အောင်မြင်ရေး လမ်းကြောင်း

ဟစ်တလာ အသက် ၁၃ နှစ် အရွယ်မှာ ပဲရစ်ကို အလည် သွားတယ်။ ပဲရစ် ကို ရောက်တဲ့ အချိန်မှာ ဗေဒင် သွားမေးခဲ့ ပါတယ်။

မေးခွန်းက တခုထဲပါ။ "ကျွန်တော် အကြီးအကျယ် အောင်မြင်နိုင်လား"

ဗေဒင်ဆရာက လက်ဝါးကို ကြည့်ပြီး ပြန်ဟောတယ်။ "မင်း မအောင်မြင်နိုင်ဘူး"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာ တံခွန် လို့ ခေါ်တဲ့ အောင်မြင်ရေး လမ်းကြောင်း မပါဘူး"

ဟစ်တလာက ထပ်မေးတယ်။ "အောင်မြင်ရေး လမ်းကြောင်းဟာ ဘယ်လို ဟာမျိုးလဲ"

ဗေဒင်ဆရာက "အောင်မြင်ရေး လမ်းကြောင်း ဆိုတာ လက်ကောက်ရစ် ကနေ လက်ညိုးဆီ တန်းတန်း မတ်မတ် တက်သွားတဲ့ တံခွန်လမ်းကြောင်းကို ပြောတာ။

အဲ့ဒီ လမ်းကြောင်း နက်လေ ဖြောင့်လေ အောင်မြင်လေပဲ။ မင်းလက်ဝါးပေါ်မှာ ကြည့်ပါလား ဘယ်မှာ ပါလို့လဲ"

ဟစ်တလာက "ခဏလေးနော် ဆရာ" လို့ ပြောပြီး သူ့အိပ်ကပ် ထဲက ခဲတံချွန်ဓားကို ဆွဲထုတ်ပြီး လက်ဝါးကို အရှည်လိုက် နက်နက်လေး ခွဲချ လိုက်တယ်။

ပြီးတော့ သွေးပန်းထွက်နေတဲ့ လက်ကို ဗေဒင်ဆရာကို ပြပြီး "ရပြီဆရာ ဆက်ဟောပါ" တဲ့။ ထိုအခါ ဗေဒင်ဆရာက ဆက်ဟောတယ်။

"မင်း အောင်မြင်မှာ သေချာတယ် ခလေး။ မင်းရဲ့ လက်ဖဝါးပေါ်က လမ်းကြောင်းကြောင့် မဟုတ်ဘူး။ မင်းရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကြောင့်ပါ" တဲ့။

ဘဝမှာ အောင်မြင်ချင်တယ် ဆိုရင် သူများ ပါးစပ်မှာ လမ်းမဆုံးပါနဲ့။ ကိုယ်တိုင် ကြိုးစားမှ အောင်မြင်နိုင်မှာပါ။ Crd Ws Sandar

Zawgyi

ေအာင္ျမင္ေရး လမ္းေၾကာင္း

ဟစ္တလာ အသက္ ၁၃ ႏွစ္ အ႐ြယ္မွာ ပဲရစ္ကို အလည္ သြားတယ္။ ပဲရစ္ ကို ေရာက္တဲ့ အခ်ိန္မွာ ေဗဒင္ သြားေမးခဲ့ ပါတယ္။ ေမးခြန္းက တခုထဲပါ။ "ကြၽန္ေတာ္ အႀကီးအက်ယ္ ေအာင္ျမင္ႏိုင္လား" ေဗဒင္ဆရာက လက္ဝါးကို ၾကည့္ၿပီး ျပန္ေဟာတယ္။ "မင္း မေအာင္ျမင္ႏိုင္ဘူး"

"ဘာျဖစ္လို႔လဲ" "ဘာျဖစ္လို႔လဲ ဆိုေတာ့ မင္းမွာ တံခြန္ လို႔ ေခၚတဲ့ ေအာင္ျမင္ေရး လမ္းေၾကာင္း မပါဘူး" ဟစ္တလာက ထပ္ေမးတယ္။ "ေအာင္ျမင္ေရး လမ္းေၾကာင္းဟာ ဘယ္လို ဟာမ်ိဳးလဲ"

ေဗဒင္ဆရာက "ေအာင္ျမင္ေရး လမ္းေၾကာင္း ဆိုတာ လက္ေကာက္ရစ္ ကေန လက္ညိဳးဆီ တန္းတန္း မတ္မတ္ တက္သြားတဲ့ တံခြန္လမ္းေၾကာင္းကို ေျပာတာ။ အဲ့ဒီ လမ္းေၾကာင္း နက္ေလ ေျဖာင့္ေလ ေအာင္ျမင္ေလပဲ။ မင္းလက္ဝါးေပၚမွာ ၾကည့္ပါလား ဘယ္မွာ ပါလို႔လဲ"

ဟစ္တလာက "ခဏေလးေနာ္ ဆရာ" လို႔ ေျပာၿပီး သူ႔အိပ္ကပ္ ထဲက ခဲတံခြၽန္ဓားကို ဆြဲထုတ္ၿပီး လက္ဝါးကို အရွည္လိုက္ နက္နက္ေလး ခြဲခ် လိုက္တယ္။ ၿပီးေတာ့ ေသြးပန္းထြက္ေနတဲ့ လက္ကို ေဗဒင္ဆရာကို ျပၿပီး "ရၿပီဆရာ ဆက္ေဟာပါ" တဲ့။

ထိုအခါ ေဗဒင္ဆရာက ဆက္ေဟာတယ္။ "မင္း ေအာင္ျမင္မွာ ေသခ်ာတယ္ ခေလး။ မင္းရဲ႕ လက္ဖဝါးေပၚက လမ္းေၾကာင္းေၾကာင့္ မဟုတ္ဘူး။ မင္းရဲ႕ ျပင္းထန္တဲ့ စိတ္ဓာတ္ေၾကာင့္ပါ" တဲ့။

ဘဝမွာ ေအာင္ျမင္ခ်င္တယ္ ဆိုရင္ သူမ်ား ပါးစပ္မွာ လမ္းမဆုံးပါနဲ႔။ ကိုယ္တိုင္ ႀကိဳးစားမွ ေအာင္ျမင္ႏိုင္မွာပါ။

Crd Ws Sandar

Post a Comment

0 Comments