အမှန်တကယ် ချစ်တဲ့သူ

တခါတုန်းက ကောင်မလေး တယောက် ရှိတယ်။ သူမက အမြဲတမ်း သူ့ချစ်သူ သူဌေးလေး အကြောင်း သူငယ်ချင်းတွေကို ဂုဏ်ယူစွာ ပြောတတ် တာပေါ့။

"နင်သိလား ငါ့ကိုကိုရဲ့ ကုမ္ပဏီက တရက် အမြတ်အစွန်း သိန်း ၂၀၀၊ ၃၀၀ အထက်မှာပဲ ငါတို့ တွဲလာတာ ခုဆို ၁ နှစ် ကျော်ပြီ။ သူက ငါ့ကို ချစ်တယ် လို့ အမြဲပြောတာ အဲ့စကားနဲ့တင် ငါက တနေ့တနေ့ အမော ပြေနေတာပေါ့"

သိပ်မကြာပါဘူး ကောင်မလေးက ရုတ်တရက် ရုံးဝန်ထမ်း ကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ထပ်သွားတယ်။ သူဌေးလေး ဖြစ်သူက အရမ်းကို ဒေါသတွေ ထွက်နေခဲ့တာပေါ့။ သူ့လို အဆင့်နဲ့ ရည်းစား ဖြစ်ပြီးမှ ဘာမှမဟုတ်တဲ့ ကောင်နဲ့ ယူသွားလို့ဆိုပြီး။

တနေ့မှာတော့ ကောင်မလေးနဲ့ ကောင်မလေး သူငယ်ချင်း တို့ ပြန်ဆုံ ကြတာပေါ့။ ပြန်ဆုံတဲ့ အချိန် သူငယ်ချင်းတွေက နားမလည်တဲ့ ပုံစံနဲ့ကောင်မလေးကို မေးခွန်း ထုတ်ကြတယ်။ မေးခွန်းတွေ ကလည်း စုံနေတာပေါ့။ ကောင်မလေးက ရီရီမောမောနဲ့ "ငါနင်တို့ကို ပြောပြမယ်။

ငါ သူဌေးလေးနဲ့ ချစ်သူ ဖြစ်တဲ့ အချိန်မှာ ရုံးဝန်ထမ်း ကောင်လေးက လာကြိုက်တော့ ငါက အရမ်း ဒေါသ ထွက်ခဲ့တာ အမှန်ပါ။ ဒါပေမယ့်လေ Valentine day ရောက်လာတဲ့ နေ့မှာ ထုံးစံအတိုင်း တရက် ဝင်ငွေ သိန်း၂၀၀ အထက်မှာ ရှိတဲ့ သူဌေးလေးဆီက သူ့တရက် ဝင်ငွေရဲ့ ၁၀ ပုံ တပုံ ၂ သိန်းတန် ပစ္စည်းတခု မရောက်လာ ခဲ့ဘူး။ အရင် တနှစ်ကလိုပဲ message တစောင်ပဲ ပို့ခဲ့တယ်။

ရုံးဝန်ထမ်း ကောင်လေးက သူ့တလ ဝင်ငွေ ၁ သိန်းခွဲမှာ ငါလိုချင်တဲ့ cosmetic လေးနဲ့ ပန်းစည်းလေး အိမ်အထိ လာပို့ပေးတယ်။ သူ့လစာ ၃ ပုံ ၁ ပုံ နဲ့ ငါ့ကို အသိအမှတ် ပြုတယ်ဟ။ ဒါတွေပဲ မဟုတ်ပါဘူး။

ငါ သင်တန်းက အပြန် အကောင်းစား ကား စီးပြီး နေပူပူ မိုးရွာရွာ ကားထဲမှာ ဆောင်းရာသီ အမြဲရောက်နေတဲ့ သူက ငါ့ကို တပတ် တခါတောင် သင်တန်း လာမကြိုခဲ့ဘူး။

ရုံးဝန်ထမ်း ကောင်လေးက နေပူပူ မိုးရွာရွာ ထီးလေးတချောင်နဲ့ အံတုပြီး သူ့ရုံးကနေ ငါ့သင်တန်းကို လူတန်းစား မရွေးတဲ့ ဘတ်စ်ကား စီးပြီး အမြဲလာကြို အိမ်ပို့ပေးတယ်။ တယောက်ထဲ အိမ်ပြန်ရမှာထက် စာရင် ဘေးနားမှာ လူတယောက် ရှိတော့ အားကိုးစရာ တခုလို့ ခံစားရ တာတော့ အမှန်ပဲ။

မိန်းမတွေရဲ့ အိပ်မက်က ပိုက်ဆံရှိတဲ့ သူနဲ့ယူပြီး ဘဝကို ပူပင်မူ မရှိ ဖြတ်သန်းချင် ကြတာပါ။ ရုံးဝန်ထမ်း ကောင်လေး အပေါ်မှာ ခံစားချက် တခု ရှိလာတော့ ငါ သူဌေးလေးကို ဆုံးရှုံးရမှာ ကြောက်လာတယ်။

