ဘဝဆိုတာဘာလဲ
လူချမ်းသာ တယောက်ဟာ သူ့အမှိုက်ပုံးမှာ အမှိုက်လာကောက်တဲ့ လူဆင်းရဲကို ကြည့်ပြီး ငါမဆင်းရဲသေးတာ ဘုရားကျေးဇူးလို့ ပြောတယ်။
လူဆင်းရဲက ဘေးဘီ ကြည့်လိုက်တဲ့အခါ အဝတ်မပါဘဲ ပြေးလွှားနေတဲ့ သူကို ကြည့်ပြီး ငါမရူးသေးတာ ဘုရားကျေးဇူး လို့ ပြောတယ်။
အရူးက ဖြတ်သွားတဲ့ လူနာတင်ကားကို ကြည့်ပြီး ငါ လူမမာ မဖြစ်သေးတာ ဘုရားကျေးဇူးပဲ လို့ ပြောတယ်။
ဆေးရုံပေါ်က လူမမာက တွန်းလှည်းနဲ့ တင်သွားတဲ့ လူသေအလောင်းကို ကြည့်ပြီး ငါမသေ သေးတာ ဘုရားတန်ခိုးပဲ လို့ ပြောတယ်။
ဘဝဆိုတာ ဘာလဲ။ သုံးနေရာ သွားကြည့်ရမယ်။ (၁) ဆေးရုံ (၂) ထောင် (၃) သုဿန်
ဆေးရုံမှာက ကျန်းမာရေး ဆိုတာထက် လှပတာ မရှိဘူး ဆိုတာ သိလိမ့်မယ်။ ထောင်မှာက လွတ်လပ်မှုရဲ့ တန်ဖိုးကို နားလည်မယ်။ သုဿန်မှာတော့ ဘဝမှာ မြဲတာ ဘာမှမရှိဘူး ဆိုတာ သဘောပေါက်လာမယ်။
ဒီနေ့ နင်းထားတဲ့ မြေကြီးက မနက်ဖြန်မှာ ခေါင်မိုး ဖြစ်မှာပဲ။ ဘာမှမပါဘဲ မွေးလာကြ၊ ဘာမှ မယူနိုင်ပဲ ပြန်သွားကြ။ ဘဝမှာ အသက်ရှင်တုန်း ဘာမာန်မာနမှ မထားဖို့ ဆင်ခြင်ရပါမယ်။
မွေးစတုန်းက ကလေးလေး ဆိုပြီး အချစ် ခံရတယ်။ သေသွားရင်လည်း သေရှာပြီ ဆိုပြီး ချစ်ကြတယ်။ ဒီကြားထဲမှာ လူမမုန်းအောင် နေတတ်ဖို့၊ နေတတ်အောင် နေဖို့က အရေးအကြီးဆုံးပါ။
ဘဝဆိုတာ ခရီးစဉ်တခု ပါပဲ။ တခု ခက်တာက မြေပုံ ပါမလာတာပဲ။
ကိုယ့်ဘာသာကိုယ် လမ်းရှာ၊ လမ်းဖောက် လျှောက်ကြရမယ်။ လမ်းမမှား၊ ချော်မလဲ မယိမ်းယိုင် ဖို့က အမြင်မှန် အသိမှန် ဝီရိယ မှန်ဖို့ပဲ။
Crd
Zawgyi
ဘဝဆိုတာဘာလဲ
Crd
Post a Comment
0 Comments