စားသောက်စရာတွေအတွက် ရေခဲသေတ္တာက မရှိမဖြစ် အရေးပါတဲ့ အိမ်သုံးပစ္စည်းပါပဲ။ စားစရာတွေကို ကြာရှည်ခံဖို့အတွက် ရေခဲသေတ္တာက အများကြီး ကူညီပေးပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုလည်း ရေခဲသေတ္တာထဲကို မထည့်သင့်ပါဘူး။
၁။ ဥများ
ဘဲဥ၊ ကြက်ဉ၊ ငုံးဉ စတဲ့ ဥအမျိုးမျိုးကို ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ မရပါဘူး။ အပူချိန်က မြန်မြန်ကျဆင်းသွားတာကြောင့် ကြက်ဥအကာနဲ့အနှစ်က ကျယ်ပြန့်လာပြီး အခွံကို ပေါက်ထွက်လာပါတယ်။ ကြက်ဥကို အအေးခံမယ်ဆိုရင် အခွံကိုခွဲပြီး အကာနဲ့ အနှစ်ကို ရေခဲခွက်ထဲမှာ ထည့်နိုင်ပါတယ်။
၂။ အသား၊ ငါး
ရေခဲ လုံးဝမရိုက်ထားတဲ့ လတ်ဆတ်တဲ့ အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်။ ဒါပေမယ့် အအေးခန်းတွေထဲမှာ ရေခဲရိုက်ပြီးသား အသားတွေကို မစားဖြစ်သေးဘဲ ရေခဲသေတ္တာထဲထည့်လိုက်ရင် အသားနဲ့ငါးရဲ့အရသာတွေ လျော့သွားပါတယ်။
၃။ ကြော်ထားတဲ့ အသားများ
စူပါမားကတ်နဲ့ ကြက်ကြော်ဆိုင်တွေက ဝယ်လာတဲ့ အသားကြော်တွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းလို့ ရပါတယ်။ ဒါပေမယ့် အိမ်မှာ ကြော်ထားတဲ့ အသားတွေကိုတော့ ရေခဲသေတ္တာထဲထည့်လိုက်ရင် စိုပြီး ရော့ရွဲရွဲ ဖြစ်သွားပါတယ်။ အရသာလည်း လျော့သွားပါတယ်။
၄။ နို့ထွက်အစားအစာများ
ဒိန်ချဉ်တွေကို ရေခဲသေတ္ထာထဲကို ထည့်လိုက်ရင် အရာသာက ပိုချဉ်သွားပါတယ်။ ပြီးတော့ ဒိန်ချဉ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကလည်း ရေခဲသေတ္တာထဲ ထည့်လိုက်ရင် သေသွားပါတယ်။ ချိစ်တွေကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင် လျှာပေါ်မှာ ထိတွေ့ခံစားရတဲ့ အနေအထားက ပြောင်းသွားပါတယ်။ Cheddar cheese သို့မဟုတ် parmesan တို့ကို ရေခဲသေတ္ထာထဲမှာ အပူချိန်နည်းနည်းနဲ့ ထည့်ထားရင် ရပါတယ်။
၅။ အသီးများ
အချို့အသီးအရွက်တွေကို ရေခဲသေတ္ထာထဲကို ထည့်လို့ရပေမယ့် အချို့အသီးအရွက်တွေကတော့ ရေခဲသေတ္ထာထဲ ထည့်ပြီးမှ အရသာ မရှိတော့ပါဘူး။ သခွားသီး၊ ဖရဲသီးနဲ့ လိမ္မော်သီးတို့လို ရေဓာတ်ကြွယ်ဝတဲ့အသီးတွေကို ရေခဲသေတ္တာထဲ ထည့်လိုက်ရင် မူရင်းအရသာကို မရတော့ပါဘူး။ အာလူးတွေကို ပြုတ်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် ၃ လအထိ ကြာရှည်ခံပါတယ်။ ထောပတ်သီးက အပူချိန်နိမ့်တာကို မကြိုက်ပါဘူး။ ရေခဲသေတ္ထာထဲထားရင် ကျိချွဲလာပါတယ်။
၆။ အရွက်များ
အချို့အရွက်တွေက ရေခဲသေတ္တာထဲကို ထည့်လိုက်ရင် ရေဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ဆလပ်ရွက်တွေကို ရေခဲသေတ္တာထဲ အကြာကြီး သိမ်းထားရင် သူ့ထဲမှာပါတဲ့ရေဓာတ်တွေ လျော့သွားပြီး အရောင်နဲ့ပုံစံ မလှတော့ပါဘူး။ အလှဆင်ဖို့ထားတဲ့ အရွက်တွေဆိုရင် ရေခဲသေတ္တာထဲမှာ မသိမ်းသင့်ဘဲ ရေစိမ်တဲ့နည်းကို သုံးနိုင်ပါတယ်။
၇။ Pasta
ချက်ပြီးသား Pasta ကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင် အရည်တွေကျဲလာပါတယ်။ ချက်ပြီးသား ထမင်းကိုလည်း ရေခဲသေတ္တာထဲ ထည့်ပြီးမှ စားရင် အရသာက မကောင်းတော့ပါဘူး။
၈။ ကိတ်နဲ့ ကွတ်ကီး
အချို့မု့န်တွေက အပူချိန်နိမ့်နိမ့်မှာ ထားရင် စားလို့ကောင်းပါတဘ်။ ကိတ်နဲ့ကွတ်ကီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားရင် မာပြီး စားလို့မကောင်းတော့ပါဘူး။
၉။ ဆော့စ်၊ မယောနိစ်
ဆော့စ်နဲ့ မယောနိစ်တွေကို အများကြီးဝယ်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် သူ့အရသာက အရမ်းပျော့သွားတတ်သလို ဝါးမရအောင် မာသွားတတ်တာလည်း ရှိပါတယ်။
lovemedia
0 Comments