ်။

၁။ ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲကို မုန့်ဖုတ်ဆိုဒါ ၄ ဇွန်းထည့်ပါ။

၂။ အုတ်ဂျုံမှုန့် တစ်ခွက်ထည့်ပါ။

၃။ ရေထဲမှာ အားလုံးရောမွှေပြီးသွားရင် ရေချိုးကန်ထဲမှာ မိနစ် ၂၀ ခန့် ရေစိမ်နေပါ။

၂။ ချာမိုမိုင်း

ချာမိုမိုင်းက မျက်နှာနေလောင်ပြီးနောက် အသားအရေ နီမြန်းတာကို သက်သာစေပါတယ်။ ချာမိုမိုင်း အပွင့်ခြောက်လေးတွေကို ရေနွေးနဲ့ ရေစိမ်ပါ။ ပြီးရင် တစ်နာရီလောက် အအေးခံထားပါ။ အေးသွားတဲ့အခါ ချာမိုမိုင်းအရည်ကို ပိတ်စပါးလေးနဲ့ တို့ပြီး နေလောင်တဲ့နေရာမှာ ကပ်ထားပေးပါ။ ဒီနည်းကိုတော့ ဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေ အသုံးမပြုသင့်ပါဘူး။

၃။ ရှားစောင်းလက်ပတ် သို့မဟုတ် ပဲပုပ်ပဲအဆီ

ရေချိုးပြီးနောက်မှာ နေလောင်ဒဏ်တွေကို ကုစားဖို့ ရှားစောင်းလတ်ပတ် သို့မဟုတ် ပဲပုပ်ပဲအဆီကို လိမ်းပေးလို့ရပါတယ်။ နှစ်ခုလုံးက အသားအရေ နီမြန်းနာကျင်ကို သက်သာစေပါတယ်။ ရှားစောင်းလက်ပတ်က နေလောင်နေတဲ့ အသားအရေကို ပုံမှန်အသားအရေရအောင် အမြန်ဆုံး လုပ်ပေးနိုင်တဲ့အရာပါ။

ပဲပုပ်ပဲအဆီကတော့ သဘာဝ moisturizer ပါပဲ။ ဒါ့အပြင် သူ့မှာ ဗီတာမင် E လည်း ပါဝင်တာကြောင့် အသားအရေ ရောင်ရမ်းတာကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

၄။ နွားနို့

နွားနို့မှာ လက်တစ်အက်စစ် ပါဝင်တာကြောင့် အသားအရေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားတဲ့နေရာမှာ အကောင်းဆုံးပါပဲ။ နွားနို့ကို နေလောင်ဒဏ်ကို ကုသတဲ့နေရာတွေမှာ အသုံးပြုကြပါတယ်။ နွားနို့၂၀၀ မီလီလီတာကို ပန်းကန်လုံးတစ်လုံးထဲကို ထည့်ပါ။ ပြီးရင် တဘက်စလေးကို နွားနို့ပန်းကန်ထဲကို နှစ်ထည့်လိုက်ပါ။

အဲဒီနောက် ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့် ထည့်ထားပါ။ ပြီးတော့မှ နွားနို့ပန်းကန်လုံးကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး တဘက်စလေးကို နေလောင်တဲ့နေရာမှာ ကပ်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် တဘက်စကို ဖယ်လိုက်ပြီး ရေနဲ့ဆေးချလိုက်လို့ ရပါပြီ။

၅။ ဆပ်ပြာများကို ရှောင်ပါ။

Benzocaine, petroleum, lidocaine တွေပါဝင်တဲ့ ဆပ်ပြာတွေက အသားအရေကို ပိုပြီးပျက်စေပါတယ်။ တစ်ခါတရံမှာ ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့် သင်က အသားအရေတွေ နေလောင်ထားတယ် ဆိုရင် ဒီလိုဆပ်ပြာတွေကို မသုံးသင့်ပါဘူး။ အသားအရေ နေလောင်ပြီးတဲ့အခါ နီမြန်းတာတွေသက်သာအောင် ရေနွေးနဲ့မချိုးဘဲ ရေအေးနဲ့သာ ချိုးသင့်ပါတယ်။

၆။ သခွားသီး

သခွားသီးမှာ ရေဓာတ်တွေ အများကြီး ပါဝင်တာကြောင့် ထိလွယ်ရှလွယ်တဲ့ အသားအရေတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် အသားအရေ ရောင်ရမ်းတာတွေကို သက်သာအောင် ကူညီပေးပါတယ်။ သခွားသီးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပြီးနောက် ကြိတ်စက်နဲ့ကြိတ်ပါ။

အဲဒီနောက် အဖတ်တွေကိုစစ်ယူပြီး အရည်ကိုပဲ ယူပါ။ ရလာတဲ့ သခွားသီးအရည်တွေကို ဖျန်းလို့ရတဲ့ဘူးထဲကို ထည့်ပါ။ အဲဒီနောက် နေလောင်တဲ့ အသားအရေနေရာတွေကို ဖျန်းပေးပါ။ သခွားသီးအရည်တွေကို ရေခဲသေတ္တာထဲမှာ သေသေချာချာထားရင် ၄ ရက်အထိ အထားခံပါတယ်။

၇။ ပျားရည်

ပျားရည်ကို အလှအပ ပစ္စည်းတော်တော်များများမှာ အသုံးများပါတယ်။ ပျားရည်က ဘက်တီးရီးယားတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသားအရည်ကိုလည်း ပြန်လည်လန်းဆန်းစေတဲ့ အစွမ်းရှိပါတယ်။ ရေဓာတ်လည်း ဖြည့်ပေးလို့ နေလောင်တဲ့အခါ အရမ်းကို အသုံးဝင်ပါတယ်။ နေလောင်နေတဲ့ အသားအရေနေရာတွေမှာ ပျားရည်ကို လိုက်သုတ်ပေးထားရုံပါပဲ။ မိနစ်အနည်းငယ်ကြာပြီးမှ ရေအေးနဲ့ ဆေးချလိုက်ရင် ရပါပြီ။

Bonus

သင်က အသားအရေ နေလောင်တဲ့အပြင် ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ နာကျင်ကိုက်ခဲနေတာ၊ ရေဓာတ်ခန်းခြောက်နေတာ၊ အန်တာ၊ ချမ်းတုန်နေတာ၊ အရည်ကြည်ဖုတွေ ဖြစ်လာတာဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments