ပဲစေ့ တစေ့

တခါက မျောက်တကောင်ဟာ ပဲစေ့တွေကို လက်နှစ်ဖက်နဲ့ အပြည့် ဆုပ်ကိုင် ယူလာတဲ့ အခါမှာ ပဲစေ့လေး တစေ့ဟာ လက်ထဲက ထွက်ကျ သွားတယ်။

အဲ့ဒီ ကျသွားတဲ့ ပဲစေ့လေးကို သူ လိုက်ကောက်တော့ နောက်ထပ် ငါးစေ့လောက် ထပ် ထွက်ကျ သွားတယ်။

အဲ့ဒီ ပဲစေ့ ငါးစေ့ကို ထပ်ကောက်ပြန်တော့ နောက်ထပ် ပဲစေ့ အစေ့ နှစ်ဆယ်လောက် ထပ်ကျသွား ပြန်တယ်။

အဲ့ဒီလို လိုက်ကောက် ထွက်ကျ၊ လိုက်ကောက် ထွက်ကျ နဲ့ နောက်ဆုံး မျောက်ကြီးဟာ စိတ်တိုပြီး ပဲစေ့ အားလုံးကို လွင့်ပစ်ပြီး ထွက်ပြေးသွား ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။

အသေးအဖွဲကို လိုက်ရှင်းရင်း မနိုင်မနင်း ဖြစ်ပြီး အလုပ်တခုလုံး ပျက်သွား ရသူတွေ အများကြီး ရှိကြပါတယ်။

ဒါ့ကြောင့် ဒီ အဖြစ်အပျက်လေးကို သင်ခန်းစာ ယူပြီး ပဲစေ့ တစေ့လောက်နဲ့ ပြီးမယ့် ကိစ္စတွေ အတွက်နဲ့ နောက်ထပ် ပဲစေ့တွေကို အဆုံးရှုံး မခံပါနဲ့။

လောကမှာ သင့်တင့် လျောက်ပတ်တဲ့ အောင်မြင်မှု ရရှိဖို့ အတွက် အချို့သော အရာများကို မိမိတို့ ကောင်းတယ်၊ မှန်တယ်၊ သင့်တော်တယ်၊ မိမိ အတွက်လည်း အကျိုး ဖြစ်ထွန်းမယ် ဆိုရင်

အဲ့ဒီ အနေအထား အတိုင်း တည်တည် ငြိမ်ငြိမ်နဲ့ ပြဿနာ ဖြေရှင်းတာက အမှန်ဆုံး နည်းလမ်းပဲ ဖြစ်တယ်။

Phoomyatchel

Zawgyi

ပဲေစ့ တေစ့

တခါက ေမ်ာက္တေကာင္ဟာ ပဲေစ့ေတြကို လက္ႏွစ္ဖက္နဲ႔ အျပည့္ ဆုပ္ကိုင္ ယူလာတဲ့ အခါမွာ ပဲေစ့ေလး တေစ့ဟာ လက္ထဲက ထြက္က် သြားတယ္။ အဲ့ဒီ က်သြားတဲ့ ပဲေစ့ေလးကို သူ လိုက္ေကာက္ေတာ့ ေနာက္ထပ္ ငါးေစ့ေလာက္ ထပ္ ထြက္က် သြားတယ္။

အဲ့ဒီ ပဲေစ့ ငါးေစ့ကို ထပ္ေကာက္ျပန္ေတာ့ ေနာက္ထပ္ ပဲေစ့ အေစ့ ႏွစ္ဆယ္ေလာက္ ထပ္က်သြား ျပန္တယ္။ အဲ့ဒီလို လိုက္ေကာက္ ထြက္က်၊ လိုက္ေကာက္ ထြက္က် နဲ႔ ေနာက္ဆုံး ေမ်ာက္ႀကီးဟာ စိတ္တိုၿပီး ပဲေစ့ အားလုံးကို လြင့္ပစ္ၿပီး ထြက္ေျပးသြား ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ အေသးအဖြဲကို လိုက္ရွင္းရင္း မႏိုင္မနင္း ျဖစ္ၿပီး အလုပ္တခုလုံး ပ်က္သြား ရသူေတြ အမ်ားႀကီး ရွိၾကပါတယ္။ ဒါ့ေၾကာင့္ ဒီ အျဖစ္အပ်က္ေလးကို သင္ခန္းစာ ယူၿပီး ပဲေစ့ တေစ့ေလာက္နဲ႔ ၿပီးမယ့္ ကိစၥေတြ အတြက္နဲ႔ ေနာက္ထပ္ ပဲေစ့ေတြကို အဆုံးရႈံး မခံပါနဲ႔။

ေလာကမွာ သင့္တင့္ ေလ်ာက္ပတ္တဲ့ ေအာင္ျမင္မႈ ရရွိဖို႔ အတြက္ အခ်ိဳ႕ေသာ အရာမ်ားကို မိမိတို႔ ေကာင္းတယ္၊ မွန္တယ္၊ သင့္ေတာ္တယ္၊ မိမိ အတြက္လည္း အက်ိဳး ျဖစ္ထြန္းမယ္ ဆိုရင္ အဲ့ဒီ အေနအထား အတိုင္း တည္တည္ ၿငိမ္ၿငိမ္နဲ႔ ျပႆနာ ေျဖရွင္းတာက အမွန္ဆုံး နည္းလမ္းပဲ ျဖစ္တယ္။

Phoomyatchel

Post a Comment

0 Comments