ချိုင်းမည်းတာကို သိသိသာသာဖြူလာစေမယ့် နည်းလမ်း (၆) ခု

ပုံမှန်အားဖြင့် ချိုင်းအသားအရေရဲ့ အရောင်က ခန္ဓာကိုယ်က အသားအရေအရောင်နဲ့ တူပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာတော့ ခန္ဓာကိုယ်အသားအရေလှပြီး ချိုင်းက မည်းနေတတ်ပါတယ်။ ချိုင်းမည်းနေတဲ့အခါ အင်္ကျီလက်ပြတ်လေးတွေ ဝတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေမှာပါ။ အဲဒါကြောင့် မည်းနေတဲ့ချိုင်းအတွက် စိတ်မညစ်စေရတော့မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သေသေချာချာ ရိတ်ပါ။

ချိုင်းမွေးတွေကို ရိတ်တော့မယ်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်ကို အရင်လိမ်းပြီး ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိထားပါ။ ချိုင်းမွေးပေါက်ရာ လမ်းကြောင်းအတိုင်း ရိတ်ပါ။ ရိတ်ပြီးတဲ့အခါ နာကျင်တာတွေကို သက်သာဖို့ ရေဓာတ်ဖြည့်လိုးရှင်းကို လိမ်းပေးနိုင်ပါတယ်။ အသားအရေကို မထိခိုက်စေဖို့ သင်တုံးဓားကို ရွေးချယ်သင့်ပါတယ်။

၂။ သခွားသီး

သခွားသီးလေးတွေကို ခပ်ထူထူလေးလှီးပြီး ချိုင်းနေရာ တစ်ဝိုက်ကို ပွတ်ပေးပါ။ အဲဒီနောက် သခွားသီးတွေကို ချိုင်းကြားထဲမှာ ၁၅ မိနစ်ခန့်ထားပါ။ ၁၅ မိနစ်ကြာပြီးတဲ့အခါ ရေအေးနဲ့ ဆေးချလို့ရပါပြီ။ နှစ်ရက်တစ်ခါ ပြုလုပ်ပေးရင် သိသိသာသာ ဖြူလာပါတယ်။

၃။ သံပရိုရည်

သံပရိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရှားစောင်းလက်ပတ်ဂျယ်လီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပါ။ ရောမွှေထားတဲ့အနှစ်ကို ချိုင်းမှာ သုတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့် ထားပေးရုံပါပဲ။ အဲဒီနောက် ချိုင်းကြားကို ရေအေးနဲ့ ဆေးချလိုက်လို့ရပါပြီ။

၄။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထဲကို ရေလက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ မုန့်ဖုတ်ဆိုဒါအနှစ်ကို ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပြီး ချိုင်းတစ်ဝိုက်ကို နှံ့အောင်လိမ်းပေးပါ။ ၄ မိနစ်ခန့် ထားပြီးတဲ့အခါ ‌ရေဆေးလိုက်လို့ ရပါပြီ။ ဒီနည်းက ချိုင်းကြားအသားအရေကို ကြေးချွတ်ပေးတာဖြစ်လို့ ဖြူစင်လာစေမယ့်အပြင် ချောမွေ့လာစေဦးမှာပါ။

၅။ မီးသွေးမှုန့်

မီးသွေးမှုန့် အနည်းငယ်၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပါ။ ရလာတဲ့အနှစ်ကို ဂျိုင်းမှာသုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။ အဲဒီနောက် ရေစိုအဝတ်လေးနဲ့ သုတ်လိမ်းထားတာကို သန့်ရှင်းလို့ရသလို ရေနွေးနဲ့ဆေးချလို့လည်း ရပါတယ်။ ဒီနည်းကို တစ်ပတ်လုံး ပြုလုပ်ပေးရုံနဲ့ ရလဒ်က သိလာပါတယ်။

၆။ နနွင်းနဲ့ သံပရိုသီး

နနွင်းလက်ဖက်ရည်ဇွန်း ၂ ဇွန်းထဲကို သံပရိုသီးတစ်လုံးအရည်ညှစ်ထည့်ပါ။ ရလာတဲ့အနှစ်ကို ချိုင်းတစ်ပြင်လုံးမှာ နှံ့စပ်အောင် သုတ်လိမ်းပါ။ မိနစ် ၃၀ ခန့် ထားပြီးတဲ့အခါ ရေဆေးလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments