ဆရာတော် ဦးနန္ဒိမာ မြစ်ကြီးနား ကနေ မုံရွာ၊ မန္တလေးဘက် ခရီး သွားစရာ ရှိ၍ ကားလက်မှတ် ဖြတ်ထား ခဲ့သည်။ တိုက်ဆိုင်မှုကြောင့်လား မပြောတတ် ဆရာတော် ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ်၊ တဆယ် နောက်က ထိုင်ခုံ နံပါတ်သာ ရလေ့ ရှိသည်။
ဒါကို ဆရာတော် မကျေနပ်ချင် သံဃာခုံလို့ သတ်မှတ်ထားတဲ့ ရှေ့ခုံတန်းမှာ အမျိုးသမီး ငယ်ငယ် ချောချောလေးတွေ ထိုင်နေပြီး မိမိက တဆယ်နောက်မှာ ထိုင်ရလေ့ ရှိတာလည်း သတိထား မိသည်။
လမ်းက စောင့်စီးမည်ဟု ကြိုတင် မှာကြားထား သဖြင့် ကားလာချိန်ကို စောင့်ဆိုင်းနေ လိုက်သည်။ မိနစ် နှစ်ဆယ်ခန့် စောင့်လိုက်ရပြီး ဆရာတော် စီးမည့်ကား ဆိုက်လာသည်။
အထုပ်အပိုးနှင့် စောင့်နေသည်က ဦးနန္ဒိမာ တပါးသာ ကားစပယ်ယာက ဆရာတော်ကို ကျော်ပြီး ခရီးသည် နာမည် အော်ခေါ်လိုက် သည်က "မုံရွာလိုက်မယ့် လမ်းကြုံ ခရီးသည် ခုံနံပါတ် တစ်၊ မသီတာ ရှိလားခင်ဗျား"
မသီတာကား ထွက်မလာ။ ဦးနန္ဒိမာသာ အထုတ် ဆွဲပြီး ကားပေါ် တက်လာသည်။ "ဆရာတော် ဘယ်ကြွမှာလဲ ဘုရား။ တပည့်တော်တို့ ကားမှာ ခုံပို မရှိတော့ဘူး။ လမ်းကြုံ ခရီးသည် တင်ရမှာ မို့ပါ ဘုရား"
"လမ်းကြုံ ခရီးသည် ခုံနံပါတ်တစ် မသီတာ ဆိုတာ ငါပဲကွ"
"ဟာ ဆရာတော်က ဘာလို့ မိန်းကလေး နာမည်နဲ့ ဖြတ်ထားတာလဲ ဘုရား"
"မင်းတို့ ကားတွေက ဆရာတော်နာမည်နဲ့ လက်မှတ်ဖြတ်ရင် ခုံနံပါတ်တစ် မရလို့ ဒကာမ နာမည်နဲ့ ဖြတ်ထား တာဟေ့။ ဒီတခါတော့ ခုံနံပါတ်တစ် ကနေ စီးရပြီဟ။ မာတုကာမများ အရှိန်အဝါ ကြီးပါ့ကွာ။ နာမည်လေး ပြောတာနဲ့ နံပါတ်တစ် ရသဟ"
ဆရာတော် စကားကြောင့် စပယ်ယာ၊ ဒရိုင်ဘာများ မျက်နှာ သုန်မှုန်သွားကြသည်။ ဆရာတော်က ဆက်နှိပ်ကွပ် နေသေးသည်။ "ကဲ သီတာ နေရာယူလို့ ပြီးပါပြီ မောင်းတော့ဗျား"
ခရီးသည်တွေရှေ့ အနှိပ်အကွပ် ခံလိုက်ရသည်မို့ စိတ်ဆိုး သွားရော့ထင့် ဒရိုင်ဘာက ဆောင့်ကြီး အောင့်ကြီးဖြင့် ကားစက်နှိုးကာ ဇွတ်မောင်းထွက်သည်။
ခရီးသည်များလည်း အငိုက်မိကာ ဟပ်ထိုး စိုက်ကုန် ကြသဖြင့် ကားကို ဘယ်လို မောင်းတာလဲ ဘာညာနဲ့ ကျွတ်စီ ကျွတ်စီ ဖြစ်သွားချိန် ဆရာတော် ပြောလိုက်သည်က "ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ် သီတာ ရင်တွေ တုန်လွန်းလို့ပါ" တဲ့။ Crd
