တခါက တောအုပ် တခုရဲ့ အလယ်က စမ်းရေအိုင် တအိုင်မှာ ခြင်္သေ့ တကောင်နဲ့ တောဝက် တကောင် ရေသောက် ဆင်းလာရင်း ဆုံတွေ့ ကြပါတယ်။
ခြင်္သေ့က သူဟာ တောဘုရင်မို့ အရင် ရေဆင်း သောက်သင့်တယ် လို့ ပြောပါတယ်။
တောဝက် ကလည်း သူ့ကို ဦးစား ပေးသင့်ကြောင်း ပြန်ပြော ပါတယ်။
အဲဒီ နေရာ မှာတင် သူအရင် ဆင်းသောက် သင့်တယ်၊ ငါအရင် ဆင်းသောက် သင့်တယ် နဲ့ ငြင်းခုံရင်း မကြာခင် သတ်ပုတ် ကြတော့မယ့် အခြေအနေ တခု ဖြစ်လာ ပါတယ်။
ခြင်္သေ့နဲ့ တောဝက်ဟာ အချင်းချင်း ရန်စောင် နေတာ နဲ့တင် ဘေးပတ်ဝန်းကျင်ကို သတိ မထားမိ ကြပါဘူး။
အဲဒီ အချိန်မှာပဲ လင်းတ တကောင်ဟာ ခြင်္သေ့နဲ့ တောဝက်တို့ ရန်ဖြစ် ကိုက်ဖြတ်တဲ့ အခါ ရှုံးနိမ့် သေဆုံး သွားမယ့် အကောင်ကို စားဖို့ရာ အနီးဝန်းကျင်က သစ်ပင်ပေါ် မှာ အဆင်သင့် စောင့်ဆိုင်း နေပါတယ်။
နောက်တော့မှ ခြင်္သေ့နဲ့ တောဝက် တို့ဟာ သူတို့ အချင်းချင်း သတ်ပုတ်မယ့် အချိန်ကို စောင့်နေတဲ့ လင်းတကို သတိထား မိပြီး သံဝေဂ ရကြ ပါတော့တယ်။
ထိုနောက်မှာတော့ ခြင်္သေ့နဲ့ တောဝက်တို့ဟာ အချင်းချင်း နားလည်မှု ရယူပြီး အတူတကွ ရေသောက်ကြ ပါတော့တယ်။
ကျွန်တော်တို့ တွေလည်း တခါတရံမှာ ဘာမှ မဟုတ်တဲ့ ကိစ္စလေး အတွက်နဲ့ ရန်ဖြစ်ခြင်းဟာ တခြားသော မလိုသူတွေ အတွက် အခွင့်ကောင်း ဖြစ်စေ ပါတယ်။
ဒါကြောင့် ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေ အတွက်နဲ့ အချိန်ကုန်ခံ ရန်ဖြစ် မနေသင့်ပဲ အချင်းချင်း နားလည်မှု ယူလိုက်တာ အကောင်းဆုံး ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ဒီအကြောင်း အရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments