အမျိုးသမီးတိုင်းဟာ ဘယ်အသက်အရွယ်ပဲရောက်နေနေ စတိုင်လ်ကျကျ ဝတ်စားချင်တတ်ကြပါတယ်။ ဒီနည်းလမ်းကတော့ မမတွေအတွက် အရမ်းအသုံးဝင်စေမှာပါ။ လူကြားထဲရောက်သွားရင် ထင်းခနဲဖြစ်သွားပြီးတော့ ကိုယ့်ကို ငယ်ရွယ်တဲ့ မိန်းမလေးအဖြစ် မြင်အောင် ဘယ်လိုဝတ်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။
၁။ စကတ်ဝတ်ပါ။
စကတ်တွေက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ သင့်ရဲ့ အရပ်ကိုလည်း ရှည်စေပြီး မပြည့်စုံမှုတွေကို ဖုံးကွယ်ပေးပါတယ်။ ခါးမြင့်ရင် ဒူးအရှည်စကတ်ကို ရွေးတာက ပိုကောင်းပါတယ်။ အရောင်တောက်တောက် နီယွန်ရောင်ကလွဲရင် ကျန်တဲ့အရောင်တွေ ဝတ်တာက သင့်ကို ပိုလှစေမှာပါ။
၂။ ဘောင်းဘီ
ဘောင်းဘီကတော့ နေရာမရွေးဘဲ ဖက်ရှင်ကျတဲ့ အဝတ်အစားတစ်ခု ဖြစ်ပါတယ်။ ဘာမှမပါတဲ့ပြောင်ကို ဝတ်တာက သင့်ကိုပိုပြီး လှပစေမှာပါ။ စတိုင်ကျကျ ဝတ်ချင်တယ်ဆိုရင်တော့ ခါးပတ်လှလှလေး ပတ်တာပဲဖြစ်ဖြစ်၊ သံကြိုးလေးတွေ ချိတ်ပြီးဝတ်တာပဲဖြစ်ဖြစ် သင်ကြိုက်သလို ဝတ်နိုင်ပါတယ်။
၃။ မတူတာတွေ ပေါင်းဝတ်ပါ။
အရောင်တောက်ပတာတွေ၊ မတူညီတဲ့အရောင်တွေကို ပေါင်းပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်စတိုင်လ်ကို ဖန်တီးလိုက်ပါ။ ဒါပေမယ့် အရောင် ၃ ရောင်ထက် ပိုမသုံးပါနဲ့။
၄။ အရောင်ကို ရွေးချယ်ပါ။
ဒီနေရာမှာ ဘာကအရေးကြီးဆုံးလဲဆိုတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်တတ်ဖို့ပါပဲ။ ဥပမာ အပြာဖျော့ဖျော့က သင့်ကို ငယ်ရွယ်နုပျိုစေတယ်ဆိုပေမယ့် အဝါရောင်ကို လုံးဝမရွေးသင့်ပါဘူး။ အဝါနုရောင်၊ ဆင်စွယ်၊ အညိုရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်တို့ကို ဝတ်ရင် အထူးဂရုစိုက်ပါ။
၅။ သက်တောင့်သက်သာရှိတဲ့ ဒေါက်ဖိနပ်တွေကို စီးပါ။
ဒေါက်မြင့်ဖိနပ်တွေက စီးရတာခက်ခဲသလို ဝတ်တာကြာလာရင်လည်း နာကျင်လာပါတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားမယ်ဆိုရင် သိပ်မမြင့်တဲ့ ဒေါက်တွေကိုပဲ စီးပါ။
၆။ စတိုင်လ်က အရေးကြီးဆုံးပါပဲ။
အဝတ်အစားဝတ်ရင် ကိုယ်နုဲ့လိုက်မယ့် စတိုင်လ်ကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။ သူများဝတ်လို့ လှနေပေမယ့် ကိုယ်ဝတ်ရင် အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ ကိုယ်ဝတ်လို့ အဆင်မပြေ ဖြစ်နေရင်လည်း စိတ်ထဲမှာ ခံစားမနေပဲ ကိုယ်နဲ့လိုက်မယ့် စတိုင်လ်ကိုပဲ ကိုယ်တိုင်ဖန်တီးလိုက်ပါ။
၇။ ရှောင်သင့်သော အချက်အချို့
- စကတ်အတိုတွေ
စကတ်အတိုတွေ ဝတ်တာက သင့်ကို ကလေးဆန်စေပြီး ကြည့်ရတာလဲ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။
- လည်ပင်း တအားဟိုက်တာတွေ
တအားဟိုက်လွန်းတဲ့ အင်္ကျီတွေက သင့်ရဲ့ အလှအပနဲ့ ကျက်သရေကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ဟိုက်တာဝတ်ထားတယ် ဆိုရင်လည်း လည်စည်းပုဝါလေးတစ်ခုခုကို လည်ပင်းမှာ ချိတ်ထားသင့်ပါတယ်။
- ကလေးဆန်တဲ့ တီရှပ်တွေ
အသက် ၃၅ နှစ်အထက် ဆိုရင်တော့ ပုံတွေရိုက်နှိပ်ထားတဲ့ အဝတ်အစားတွေက သင့်အတွက် အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် ကန့်လန့်ဆင်းတွေ၊ အကွက်တွေကတော့ သင့်ကို လှပစေမှာပါ။
- ချောင်လွန်းတဲ့ အဝတ်တွေ
တချို့တွေက ကိုယ့်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ချင်လို့ အင်္ကျီအပွကြီးတွေ၊ အဝတ်အစားအပွကြီးတွေ ဝတ်ကြပါတယ်။ ဒီလို ဝတ်တာက နေရာတိုင်းမှာ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အရှိကိုအရှိတိုင်း လက်ခံလိုက်ပြီး စတိုင်လ်ကျကျသာ ဝတ်စားလိုက်ပါ။
Zombie (lovemedia)
0 Comments