မုန့်ဟင်းခါးရောင်းတဲ့ ရည်းစားဟောင်း

ကလေးတဖက်နဲ့ မုန့်ဟင်းခါး ရောင်းနေတဲ့ ရည်းစားဟောင်းကို ရုတ်တရက် တွေ့လိုက်တဲ့ အခါ စိတ်မကောင်း ဖြစ်ရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။

တနေ့က သွားရင်း လာရင်း ဘီယာဆိုင် တဆိုင် ရောက်တော့ အရင် ရည်းစားဟောင်းနဲ့ ပြန်တွေ့တယ်။ တွေ့တော့လည်း သူငယ်ချင်းလို ပါပဲ။ ညီမ အဆင်ပြေလား နေကောင်းလား ဘာညာပေါ့။

သူ အဆင်မပြေ မှန်းတော့ ကျနော် သိတယ်။ ထမီကို ခပ်နွမ်းနွမ်း တီရှပ်အင်္ကျီ အပေါ်ကနေ တင်းနေအောင် ဆွဲဝတ်ပြီး ဘီယာဆိုင်ရှေ့မှာ ကလေး တွဲလောင်းနဲ့ မုန့်ဟင်းခါး ရောင်းနေ တာကိုး။

သူ့ယောက်ျား ကလည်း ရွှေတောဘက် သွားလိုက်ပြီး အဆက်သွယ်လည်း မရ၊ ပိုက်ဆံလည်း မပို့တော့ ဝမ်းရေးကို အဆင်ပြေသလို ဖြေရှင်းနေပုံ ရတယ်။

အဲဒါနဲ့ သူကလည်း သူ့အကြောင်းတွေ ပြော၊ ကိုယ်ကလည်း ကိုယ့်အကြောင်းတွေ ပြောရင်း မုန့်ဟင်းခါး တပွဲ ကုန်သွားတာတောင် မသိလိုက်ဘူး။ ပိုက်ဆံ ရှင်းမယ် လုပ်တော့ "ရတယ် အကို ညီမ ကျွေးတာပါ" တဲ့။

အဲဒါနဲ့ မပြီးသေးဘူး ဒါက အကို့အမေ အတွက် ဆိုပြီး ပါဆယ် တပွဲပါ ထပ်ထုပ်ပေး သေးတယ်။ မယူဘူးလို့ ပြောပြန်ရင်လည်း သူစိတ်မကောင်း ဖြစ်မှာစိုးလို့ ယူခဲ့လိုက် ပါတယ်။

ဒါပေမဲ့ ကျနော်သူ မသိအောင် မုန့်ဟင်းခါး ပန်းကန် အောက်မှာ တထောင်တန် တရွက် ထားပေးခဲ့ပြီး ခပ်သုတ်သုတ် ထွက်လာလိုက်တယ်။

ခဏ ကြာတော့ "ကိုကြီး" ဆိုပြီး ကျနော့် နောက်ကို သူမ ပြေးလိုက် လာတယ်။ လက်ထဲမှာလည်း အထုပ်တထုပ်နဲ့။ သူ့မျက်ဝန်းမှာလည်း မျက်ရည်စ အချို့ကို ကျနော် တွေ့နေ ရတယ်။

ကျနော့်ကို သေချာ စူးစိုက် ကြည့်ပြီး သူ့လက်ထဲက အထုပ်ကို ကျနော့် လက်တွန်းလှည်းပေါ် တင်လိုက်တယ်။

"ဘီယာဘူးခွံ တွေပါ အကို" တဲ့။ "နောက်လည်း မကြာမကြာ လာပါ" တဲ့။ "ညီမ အားတဲ့ အချိန် ဘီယာခွံတွေ ရသလောက် စုထားပေးမယ်" ဆိုပြီး ပြန်ပြေးထွက် သွားတယ်။ အကို ပြန်လာဖြစ်အုံးမှာပါ။ Crd

