ပိုက်ဆံရှာတဲ့အခါ ဒီအချက်တွေကို သိထားရပါမယ်

(၁) ပိုက်ဆံရှာရာတွင် – ပိုက်ဆံ ရှာရာတွင် ဘယ်တော့မှ ဝင်ငွေ တခုတည်း အပေါ် မရပ်တည်ပါနဲ့၊ အခြား ဒုတိယဝင်ငွေ ဝင်အောင် ရင်းနှီးထားပါ။

လူတယောက်ဟာ ဝင်ငွေ တခုတည်း အပေါ်ကို ခြေစုံပစ် ရပ်တည်နေရင် အဲဒီဝင်ငွေ ရပ်တန့်သွားတဲ့ အခါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒုတိယဝင်ငွေ အတွက် အဆင်သင့် ပြင်ထားပါ။

(၂) ပိုက်ဆံသုံးရာတွင် – သင့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါ များရင် သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရ တတ်ပါတယ်။ တချို့တွေက လူသာ မချမ်းသာတာပါ ကိုင်တဲ့ အသုံးအဆောင်တွေ ကတော့ အပျံစားတွေ ချည်းပါပဲ။

ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ် ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာ သေးဘူး ဆိုတာကို မေ့နေတတ် ကြပါတယ်။

ကိုယ်က မချမ်းသာ သေးချိန်မှာ ချမ်းသာတဲ့ သူတွေနဲ့ iPhone ပြိုင် ကိုင်တန်း သွားမကစား ပါနဲ့။ သင်ပဲ ရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့ အတွက် လိုတဲ့အခါ သုံးစရာမရှိ ဖြစ်တတ် ပါတယ်။

(၃) ပိုက်ဆံစုရာတွင် – သုံးပြီးလို့ ပိုတာကို မစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။သုံးပြီးလို့ ပိုမှ စုမယ် ဆိုရင်တော့ ဒီတသက် သင် စုဖြစ်ဖို့ မလွယ်လောက် ပါဘူး။ ပိုက်ဆံ ဝင်လာရင် အရင်ဆုံး သင်စဉ်းစားရမှာက ဘယ်လောက် စုမလဲ ဆိုတာပါပဲ။ ပြီးမှ ပိုတာကို သုံးပါ။

စု ဆိုတာ ကလည်း တသက်လုံး စုဘူးထဲမှာ အဲ့ဒီ ပိုက်ဆံကို ထားဖို့ ပြောတာ မဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်း တွေကို မြှင့်တင်ရ ပါမယ်။

အဲဒီလို လုပ်ဖို့ သင်တန်းတွေ တက်ရပါမယ်။ စာအုပ်တွေ ဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ ပိုက်ဆံ လိုပါတယ်။ အဲ့ဒိ စုငွေတွေကို သုံးနိုင်ပါတယ်။

(၄) စွန့်စားရာတွင် – ရေအတိမ်အနက်ကို ခြေ ၂ ချောင်း လုံးချပြီး မစမ်းပါနဲ့။ မစွန့်စားနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ မစွန့်စား ပဲနဲ့လည်း မအောင်မြင်နိုင် ပါဘူး။ ဒါပေမယ့် စွန့်စားရာ မှာတော့ ပါးနပ်ဖို့ လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ ပိုက်ဆံတွေ ပုံအေ လိုက်တာမျိုး မလုပ်ပါနဲ့။

(၅) ရင်းနှီးရာတွင် – ကြက်ဥတွေ အားလုံးကို ဘယ်တော့မှ ခြင်းတခုထဲ စုပြုံ မထည့်ထား ပါနဲ့။ အရင်းအနှီး လုပ်ပြီ ဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ အားလုံးကို တနေရာထဲ စုပြုံ မရင်းနှီးပါနဲ့။

လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တနေရာတည်း စုပြုံ ရင်းနှီးထားရင် ရှုံးတဲ့အခါ တပြားမှ မကျန် ဖြစ်သွားပါလိမ့်မယ်။

(၆) မျှော်လင့်ရာတွင် – ရိုးသားခြင်း ဆိုတာ ရှားပါး ဈေးကြီးတဲ့ လက်ဆောင်မွန် တခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါ လူတွေဆီက မမျှော်လင့် ပါနဲ့။ သင် ရိုးသားသလို လူတိုင်း ရိုသားမယ်လို့ ဘယ်တော့မှ အသေအချာ တွက်မထားပါနဲ့။

ရိုးသားမှု ဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကို ရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီး ပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိ ပါစေနဲ့။ motion imt

Post a Comment

0 Comments