ဘာမှမလုပ်ပဲ နေချင်သူ
တခါက ကျီးကန်း တကောင်ဟာ သစ်ကိုင်း ပေါ်မှာ တနေ့လုံး နားနား နေနေ နေနေပါတယ်။
ကျီးကန်းဟာ ဘာအလုပ် မှလည်း မယ်မယ် ရရ မရှိပါဘူး။
အဲ့ဒီ ကျီးကန်းကို ကြည့်ပြီး သစ်ပင် အောက်က ယုန်ကလေးဟာ အားကျ နေခဲ့ တာပေါ့။
တနေ့မှာတော့ ကျီးကန်းကို ယုန်ကလေးက "ကျုပ်လည်း ဘာမှ မလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တနေ့လုံး ထိုင်နေချင် လိုက်တာဗျာ" လို့ ပြောတယ်။
ထိုအခါ ကျီးကန်းက "ထိုင်လေ၊ မင်းလည်း သစ်ပင် အောက်မှာ တနေကုန် နားနား နေနေ နေပေါ့" လို့ ပြန်ပြော ပါတယ်။
အဲဒါနဲ့ ယုန်ကလေးလည်း ကျီးကန်း နားနေတဲ့ သစ်ကိုင်း အောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေ လိုက်တယ်။
အဲဒီလို နေကြပြီးတဲ့ အချိန် ဘာမှ မကြာ လိုက်ပါဘူး၊ မြေခွေး တကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်းစား သွားပါ လေရော။
သင်ခန်းစာ။ ။ ဘာမှ မလုပ်ဘဲ တနေ့လုံး ထိုင်နေဖို့ ဆိုရင် အလွန့် အလွန် မြင့်တဲ့ အခြေအနေမှာ ရှိမှ ရပါလိမ့်မယ်။ Crd
Zawgyi
ဘာမှမလုပ်ပဲ နေချင်သူ
Post a Comment
0 Comments