လင်ယောကျ်ား အရောင်းဆိုင် တဆိုင် နယူးယောက် မြို့ပေါ်မှာ ဖွင့်လှစ် လိုက် ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီဆိုင်မှာ ကိုယ့်စိတ်ကြိုက် ယောကျ်ားမျိုးကို ရွေးပြီး ဝယ်နိုင် ပါတယ်။
စတိုးဆိုင်ရဲ့ အလုပ် လုပ်ပုံကို အဝင် အထွက်မှာ လမ်းညွှန် ဆိုင်းဘုတ် တွေနဲ့ ရေးပေး ထားတယ်။ အဆောက်အဦရဲ့ အဝင်ဝ မှာတော့ သတိပေးစာ ရေးထား တာက "သင် တကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။
စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ် မြင့် သွားလေလေ ရောင်းကုန် ယောကျ်ားလေး တွေရဲ့ အရည် အသွေးက မြင့် လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တထပ်က ယောကျ်ား တယောက်ကို ရွေးချယ် ဝယ်ယူနိုင် သလို မကြိုက်သေး ရင်တော့ နောက်တထပ် တက်ပြီး လေ့လာ နိုင်တာ ပေါ့။
ဒါပေမယ့် သတိထားရမှာက အထပ် တထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောကျ်ားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင် ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်း ပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေပေါ့။
အမျိုးသမီး တယောက် ဆိုင်ထဲ ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း လင်ယောကျ်ား တယောက် ဝယ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင် တံခါးမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ် ကို ဖတ်ကြည့် လိုက်တယ်။
(၁) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသား များ။ ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က (၂) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ။ တတိယထပ်ရဲ့ ဆိုင်းဘုတ်က (၃) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် သန့်ပြန့်သော အမျိုးသားများ။
ဆိုင်းဘုတ် ဖတ်ပြီး အမျိုးသမီးမှာ "ဝိုး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တထပ် ဆက်တက်ဖို့ပဲ ဆုံးဖြတ် လိုက်တယ်။ (၄) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံ မက အိမ်မှု ကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေး တတ်သော အမျိုးသားများ။
"ဟိုက်ရှားပါး ကြွေစမ်း။ ငါ့ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ် နေမိတယ်။ (၅) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေ လောက်အောင် သန့်ပြန့်ရုံ မက အိမ်မှု ကိစ္စများ ကိုပါ ဝိုင်းကူ လုပ်ပေး တတ်ပြီး သင်လိုအပ် တောင့်တနေတဲ့ Feel အပြည့်နဲ့ ခံစားမှုကို သင့်ကို အပြည့်အဝ ပေးစွမ်း နိုင်သော ယောင်္ကျား။
ဒီထက် ကောင်းတယ် ဆိုတာ တောင် ဒီလောက် ကောင်းတော့မယ် မထင်။ သူ့ရဲ အာရုံတွေက ဒီအလွှာမှာပဲ တဝဲ လည်လည် ဖြစ်နေ တော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်း တွေက နောက်တထပ် တက်ဖို့ လှေကားဘက် ကိုပဲ ဆက်ပြီး ချီတက် နေတော့ တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှု ပိုကောင်းနိုင် သေးတာပေါ့။
ဒီလိုနဲ့ ဆဋ္ဌမထပ် ကို ဆက်တက်ဖို့ ဆုံးဖြတ်ချက် ချပြီး တက်လိုက် ပါတော့တယ်။ ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ် ကတော့ (၆) လွှာ - သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (458758) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲ နိုင်တဲ့ အမျိုးသမီးတွေ အတွက် အထီးကျန်မှု တွေပဲ ရှိပါတယ်။
လင်ယောကျ်ား စတိုးဆိုင် ကို ဈေးဝယ် လာတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ် ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူး သတိပြု ပေးပါ။ နိုင်းနိုင်းစနေ
0 Comments