Zawgyi
မသီတာ ခံုနံပါတ္ တစ္
ဆရာေတာ္ ဦးနႏၵိမာ ျမစ္ႀကီးနား ကေန မုံ႐ြာ၊ မႏၲေလးဘက္ ခရီး သြားစရာ ရွိ၍ ကားလက္မွတ္ ျဖတ္ထား ခဲ့သည္။ တိုက္ဆိုင္မႈေၾကာင့္လား မေျပာတတ္ ဆရာေတာ္ ခရီးသြားတိုင္း ေရွ႕ဆုံးခုံတန္း မရတတ္၊ တဆယ္ ေနာက္က ထိုင္ခုံ နံပါတ္သာ ရေလ့ ရွိသည္။
ဒါကို ဆရာေတာ္ မေက်နပ္ခ်င္ သံဃာခုံလို႔ သတ္မွတ္ထားတဲ့ ေရွ႕ခုံတန္းမွာ အမ်ိဳးသမီး ငယ္ငယ္ ေခ်ာေခ်ာေလးေတြ ထိုင္ေနၿပီး မိမိက တဆယ္ေနာက္မွာ ထိုင္ရေလ့ ရွိတာလည္း သတိထား မိသည္။
လမ္းက ေစာင့္စီးမည္ဟု ႀကိဳတင္ မွာၾကားထား သျဖင့္ ကားလာခ်ိန္ကို ေစာင့္ဆိုင္းေန လိုက္သည္။ မိနစ္ ႏွစ္ဆယ္ခန႔္ ေစာင့္လိုက္ရၿပီး ဆရာေတာ္ စီးမည့္ကား ဆိုက္လာသည္။
အထုပ္အပိုးႏွင့္ ေစာင့္ေနသည္က ဦးနႏၵိမာ တပါးသာ ကားစပယ္ယာက ဆရာေတာ္ကို ေက်ာ္ၿပီး ခရီးသည္ နာမည္ ေအာ္ေခၚလိုက္ သည္က "မုံ႐ြာလိုက္မယ့္ လမ္းႀကဳံ ခရီးသည္ ခုံနံပါတ္ တစ္၊ မသီတာ ရွိလားခင္ဗ်ား"
မသီတာကား ထြက္မလာ။ ဦးနႏၵိမာသာ အထုတ္ ဆြဲၿပီး ကားေပၚ တက္လာသည္။ "ဆရာေတာ္ ဘယ္ႂကြမွာလဲ ဘုရား။ တပည့္ေတာ္တို႔ ကားမွာ ခုံပို မရွိေတာ့ဘူး။ လမ္းႀကဳံ ခရီးသည္ တင္ရမွာ မို႔ပါ ဘုရား"
"လမ္းႀကဳံ ခရီးသည္ ခုံနံပါတ္တစ္ မသီတာ ဆိုတာ ငါပဲကြ"
"ဟာ ဆရာေတာ္က ဘာလို႔ မိန္းကေလး နာမည္နဲ႔ ျဖတ္ထားတာလဲ ဘုရား"
"မင္းတို႔ ကားေတြက ဆရာေတာ္နာမည္နဲ႔ လက္မွတ္ျဖတ္ရင္ ခုံနံပါတ္တစ္ မရလို႔ ဒကာမ နာမည္နဲ႔ ျဖတ္ထား တာေဟ့။ ဒီတခါေတာ့ ခုံနံပါတ္တစ္ ကေန စီးရၿပီဟ။ မာတုကာမမ်ား အရွိန္အဝါ ႀကီးပါ့ကြာ။ နာမည္ေလး ေျပာတာနဲ႔ နံပါတ္တစ္ ရသဟ"
ဆရာေတာ္ စကားေၾကာင့္ စပယ္ယာ၊ ဒ႐ိုင္ဘာမ်ား မ်က္ႏွာ သုန္မႈန္သြားၾကသည္။ ဆရာေတာ္က ဆက္ႏွိပ္ကြပ္ ေနေသးသည္။ "ကဲ သီတာ ေနရာယူလို႔ ၿပီးပါၿပီ ေမာင္းေတာ့ဗ်ား"
ခရီးသည္ေတြေရွ႕ အႏွိပ္အကြပ္ ခံလိုက္ရသည္မို႔ စိတ္ဆိုး သြားေရာ့ထင့္ ဒ႐ိုင္ဘာက ေဆာင့္ႀကီး ေအာင့္ႀကီးျဖင့္ ကားစက္ႏႈိးကာ ဇြတ္ေမာင္းထြက္သည္။
ခရီးသည္မ်ားလည္း အငိုက္မိကာ ဟပ္ထိုး စိုက္ကုန္ ၾကသျဖင့္ ကားကို ဘယ္လို ေမာင္းတာလဲ ဘာညာနဲ႔ ကြၽတ္စီ ကြၽတ္စီ ျဖစ္သြားခ်ိန္ ဆရာေတာ္ ေျပာလိုက္သည္က "ေျဖးေျဖးေမာင္းပါ ဒ႐ိုင္ဘာရယ္ သီတာ ရင္ေတြ တုန္လြန္းလို႔ပါ" တဲ့။ Crd
0 Comments