စိတ်ဓာတ်မကျသောသူ

တခါတုန်းက ရွာလေး တရွာမှာ ထင်းခုတ် ရောင်းတဲ့ ထင်းခုတ်သမား တဦး ရှိပါတယ်။ ထင်းခုတ်သမားဟာ တောထဲက ခုတ်လို့ ရတဲ့ ထင်းတွေကို ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းပါတယ်။

ထင်းခုတ်သမားဟာ သူနေဖို့ အိမ်ကလေး တလုံးကိုလည်း သပ်သပ်ရပ်ရပ် ဆောက်လုပ် ခဲ့ပါတယ်။ အိမ်ကလေးက မကြီးပါဘူး။ တကယ့်ကို မိုးလုံ လေလုံလေး ဖြစ်ပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လို့ ရတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းတွေ အဖြစ် မြို့ထဲ သွားရောင်းပါတယ်။

အိမ်ပြန်ရောက်တဲ့ အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ်။ လူတွေက ဝိုင်းပြီး မီးငြိမ်းပေး ခဲ့ပေမယ့် မီးတောက်တွေက အိမ်တလုံး လုံးကို ဝါးမြိုပစ် ခဲ့ပါတယ်။

ထင်းခုတ်သမားက အလွန် ဝမ်းနည်းသွားပြီး ငေးပဲ ကြည့်နေခဲ့ ရပါတယ်။ မီးတွေ အကုန် လောင်သွားပြီးတော့ အိမ်တခု လုံး ပြာတွေ အဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲ တိုးဝင်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်။

လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်း တခုခု ပျောက်လို့ ရှာနေတယ် လို့ပဲ တွေးနေမိ ကြတယ်။ အတန်ကြာ ပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရ အော်လိုက်တယ်။

"တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက် လာတယ်။ ပြီးတော့ သူက လူတွေဖက်ကို လှည့်ပြီး ပြောလိုက်တယ်။

"ဒီပုဆိန် တလက်သာ ရှိမယ် ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီး တလုံးကို ကျွန်တော် ပြန်ဆောက်နိုင် ပါတယ်" လို့ ဝမ်းသာအားရ ပြောလိုက် ပါတယ်။

ကျွန်တော်တို့တွေ ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေ အတွက် ဝမ်းနည်း ပူဆွေး ငိုးကြွေးနေ ကြမလား။ အရှုံး ဆိုတာ ကိုယ်က အရှုံးလို့ လက်မခံ သရွေ့ မရှုံးနိမ့် သေးပါဘူး။

ကိုယ့်ရဲ့ ခံယူမှု၊ လုံ့လ၊ ကြိုးစားလိုစိတ် တွေကသာ ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နိုင် မှာပါ။ အရှုံး ဆိုတာကို လက်မခံ ပါနဲ့ဦး။ အားသစ် လောင်းလို့ အသစ်တဖန် ပြန်လည် စတင် ကြိုးစားလိုက် ကြပါစို့။ crd

Post a Comment

0 Comments