Zawgyi

ရည္းစားေဟာင္းရဲ႕ မုန႔္ဟင္းခါးဆိုင္

ကေလးတဖက္နဲ႔ မုန႔္ဟင္းခါး ေရာင္းေနတဲ့ ရည္းစားေဟာင္းကို ႐ုတ္တရက္ ေတြ႕လိုက္တဲ့ အခါ စိတ္မေကာင္း ျဖစ္႐ုံက လြဲလို႔ ဘာမွ မတတ္ႏိုင္ဘူး။

တေန႔က သြားရင္း လာရင္း ဘီယာဆိုင္ တဆိုင္ ေရာက္ေတာ့ အရင္ ရည္းစားေဟာင္းနဲ႔ ျပန္ေတြ႕တယ္။ ေတြ႕ေတာ့လည္း သူငယ္ခ်င္းလို ပါပဲ။ ညီမ အဆင္ေျပလား ေနေကာင္းလား ဘာညာေပါ့။ သူ အဆင္မေျပ မွန္းေတာ့ က်ေနာ္ သိတယ္။ ထမီကို ခပ္ႏြမ္းႏြမ္း တီရွပ္အက်ႌ အေပၚကေန တင္းေနေအာင္ ဆြဲဝတ္ၿပီး ဘီယာဆိုင္ေရွ႕မွာ ကေလး တြဲေလာင္းနဲ႔ မုန႔္ဟင္းခါး ေရာင္းေန တာကိုး။

သူ႔ေယာက္်ား ကလည္း ေ႐ႊေတာဘက္ သြားလိုက္ၿပီး အဆက္သြယ္လည္း မရ၊ ပိုက္ဆံလည္း မပို႔ေတာ့ ဝမ္းေရးကို အဆင္ေျပသလို ေျဖရွင္းေနပုံ ရတယ္။ အဲဒါနဲ႔ သူကလည္း သူ႔အေၾကာင္းေတြ ေျပာ၊ ကိုယ္ကလည္း ကိုယ့္အေၾကာင္းေတြ ေျပာရင္း မုန႔္ဟင္းခါး တပြဲ ကုန္သြားတာေတာင္ မသိလိုက္ဘူး။ ပိုက္ဆံ ရွင္းမယ္ လုပ္ေတာ့ "ရတယ္ အကို ညီမ ေကြၽးတာပါ" တဲ့။

အဲဒါနဲ႔ မၿပီးေသးဘူး ဒါက အကို႔အေမ အတြက္ ဆိုၿပီး ပါဆယ္ တပြဲပါ ထပ္ထုပ္ေပး ေသးတယ္။ မယူဘူးလို႔ ေျပာျပန္ရင္လည္း သူစိတ္မေကာင္း ျဖစ္မွာစိုးလို႔ ယူခဲ့လိုက္ ပါတယ္။ ဒါေပမဲ့ က်ေနာ္သူ မသိေအာင္ မုန႔္ဟင္းခါး ပန္းကန္ ေအာက္မွာ တေထာင္တန္ တ႐ြက္ ထားေပးခဲ့ၿပီး ခပ္သုတ္သုတ္ ထြက္လာလိုက္တယ္။

ခဏ ၾကာေတာ့ "ကိုႀကီး" ဆိုၿပီး က်ေနာ့္ ေနာက္ကို သူမ ေျပးလိုက္ လာတယ္။ လက္ထဲမွာလည္း အထုပ္တထုပ္နဲ႔။ သူ႔မ်က္ဝန္းမွာလည္း မ်က္ရည္စ အခ်ိဳ႕ကို က်ေနာ္ ေတြ႕ေန ရတယ္။

က်ေနာ့္ကို ေသခ်ာ စူးစိုက္ ၾကည့္ၿပီး သူ႔လက္ထဲက အထုပ္ကို က်ေနာ့္ လက္တြန္းလွည္းေပၚ တင္လိုက္တယ္။ "ဘီယာဘူးခြံေတြပါ အကို" တဲ့။ "ေနာက္လည္း မၾကာမၾကာ လာပါ" တဲ့။ "ညီမ အားတဲ့ အခ်ိန္ ဘီယာခြံေတြ ရသေလာက္ စုထားေပးမယ္" ဆိုၿပီး ျပန္ေျပးထြက္ သြားတယ္။ အကို ျပန္လာျဖစ္အုံးမွာပါ။ Crd

Post a Comment

0 Comments