အဲ့ဒါနဲ့ ငါ သူဌေးလေးကို စကားတခု မေးကြည့်မိတယ်။ ငါတို့ဘယ်ချိန်လောက် လက်ထပ်ကြမလဲလို့။ အဲ့ချိန်မှာ ငါ့ကို ပြန်ဖြေတဲ့ အဖြေက စောပါသေးတယ်တဲ့။

ပိုက်ဆံ ရှိတဲ့သူနဲ့ ကြိုက်ရတာ နာမည်သာ ရှိတာ ဘာများ အကျိုးအမြတ် ရခဲ့လဲ။ အခါအခါ တွေးမိတာ အမှန်ပဲ။ အလွန်ဆုံး ဆိုင်ကောင်းကောင်းမှာ ၂ ယောက် တူတူ အစားအသောက် ထိုင်စား ရတဲ့ အစားတလုပ်လောက် ကိုတော့ ငါ မက်မော နေစရာ အကြောင်း မရှိဘူး။

ငါ ရုံးဝန်ထမ်း ကောင်လေးကိုလည်း ထပ်တူ မေးခွန်း မေးခဲ့တယ်။ တကယ်လို့ ကျွန်မကသာ ရှင့်အချစ်ကို လက်ခံရင် ဘယ်တော့လောက် မိသားဖသားပီပီ တောင်းရမ်းယူမှာလဲ လို့။

အဲ့တော့ သူဖြေတာက သူ့ကို အချိန် တနှစ်ပဲ ပေးပါ တဲ့။ မင်္ဂလာဆောင်တဲ့ အချိန် ခမ်းခမ်းနားနား မဟုတ်တောင် တင့်တင့်တယ်တယ်လေး သူဆောင်ပေး ချင်တယ်တဲ့။

ငါက ၆ လ ပဲ စောင့်ပေးခဲ့တယ်။ ငါ ကုမ္ပဏီ တခုမှာ ၆ လ အလုပ် ဝင်လုပ်ပြီး ပိုက်ဆံ တူတူ စုကြတယ်။ သူနဲ့ တူတူ ရှိတဲ့ အချိန်တွေတိုင်း ငါက နတ်သမီး တပါးလိုပဲ ခံစားရတယ်။ သူဌေးလေးနဲ့ တွဲတုန်းက ကိုယ့်ဘာသာ ကျွန်တယောက်လိုပဲ။

ပိုက်ဆံဆိုတာ နေရာ တကာတိုင်း အရေးမပါဘူး ဆိုတာ ငါနားလည် လာတယ်။ အနီရောင် ကော်ဇော အထပ်ထပ်နဲ့ လူအများရှေ့မှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ အိမ်မက် အကြီးကြီး မက်ခဲ့ဖူးတယ်။ အဲ့အိမ်မက် တခုအတွက်နဲ့ လက်တွေ့ကို ငါ လဲလှယ်ဖို့ လောက်ထိ ငါ မမိုက်မဲပါဘူး။

အခုလည်း ဘုန်းတော်ကြီး ၅ ပါး ရှေ့မှာ လက်အုပ်ချီပြီး ကိုယ့်ကို တကယ် ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ရတာ အရမ်း ပျော်ရွှင်ခဲ့ရတာ အမှန်ပဲ။ သူဌေးလေးက ငါသူနဲ့ လမ်းခွဲတဲ့ အချိန်မှာ သူ့လို လူတယောက်ဆီ ငါမဖြစ်မနေ ပြန်လာမယ် ထင်နေတာ။ လူတော့ ပြန်မရောက်ဘူး မင်္ဂလာဖိတ်စာတော့ ရောက်အောင် ပို့လိုက်တယ်။

အဲ့ဖိတ်စာ အတွက် အံ့အားသင့်တာ ငါလက်ခံ နိုင်ပါတယ်။ ငါ့မင်္ဂလာဆောင် မလာတာလဲ ပိုကောင်းတယ် ဆိုပေမယ့် ၂ နှစ် နီးပါး တွဲလာတဲ့ သူနဲ့ ချစ်လာတဲ့ ကောင်မလေး တယောက် မင်္ဂလာဆောင်ကို အသိအမှတ်ပြုတာ တခုတောင် မရောက်လာဘူး။ ၅ ထောင်တန် တရွက်တောင် အသိအမှတ် မပြုနိုင်တဲ့ သူဌေးက ငါ့အတွက်တော့ ဆင်းရဲတဲ့ သူတယောက်နဲ့ ဘာမှ မကွာဘူးလေ။

လူတယောက်က ချမ်းသာတာ ကိုယ့်အတွက် ဘာတခုမှ အကျိုးမပြုရင် သူဟာ ကိုယ့်အတွက် ဆင်းရဲသူပါပဲ။ လူတယောက်က ထမင်း တပန်းကန်စာ ချမ်းသာလို့ ကိုယ့်ကို တဝက် ခွဲကျွေးရင် သူက ကိုယ့်အတွက် အရမ်း ချမ်းသာတဲ့သူ ဆိုတာ ငါ နားလည်လိုက်လို့ ငါအခုလို ဆုံးဖြတ်လိုက်တာပါ" Crd

Post a Comment

0 Comments