တခါတုန်းက ခရီးသွားတစုဟာ ရွက်လှေကြီး တစင်းနဲ့ ပင်လည်ပြင်ကို ခရီးထွက်လာ ခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ ခရီးသွားနေတုန်း မုန်တိုင်း ဝင်တိုက်တဲ့ အချိန်မှာ ခေါင်းဆောင်က ရွက်လှေရဲ့ ရွက်တွေကို ဖြုတ်ချဖို့ ပြောလိုက်တယ်။
ထိုအခါ ငယ်ရွယ်တဲ့ သဘောင်္သား တယောက်က ရွက်ရဲ့ ခေါင်တိုင်ထိပ်ကို တက်ပြီး ဖြုတ်ပစ် လိုက်တယ်။ လူငယ်ဟာ ရွက်ကို ဖြုတ်ပြီးလို့ ပြန်ဆင်းမယ် လုပ်တော့ အောက်က မုန်တိုင်းရဲ့ ဒဏ်ကြောင့် သင်္ဘောကြီးဟာ လူးလိမ့် ခါရမ်းနေတာ မြင်လိုက်ရတယ်။
သဘောင်္သားလေးဟာ ထိတ်လန့်ပြီး ပြန်ဆင်းဖို့ ကြောက်ရွံ့သွားတယ်။ အဲဒါနဲ့ အောက်မှာရှိတဲ့ သူ့သူငယ်ချင်းကို "ငါတော့ လိမ့်ကျတော့မယ် လုပ်ပါအုန်း" လို့ အော်ပြောတယ်။
အဲဒါနဲ့ သူ့သယ်ချင်းက အောက်ကနေ "အောက်ကို မကြည့်နဲ့ သူငယ်ချင်း၊ ငုံ့ကြည့် မနေနဲ့။ အပေါ်ကိုပဲ ကြည့်ပြီး ဆင်းလာခဲ့" လို့ အားကုန် လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်း သတိပေးတဲ့ အတိုင်း သဘောင်္သားလေးဟာ အပေါ်ကိုပဲ ကြည့်ဖို့ မျက်နှာ မူထားတယ်။ ဒီတခါတော့ အောက်ငုံ့ကြည့် တုန်းက မူးဝေ ကြောက်လန့်စရာ တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်။
စိတ်လည်းငြိမ် သတ္တိတွေလည်း ရှိလာတယ်။ အဲဒီတော့မှ သဘောင်္သားလေးဟာ ရွက်တိုင်ပေါ် ကနေ သတိထားပြီး တဖြည်းဖြည်း ဆင်းလာပြီး သင်္ဘော ကုန်းပတ်ပေါ် ပြန်ရောက်သွားတယ်။
ဒီလိုပါဘဲ။ ကျန်တော်တို့ ဘဝတွေမှာ အဆင်မပြေ နိုင်တာတွေ ကျရှုံးတာတွေ မျှော်လင့်သလို ဖြစ်မလာတာ တွေကို တွေ့မြင် ကြုံတွေ့နေရတဲ့အခါမှာ ရှေ့ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ် ပါတယ်။ အားမာန်သတ္တိတွေ လျော့ကျ သွားတတ် ပါတယ်။
ငါတော့ ဒီအခြေနေက ကျော်နိုင်တော့မှာ ဟုတ်ပါဘူး၊ ကျပါပြီ၊ ရှုံးပါပြီ၊ ဒီဘဝ ဒီမျှနဲ့ဘဲ ပြီးပါပြီ ဆိုတဲ့ အားလျှော့မှုတွေ ဖြစ်တတ် ပါတယ်။
ဒီလို အားလျှော့စရာ တွေကိုပဲ ပြန်ကြည့်နေ ငုံ့ကြည့်နေ ရင်တော့ ပိုပိုပြီး အားလျော့မိ စိတ်ပျက်မိ တာက လွဲလို့ ဘာအောင်မြင်မှုမှ ရမှာ မဟုတ်ပါဘူး။
ဒီတော့ ဘယ်လို အဆင်မပြေတာ တွေနဲ့ပဲ ကြုံနေ ကြုံနေ ဒါတွေကို ပြန်ပြန် ငုံ့ကြည့်မနေပဲ ကိုယ်မျှော်လင့်ထားတဲ့ မြင့်မြင်မားမား ချမှတ်ထားတဲ့ ပန်းတိုင်ဆီ ကိုပဲ ကြည့်ပြီး သတိ ဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ Crd
0 Comments