မလွှတ်ချတတ်သူ

သမီးလေး တယောက်ဟာ သူ့ဖခင်နဲ့ အတူ တံတားလေး တခုကို ဖြတ်ကူး ကြတော့မယ့် အချိန်မှာပေါ့။

ဖခင်ဖြစ်သူဟာ သူ့သမီးလေး ကြောက်မှာ စိုးတာနဲ့ "သမီးလေး ဖေဖေ့ လက်ကို ကိုင်ထား၊ ဒါမှ ချော် မကျမှာ" လို့ ပြောတယ်။

အဲဒီ့မှာ သမီးလေးက "မကိုင်ဘူး ဖေဖေ၊ ဖေဖေပဲ သမီးလက်ကို ကိုင်ထား ပေးပါ" လို့ ပြန်ပြောတယ်။

ဖခင်လုပ်သူက နည်းနည်း စဉ်းစားရ ကြပ်သွား ပြီးတော့ "ဒါက ဘာများ ကွာမှာ မို့လို့လဲ သမီးရဲ့" လို့ မေးလိုက်တယ်။

အဲ့ဒီတော့ သမီးဖြစ်သူက အခုလို ပြန်ဖြေ လိုက်ပါတယ်။

"အကြီးကြီးကို ကွာတာပေါ့ ဖေဖေရယ်၊ သမီးသာ ဖေဖေ့လက်ကို ကိုင်ထားရင် တခုခု ဖြစ်တာနဲ့ ကြောက်လန့်ပြီး လွှတ်ရင် လွှတ်ချမိမှာ။

တကယ်လို့ ဖေဖေသာ သမီးလက်ကို ကိုင်ထားရင် ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် သမီးရဲ့ လက်ကို လွှတ်မှာ မဟုတ်ဘူး ဆိုတာ သမီး သေချာ သိလို့ပါ ဖေဖေ" တဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။

ဘဝမှာ အခက်အခဲ၊ အတားအဆီး၊ အန္တာရယ်တွေ ကြုံတွေ့လာတဲ့ အချိန်မှာ သားသမီးတွေက မိဘတွေရဲ့ လက်ကို လွှတ်ချတတ် ကြပေမယ့်

မိဘတွေ ကတော့ သားသမီးတွေရဲ့ လက်ကို ဘယ်တော့မှာ လွှတ်ချမှာ မဟုတ်ပါဘူး။ Crd

Zawgyi

မလႊတ္ခ်တတ္သူ

သမီးေလး တေယာက္ဟာ သူ႔ဖခင္နဲ႔ အတူ တံတားေလး တခုကို ျဖတ္ကူး ၾကေတာ့မယ့္ အခ်ိန္မွာေပါ့။ ဖခင္ ျဖစ္သူဟာ သူ႔သမီးေလး ေၾကာက္မွာ စိုးတာနဲ႔ "သမီးေလး ေဖေဖ့ လက္ကို ကိုင္ထား၊ ဒါမွ ေခ်ာ္ မက်မွာ" လို႔ ေျပာတယ္။

အဲဒီမွာ သမီးေလးက "မကိုင္ဘူး ေဖေဖ၊ ေဖေဖပဲ သမီးလက္ကို ကိုင္ထား ေပးပါ" လို႔ ျပန္ေျပာတယ္။ ဖခင္လုပ္သူက နည္းနည္း စဥ္းစားရ ၾကပ္သြား ၿပီးေတာ့ "ဒါက ဘာမ်ား ကြာမွာ မို႔လို႔လဲ သမီးရဲ႕" လို႔ ေမးလိုက္တယ္။

အဲ့ဒီေတာ့ သမီးျဖစ္သူက အခုလို ျပန္ေျဖ လိုက္ပါတယ္။ "အႀကီးႀကီးကို ကြာတာေပါ့ ေဖေဖရယ္၊ သမီးသာ ေဖေဖ့လက္ကို ကိုင္ထားရင္ တခုခု ျဖစ္တာနဲ႔ ေၾကာက္လန႔္ၿပီး လႊတ္ရင္ လႊတ္ခ်မိမွာ။

တကယ္လို႔ ေဖေဖသာ သမီးလက္ကို ကိုင္ထားရင္ ဘာေတြ ဘယ္လိုပဲ ျဖစ္ျဖစ္ သမီးရဲ႕ လက္ကို လႊတ္မွာ မဟုတ္ဘူး ဆိုတာ သမီး ေသခ်ာ သိလို႔ပါ ေဖေဖ" တဲ့။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဘဝမွာ အခက္အခဲ၊ အတားအဆီး၊ အႏၲာရယ္ေတြ ႀကဳံေတြ႕လာတဲ့ အခ်ိန္မွာ သားသမီးေတြက မိဘေတြရဲ႕ လက္ကို လႊတ္ခ်တတ္ ၾကေပမယ့္ မိဘေတြ ကေတာ့ သားသမီးေတြရဲ႕ လက္ကို ဘယ္ေတာ့မွာ လႊတ္ခ်မွာ မဟုတ္ပါဘူး။ Crd

Post a Comment

0 Comments