မနက်ခင်းအိပ်ရာထတဲ့အခါ ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားကျွတ်တာက ပုံမှန်ပါပဲ။ ဆံပင်အထူနဲ့အရှည်၊ ခေါင်းအုံးစွပ်အမျိုးအစားပေါ် မူတည်ပြီးတော့ ဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ဆံပင်က ကျွတ်သင့်တာထက် အရမ်းကျွတ်နေရင်တော့ မကောင်းပါဘူး။ သင့်ဆံပင်ကတွေ အရမ်းကျွတ်နေကြောင်း ဖော်ပြနေတဲ့အချက်တွေကို ဖော်ပြပေးပါမယ်နော်။
၁။ ဆံပင်ကို ဆွဲကြည့်ပါ။
သင်က ဆံပင်ကို ခဏခဏကိုင်ပြီး ဆွဲနေရင်လည်း ဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် တစ်ခါကျွတ်ရင် ၃ ပင်ထက် မပိုသင့်ပါဘူး။ ဆံပင်ကို အရမ်းကျွတ်နေလား သိချင်ရင် ဆံပင်ကို ဆွဲကြည့်တဲ့အခါ တစ်ထွေးကြီး ပါလာရင်တော့ ပုံမှန်မဟုတ်တဲ့ အခြေအနေပါ။
၂။ ရေချိုးခန်းထဲက ရေပြွန်ပေါက်မှာ ဆံပင်ဘယ်လောက်များများ ကျွတ်လဲဆိုတာကို သတိထားကြည့်ပါ။
ရေချိုးခန်းထဲက ရေပြွတ်ပေါက်ထဲမှာ ဆံပင်တွေတွေ့ရတာ ပုံမှန်ပါပဲ။ ခေါင်းလျှော်ရင်းနဲ့ ခေါင်းဖြီးတဲ့အခါလည်း ဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ရေချိုးခန်းကြမ်းပြင်ပေါ်မှာ ဆံပင်ကျွတ်တွေ အများကြီး တွေ့ရရင်တော့ သင့်ဆံပင်တွေ အရမ်းကျွတ်နေကြောင်း ဖော်ပြနေတာပါ။
၃။ ခေါင်းဖြီးတဲ့အခါ ကျွတ်တဲ့ဆံပင် အရေအတွက်ကို ရေတွက်ကြည့်ပါ။
ဆံပင်အရမ်းကျွတ်လား၊ မကျွတ်လား ဆိုတာကို သိရဖို့ နောက်တစ်နည်းကတော့ ခေါင်းဖြီးကြည့်တဲ့နည်းပါ။ စက္ကန့် ၆၀ လောက်ခေါင်းဖြီးတဲ့အချိန်မှာ ဆံပင် ၁၀ ပင်လောက်ကျွတ်တာက ပုံမှန်ပါပဲ။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ အထွေးလိုက်ကြီး ကျွတ်လာရင် သင့်ကျန်းမာရေးအတွက် စိုးရိမ်သင့်ပါပြီ။
၄။ ဆံပင်စည်းနည်း
ဆံပင်ကို တင်းတင်းကြပ်ကြပ် စည်းတဲ့အခါမှာလည်း ဆံပင် အရမ်းကျွတ်ပါတယ်။ ပိုနီတေးလ် ဆံပင်စည်းနည်းက ဆံပင်အရမ်းကျွတ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ အဲဒါကြောင့် ပိုနီတေးလ် မဟုတ်ဘဲ သပ်သပ်ရပ်ရပ်နဲ့ လှပတဲ့ ဆံပင်စည်းနည်းတွေကို ရွေးချယ်သင့်ပါတယ်။
၅။ ဦးရေပြား
ပုံမှန်ထက် ဆံပင်တွေ ပိုကျွတ်နေတယ်လို့ ခံစားနေရရင် ဦးရေပြားကိုလည်း ဂရုစိုက်ကြည့်သင့်ပါတယ်။ ဆံပင်က အကွက်လိုက် ကျွတ်နေရင် အမြဲတမ်းဆံပင်ပါးသွားစေမယ့် လက္ခဏာတွေထဲက တစ်ခုပါ။
၆။ ငယ်ထိပ်
ငယ်ထိပ်မှာ ဆံပင်တွေနည်းတဲ့အခါ အပြင်ထွက်ဖို့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု နည်းနေမှာပါ။ ဆံချည်မျှင်တွေကို ဖြတ်ပြီးတော့ ငယ်ထိပ်ကိုတောင် မြင်နေရပြီဆိုရင် သင့်ဆံပင်တွေ အရမ်းကျွတ်နေတဲ့ လက္ခဏာပါ။
၇။ ခေါင်းအုံး
နောက်တစ်နည်းကတော့ မနက်အိပ်ရာထတဲ့အခါ ခေါင်းအုံးပေါ်မှာ ဆံပင်ကျွတ်တွေကို ရေတွက်ကြည့်ပါ။ ချည်သားခေါင်းအုံးစွပ်နဲ့ အိပ်တဲ့အခါ မနက်အိပ်ရာထတဲ့အခါ ဆံပင် ၅ ပင်ကနေ အပင် ၂၀ အထိ ကျွတ်ပါတယ်။
ချည်သားခေါင်းအုံးစွပ်တွေက ဆံပင်က ရေဓာတ်တွေကို စုပ်ယူတာကြောင့် ဆံပင်တွေခြောက်သွေ့ပြီး ပိုကျွတ်ပါတယ်။ မနက်အိပ်ရာထချိန်မှာ ဆံပင်ကျွတ်တာ ပုံမှန်ဆိုပေမယ့် အရမ်းကျွတ်နေတယ် ဆိုရင်တော့ ကျန်းမာရေးကို ဂရုပြုသင့်ပါတယ်။
Zombie (lovemedia)
0 Comments